RB News
10.3.2013
၂၀၁၃ ခု မတ်လ ၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ
ခေတ်သစ် ရခိုင်သမိုင်းကို စရေးတဲ့နေ့လို့ ခံစားလိုက်ရပါတယ်။
ထိုင်းနိုင်ငံရောက် ရခိုင် အမျိုးသားများက ကမကထ လုပ်ပြီး ရခိုင် သမိုင်းကို
ရေးနိုင်ဘို့ စီစဉ်ခဲ့ ပါတယ်။ ရခိုင် အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊
ရိုဟင်ဂျာ များကိုတော့ ဖိတ်ကြား ခြင်း မရှိခဲ့ပါ။ ဒါပေမယ့်- ဘန်ကောက်ကို
ကျွန်တော်ရောက်ပြီး- အခမ်းအနား စီစဉ်သူကို ကြည့်တော့ ကျွန်တော့ မိတ်ဆွေ
အရင်းထက် ပိုပြီး သံယောဇဉ် ရှိတဲ့ ကိုကျော်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေ
ပါတယ်။ ကျွန်တော်လည်း ဖိတ်စာပါ ဖုံးနဲ့ ဆက်သွယ် လိုက်ပါတယ်။
ကိုကျော်သောင်းက အလုပ်များနေပြီး ဖုံးမ ကိုင်ဖြစ်ပါ။- ကိုဇော်မင်းထွန်းက
ဖုံး ကိုင်ပါတယ်။ ကျွန်တော် ကိုဌေးလွင်ဦး ဖြစ်ကြောင်း အခမ်းအနားကို
တက်ရောက်ချ င်ကြောင်း အကြောင်း ကြား ခဲ့ပါတယ်။
ကိုဇော်မင်းထွန်းတို့ တိုင်ပင်ပြီး ကျွန်တော်နဲ့ နောက်ထပ် ရိုဟင်ဂျာ
အမျိုးသားရေး လှုပ်ရှားသူ သုံးဦး တက် ရောက်ခွင့် ရခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဘက်
တစ်ဘက် ဆက်ဆံရေး တန့်နေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတို့ ထိပ်တိုက် တိုး မလား၊
သို့မဟုတ် ကျွန်တော်နဲ့ ဆရာဒေါက်တာအေးချမ်း ထိပ်တိုက်တိုးမလား- ဆိုပြီး တက်
ရောက် သူများရဲ့ မျက်နှာများ နည်းနည်း အသက်မဲ့ နေခဲ့ပါတယ်။
အပြောင်းအလဲက မြန်ဆန် လွန်းလှပါတယ်။ နာရီဝက်လောက် အတွင်းမှာ
တစ်ဘက်နဲ့တစ်ဘက် ရန်လို သူတွေ မဟုတ်ဘူး ဆိုတာကို နွေးထွေးစွာ
ခံစားမိလာခဲ့တယ်။ တစ်ယောက်-တစ်ယောက် ပြုံးပြချင် လာကြ တယ်၊ မျက်နှာက
ရပ်တန့် မာကြောနေတဲ့ အရေပြာတွေပြား ပြေလျှော့ လာခဲ့ပါတယ်။ အခမ်း အ နား မှာ
ပထမဆုံး စကား ပြောသူက ဂျက်လိုင်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး- သူ့ဘက်က ပဋိပက္ခ
သဘော တ ရား များကို ရှောင်ကြဉ်ပြောဆိုသွား ခဲ့ပါတယ်။ ပြီးတော့
မေးလိုရာများကို စာရေးပြီး မေး ခဲ့ ရပါ တယ်။ ဒုတိယမြောက် ပုဂ္ဂိုလ် စတီဗင်
ဆိုတဲ့ စကော် လာ တစ်ဦးဖြစ်ပြီး သူ့ဘက် ကလည်း ပဋိပ က္ခ ဖြစ်စေမယ့် အရာများကို
ရှောင် ဖယ်ပြောဆိုခဲ့ပါတယ်။ သူ အလှည့် ပြီးတော့ လည်း မေးလိုရာများကို
စာရေးမေး ခဲ့ရ ပါတယ်။
နောက်ဆုံး စကားပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဆရာ ဒေါက်တာ အေးချမ်းဖြစ်ပါတယ်။
အပွင့်လင်း ဆုံးပြော ရ ရင် ကျွန်တော်တို့ တွေးထင်ထား သလောက် သဘောထား
တင်းမာသူ မဟုတ်ဘဲ-၊ သူသိရာကို သူ့ဘက် က ပွင့် ပွင့် လင်းလင်း ၀ုန်းဝုန်း
ဒိုင်းဒိုင်းပြောတတ် သူဖြစ်ကြောင်း စတင် ခံစားမိပါတယ်-၊ သူသိထားတာ ဆိုတော့
ထုံးစံ အတိုင်း “ရိုဟင်ဂျာ” ဆိုတာ မရှိဘူးပေါ့၊ “ရိုဟင်ဂျာ” ဆိုတဲ့
စကားလုံးကို ၁၉၅၁ ခုနောက် ပိုင်း မှ မစ္စတာ ဂဖားရ်က ဖန်တီးခဲ့တာ ဖြစ်ကြောင်း
ရှင်းလင်း ပါတယ်။ ဆရာ စကားပြောပြီးတဲ့ အချိန်မှာ ဆရာ့ ကို မေးခွန်းတွေ
မေးပါတယ်-၊ ဒီမေးခွန်းမေးတဲ့ အထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။ ကျွန်
တော့မေး ခွန်း မတိုင်မှီ- ရဟန်း တစ်ပါးက ကုလားတန်မြစ် ဆိုတာ ဘယ်လို
အမည်တွင် လာ သ လဲ မေး တဲ့မေးခွန်းကို - ဆရာက သူဒီသမိုင်းကို မသိကြောင်း၊
ကစ္စပနဒီ ဆိုတဲ့ အမည်ကိုပဲ သိကြောင်း- သူ မသိ တာကို မသိကြောင်း ပြောဆိုရဲတဲ့
သတ္တိကို တွေ့ လိုက်ရပါတယ်။ ဒီအချိန်ထိ ကျွန်တော့မေး ခွန်း ကို ဖြေမယ်
မဖြေမယ် မသိသေးပါ။ သို့သော် သူမသိတာကို မသိ ဘူးပြောရဲတဲ့ သတ္တိ ကို
တွေ့လိုက်ရလို့ ကျွန်တော် ဆရာ့ကို လေးစား မိပါတယ်။ (ဒီတစ်ချက်နဲ့ပဲ
လေးစားမိသွားပါတယ်။)
ပြီးတော့ ကျွန်တော့မေးခွန်းကို ဖတ်ပါတယ်။ မေးခွန်းထဲမှာ ဆရာဟာ
သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ရခိုင် နယ်မှာ ၁၈၀၀ မတိုင်မှီကတည်းက
“ရိုဟင်ဂျာ”ဆိုတဲ့ အမည်နာမ ရှိခဲ့တာကို မသိပါသလား။ မသိခဲ့ရင် “---
စာမျက်နှာ၊ စာအုပ် အမည်ကို ကြည့်ပါ။”လို့ မေးထားတာပါ။ ဆရာက
အဲ့ဒီမေးခွန်းကို ဖတ်ပြီး ကျွန်တော့ကို စိန်ခေါ်ထားတဲ့ ကိုဌေးလွင်ဦးပါ-
ကျေးဇူးတင်ပါတယ်။ သူ့ကို မိုက်ကရိုဖုံးပေးလိုက်ပါလို့-၊ လှမ်းပြော လိုက်
ပါတယ်။ ကျွန်တော်က လည်း ဆရာ့ကို ကျေးဇူးတင်ကြောင်း-၊
ဆရာစာအုပ်ပေါင်းများစွာကို ဖတ် ခဲ့ပြီ ဖြစ်ပေ မယ့် ဒီစာအုပ်ကို မဖတ်မိ
သေးတာ ဖြစ်နိုင်ကြောင်း မိတ္တူကူးသွားတဲ့ စာအုပ်ကို အဆင် သင့် ထုတ်ပြီး-
စာမျက်နှာကို လှန်ပေးလိုက်ပါ တယ်။
ကျွန်တော်အလွန်အံ့သြတဲ့ စကားကို ဆရာ့ဆီက ကြားလိုက်ရပါတယ်။ အဲ့ဒါက
“ရိုဟင်ဂျာ” ဆိုတာ ကျွန်တော် တို့ ရခိုင်တွေကို ခေါ်တဲ့ အမည်ပါတဲ့။
(ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို မငြင်းတဲ့ အပြင်- ရခိုင်တွေ ကိုပင် ရိုဟင်ဂျာ
လို့ ခေါ်ကြောင်း ဆရာ့ပါးစပ်က လူထုရှေ့မှာ ပြောမယ်လို့ ကျွန်တော်
မထင်ထားပါ။) ကျွန်တော်က ဆက်လက် ပြီး သက်သေပြပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ
ဆိုတာရခိုင်ကို ခေါ်တာမဟုတ်ကြောင်း- သူတို့ရဲ့ “ရိုဟင်ဂျာ” တို့ရဲ့
ဘာသာစကားကို ဒီမှာ အတိအကျ ဖေါ်ပြထားကြောင်း- နေ၊ လ၊ ကမ္ဘာ တို့ကို
ရိုဟင်ဂျာလို့ ဘယ်လိုခေါ်တယ် ဆိုတာကို ဖေါ်ပြထားကြောင်း ဒီစကားလုံးတွေဟာ
ရခိုင်စကားလုံးတွေ မဟုတ်ကြောင်း ဆက်တိုက် ထောက်ပြ လိုက်ပါတယ်။
ဆရာဂုဏ် ဆိုတဲ့ စိတ်ဖြစ်တော့ အနည်းငယ် ခုခံဘို့ ကြိုးစားပါတယ်။ ဒါပေမယ့်
နောက်ဆုံးမှာ ဆရာ မငြင်းတော့ ဘဲ- ခင်ဗျားရဲ့ Source က Secondary ဖြစ်တယ်၊
ကျွန်တော် ပြောနေတာက primary ကို ပြောနေတာ ဆိုပြီး စကားကို အနိုင်ယူဘို့
ကြိုးစားပါတယ်။ ကျွန်တော်က နောက်တစ်အုပ်ကို ဆက် တိုက် ထုတ်ပြီး သက်သေပြမယ်
လုပ်တော့-၊ တော်ပြီ တော်ပြီ-၊ ကျွန်တော်တို့ အချိန်လောက်မှာ မဟုတ်
ဘူးဆိုပြီး ပွဲကို ရပ်လိုက်ပါတယ်။ ဆရာ့ ရဲ့ မျက်နှာမှာ ဆက်လက်ခုခံ
ငြင်းဘို့ မပြတော့ဘဲ-၊ စကားရပ် လိုက်တဲ့ သဘောကိုပဲ တွေ့ရပါတယ်။ တစ်သက် လုံး
ဆရာလုပ်လာခဲ့တဲ့ သဘောနဲ့ ဆရာဆိုတဲ့ လျှပ် တစ်ပြက် မာနအနည်းငယ်ကလွဲလို့
အမှန်တစ်ခုကို မျက်လုံးနဲ့ မြင်လိုက်ရတဲ့ အခါဆက်မငြင်းတော့တဲ့ သဘော ကိုလည်း
မြင်လိုက်ရပါတယ်။ ပရိတ်သတ်ထံမှလည်း လက်ခုပ် သံများကို ကျွန်တော် လုံးဝ
မမျှော် လင့်ဘဲ အကြီးအကျယ် ရလိုက်ပါတယ်။
ဒီနေရာမှာ ဆရာ ကိုယ်တိုင်က “ရိုဟင်ဂျာ” ဆိုတာကို ဆက်မငြင်းတော့ဘဲ-
ရိုဟင်ဂျာသည် ရခိုင် ဖြစ်သ လိုပင် ၀န်ခံ လိုကြောင်းကို တွေ့ရတဲ့ အပြင်-၊
ဘန်ကောက်ရောက် ရခိုင် အမျိုးသား လူငယ် များကလည်း အမှန် တရားကို
ကြိုက်ကြောင်း လက်ခုပ်သံ များနဲ့ သက်သေပြခဲ့ပါတယ်။
ပရိတ်သတ်ကြီးက တက်ရောက် လာတဲ့ ရိုဟင်ဂျာ များကိုလည်း ဖက်လှဲတကင်း
ညီအစ်ကိုတွေလို ပျူ ငှာ ခင်မင် သွားတာကို တွေ့လိုက် ရတယ်။ အသိုင်း
အ၀ိုင်းနှစ်ခု ဆွဲမစေ့ လိုက်ရပဲ- ၀ုန်းဒိုင်း ချစ်ခင်သွား တဲ့ ဖြစ် ရပ်က
သမိုင်း သစ်ကို တစ်ကယ်ရေး လိုက်ခြင်း ဖြစ်သွားပါတယ်။
အခမ်းအနား စီစဉ်ကြသူများ၊ တက်ရောက် လာတဲ့ ရဟန်းသံဃာ လူကြီး လူငယ်များဟာ -
လူသား ချင်း ကြား တိုင်းရင်းသား ညီနောင် ချင်းကြား ပြန်လည် သင့်မြတ်ရေးနဲ့
ချစ်ခင်ရေး ကို မျှော်လင့်ချက်တစ်ကြီး သက်သေပြနိုင် လိုက်တဲ့ သမိုင်း
စစ်စစ်ကို ရေးခဲ့နိုင်ပါပြီ။ ဒီလို အသိုင်းအ၀ိုင်းမျိုး မြန်မာနိုင်ငံ
အနှံ့ မှာ ပေါ်ပေါက် လာဘို့ပဲ လိုပါ တော့တယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
copy from http://burmese.rohingyablogger.com
No comments:
Post a Comment