Tuesday, March 12, 2013

ရဲစခန်းထဲဝင်းပြီး တာဝန်ကျအရာရှိတစ်ဦးအား စိတ်မနှံ့သူတစ်ဦးမှ လက်သီးဖြင့်ထိုးကြိတ်မှုဖြစ်ပွား

၂၀၁၃ ခုနှစ် မတ်လ (၁၂)ရက်နေ့ နံနက်(၉.၀၀)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အုန်းနှဲရဲစခန်းရှိ တာဝန်ကျရဲအရာရှိ ဒုရဲအုပ်ကြည်လင်းအား
စိတ်မနှံ့သူတစ်ဦးမှ စခန်းထဲဝင်ရောက်၍ ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  အင်္ကျီအဖြူကော်လံကတုံးဖြင့် လူကြီးလူကောင်းပုံစံဝတ်ဆင်လာသော စိတ်မနှံသူတစ်ဦးမောင်နှင်းလာသည့်
ဆိုင်ကယ်အား အုန်းနှဲကျေးရွာရှိ ဦးသန်းဝင်းဆိုသူမောင်လာသည့် ဆိုင်ကယ်မှ ကျော်တတ်သွားသည်ကို မကြေမနပ်ဖြစ်ပြီး စိတ်မနှံသူမှ ကျော်တတ်သွားသော
ဆိုင်ကယ်ကိုအမှီလိုက်ကာ ရပ်ခိုင်းပြီး ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားသည့်နေရာမှာ အုန်းနှဲရဲစခန်းအနီးဖြစ်သည်။ ထို့နောက် စိတ်မနှံ့သူမှ အုန်းနှဲရဲစခန်းသို့
ဝင်းရောက်ပြီး “ ဒီစခန်းမှာ ဘယ်သူအကြီးဆုံးလည်း”လို့ မေးမြန်းသည်။ တာဝန်ကျရဲအရာရှိမှ စခန်းမှူး မရှိသည့်အတွတ် “ ကျွန်တော်ပဲရှိတယ်”သည်ဟု
ပြောဆိုပါသည်။ ယင်းနောက် စိတ်မနှံ့သူမှ “ ဒါဆိုမင်းထွက်ခဲ့”ဟု ပြောဆိုပြီး တာဝန်ကျရဲအရာရှိ ဒုရဲအုပ်ကြည်လင်းဆိုသူအားထိုးကြိတ်ခဲ့ရာ ရဲအရာရှိမှာ
မျက်နှာဖူးရောင် ဒဏ်ရာရရှိပြီး နှာခေါင်းရိုးကျိုးသွားခဲ့ကြောင်း သိရသည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲအရာရှိအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ စိတ်ရောဂါဝေဒနာရှင်အား အုန်းနှဲစံပြကျေးရွာ ရဲစခန်တွင် အမှုဖွင့် ဖမ်းဆီး
အရေယူထားပြီး တာဝန်ကျ ရဲအရာရှိ ဒုရဲအုပ် ကြည်လင်းအား ပဲခူးမြို့၊ အထွေထွေပြည်သူဆေးရုံ၊ အရိုးအကြောအဆောင်တွင် အတွင်းလူနာအဖြစ် တင်ထားရသည်။
စိတ်မနှံ့သူမှာ က၀မြို့နယ်၊ ပိုင်ကျုံကျေးရွာတွင်နေထိုင်းသူ တစ်ဦးဖြစ်ပြီး အမှန်တကယ် စိတ်ရောဂါဝေဒနာရှင်းတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                                                                   ဖြစ်ရပ်မှန်

No comments:

Post a Comment