...ပြုသူ
တချို့က ပြောသည်။ “အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို
ရောက်သွားရင် Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း
ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ
အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး
ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။ လက်ရှိ သတ်မှတ်ထားသော
ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့်
မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း
အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၎
ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ
ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။
ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios
Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave
မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က
ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင်
ဖော်ပြထားပါသည်။
copy from International Social Network Myanmar
copy from International Social Network Myanmar
No comments:
Post a Comment