Tuesday, November 27, 2012

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်အား လွှတ်တော်တွင် အယုံအကြည်မရှိ ဟု အဆိုတင်သွင်းခံရ

နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အစိုးရအား ဆန့်ကျင်သူများနှင့် ရဲများအကြား မျက်ရည်ယိုဗုံးများခွဲ၍ လူစုခွဲခဲ့ရသည့်

...တင်းမာမှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲ အနေဖြင့် ပါလီမန် အတွင်းတွင် အတိုက်အခံ ပါတီဘက်မှ ၀န်ကြီးချုပ်အား အယုံအကြည်မရှိဟု အဆို တင်သွင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်ဟာ တိုင်းပြည်ကို ပေးထားတဲ့ ကတိအား မလုပ်ဆောင်ပေးနိုင်သေးဘဲ အကျင့်ပျက် ချစားမှုတွေကို ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ 

ဒါ့အပြင့် ပြင်ပရောက်နေသူရဲ့ သြဇာ လွှမ်းမိုးမှုကိုလည်းမတွန်းလှန်နိုင်ဘူးဟု
ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ရည်ညွှန်းလျက် အတိုက်အခံ ဒီမိုကရက်
ပါတီမှ လွှတ်တော်အမတ် Jurin Laksanavisit မှ အခြေအတင် ပြောကြား
ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ယင်လတ်၏ Puea Thai’s ပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ၆ပါတီမှ ညွှန့်ပေါင်း
ဖွဲ့ကာ လွှတ်တော်တွင် ၅ပုံ ၃ပုံ လွှမ်းမိုးထားနိုင်ခဲ့သည်။ အကိုဖြစ်သူ၏ သြဇာအောက်တွင် လှုပ်ရှားနေသည့် ရုပ်သေးရုပ်သာ ဖြစ်ကြောင်း စွပ်စွဲ
ပြောဆိုခံနေရသည့် ယင်းလတ်ခ်မှ သူမသည် နိုင်ငံကိုကာကွယ် စောင့်
ရှောက်နိုင်သည့် ယုံကြည်ချက် ရှိကြောင်းသတင်းထောက်များအား
ပြောကြားခဲ့သည်။ ဆန္ဒပြသူများအား ဘုရင်စနစ် ဆန့်ကျင်သည့် the royalist group Pitak Siam (Protecting Siam) အဖွဲ့မှ ဦးဆောင်ပြီး အင်အား ၂သောင်းခန့် စုရုံးဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Mrtv-4

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

Tuesday, November 27, 2012

နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင်
ဖြစ်ပွားခဲ့သည့် အစိုးရအား ဆန့်ကျင်သူများနှင့် ရဲများအကြား မျက်ရည်ယိုဗုံးများခွဲ၍ လူစုခွဲခဲ့ရသည့်

...တင်းမာမှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲ အနေဖြင့် ပါလီမန် အတွင်းတွင် အတိုက်အခံ ပါတီဘက်မှ ၀န်ကြီးချုပ်အား အယုံအကြည်မရှိဟု အဆို တင်သွင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်ဟာ တိုင်းပြည်ကို ပေးထားတဲ့ ကတိအား မလုပ်ဆောင်ပေးနိုင်သေးဘဲ အကျင့်ပျက် ချစားမှုတွေကို ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင့် ပြင်ပရောက်နေသူရဲ့ သြဇာ လွှမ်းမိုးမှုကိုလည်းမတွန်းလှန်နိုင်ဘူးဟု
ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ရည်ညွှန်းလျက် အတိုက်အခံ ဒီမိုကရက်
ပါတီမှ လွှတ်တော်အမတ် Jurin Laksanavisit မှ အခြေအတင် ပြောကြား
ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ယင်လတ်၏ Puea Thai’s ပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ၆ပါတီမှ ညွှန့်ပေါင်း
ဖွဲ့ကာ လွှတ်တော်တွင် ၅ပုံ ၃ပုံ လွှမ်းမိုးထားနိုင်ခဲ့သည်။ အကိုဖြစ်သူ၏ သြဇာအောက်တွင် လှုပ်ရှားနေသည့် ရုပ်သေးရုပ်သာ ဖြစ်ကြောင်း စွပ်စွဲ
ပြောဆိုခံနေရသည့် ယင်းလတ်ခ်မှ သူမသည် နိုင်ငံကိုကာကွယ် စောင့်
ရှောက်နိုင်သည့် ယုံကြည်ချက် ရှိကြောင်းသတင်းထောက်များအား
ပြောကြားခဲ့သည်။ ဆန္ဒပြသူများအား ဘုရင်စနစ် ဆန့်ကျင်သည့် the royalist group Pitak Siam (Protecting Siam) အဖွဲ့မှ ဦးဆောင်ပြီး အင်အား ၂သောင်းခန့် စုရုံးဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

MRTV4

No comments:

Post a Comment