သင်ရိုးညွှန်တမ်းစာအုပ်တစ်အုပ်တွင်
အခန်း (၁၂)ခန်း ပါဝင်ရာ (၄)ခန်းကျက် ရုံနှင့် အမှတ် (၆၀)၀န်းကျင်ရကာ စာမေး
ပွဲအောင်မြင်နိုင်သည်ဟုဆိုလျှင် သင်အံ့ သြမည်လား။ အံ့သြစရာမရှိပါ။ ယနေ့
မြန်မာနိုင်ငံတွင် အရေးကြီးဆုံးဟု သတ် မှတ်ခံထားရသည့် တက္ကသိုလ်ဝင်တန်းစာ
မေးပွဲ၏ ဇီဝဗေဒမေးခွန်းပါ။ ကျောင်း သား/သူများ အခက်အခဲနည်းစေရန်ဟု
ရည်ရွယ်ခဲ့ပါက အမှားကြီးမှားတော့မည်။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်လာ သည့်
ကျောင်းသားတစ်ဦးသည် သင်ရိုး ညွှန်တမ်း၏ သုံးပုံတစ်ပုံသာ တတ်ကျွမ်း
သည်ဟုဆိုလျှင် ၎င်းင်းဖြစ်စဉ်သည် မလျော် ညီသော အားထုတ်မှုတစ်ခုအား အခွင့်
အရေးရစေရန်အတွက် လမ်းကြောင်းပေး နေခြင်းဖြစ်သည်။ ဇီဝဗေဒဘာသာရပ် တွင်
အပင်လောကသဘောနှင့် ဖွဲ့စည်း ပုံ၊ အကောင်လောက၏ သဘောနှင့် ဖွဲ့ စည်းပုံကို
အခြေခံအဆင့် နားလည်တတ် ကျွမ်းသင့်သည်။ လက်ရှိဖြစ်စဉ်တွင်မူ
အခန်း(၄)ခန်းသာကျက်ပြီး ကောင်းစွာ နားလည်သဘောမပေါက်ဘဲ တက္ကသိုလ် သို့
တက်ရောက်ခွင့်ပြုနေခြင်းက မေးခွန်း ထုတ်သူတို့ သတိပြုရန် လိုနေပေပြီ။
၎င်းအပြင် အခန်း (၆)ခန်းနှင့် ဖွဲ့ စည်းထားသော ဘောဂဗေဒ ဘာသာရပ် တွင်လည်း အခန်း(၃)ခန်းကို ပိုင်ပိုင်နိုင် နိုင်ကျက်ပါက ဂုဏ်ထူးအမှတ်နားပင် ရနိုင်နေသည်။ သက်ရိုးတစ်ဝက်ကျက်ရုံ မျှဖြင့် အမှတ်မြင့်မြင့်တွေရနိုင်သော အခွင့်အရေးများကို ပေးထားခြင်းသည် လည်း မေးခွန်းထုတ်သူများအပေါ် နား လည်ရခက်နေသည်။ ဘောဂဗေဒဘာ သာရပ်တွင် အခန်း(၂)၌ ၀ယ်လိုအားနှင့် ရောင်းလိုအား သဘောတရားများကို အမြောက်အမြား သင်ရသည်။ အလွန် ရှည်သော အခန်းဖြစ်သော်လည်း ပြင်ပ သဘောတရားအများအပြား နားလည် စေနိုင်ပေမဲ့ ကျောင်းသားတိုင်း မကျက် သည့် အခန်းဖြစ်နေသည်။ ကျက်ရသော စာများသောကြောင့်ဖြစ်သည်။ ဘောဂ အခန်း(၆)ခန်းတွင် အခန်းတို (၃)ခန်းဖြစ် သည့် အခန်း(၁)၊ (၃)နှင့် (၅)တို့ကိုသာ ကျက်ကြပြီး အခန်းရှည်များဖြစ်ကြသည့် (၂)၊ (၄)၊ (၆)ကိုမူ ကျက်မှတ်လေ့မရှိကြ ပေ။ ဤဖြစ်စဉ်ကို ကာကွယ်ရန်အတွက် ၎င်းင်းပညာ၏ သဘောတရားနှင့် အဆီ အနှစ်များကို မပျောက်ပျက်စေရန်အ တွက် မေးခွန်းထုတ်သူများ အထူးသတိ ထားဖို့လိုလာပြီဖြစ်သည်။
ထို့အပြင် သချာင်္ဘာသာရပ်တွင် အခန်း (၁၂)ခန်း သင်ကြားရရာ အက္ခရာ သင်္ချာဖြစ်သော အခန်း(၁)မှ အခန်း(၇) ထိသာ ကျောင်းသားများ အထူးပြုလေ့ လာကြပြီး သင်္ချာ၏အနှစ်သဘောတရား များဖြစ်သည့် ဂဲသြမေတြီအပိုင်းနှင့် တြိဂို အပိုင်းတို့ကိုမူ လေ့လာသူအားနည်းလှ ကြောင်း သိရှိရသည်။ အခန်း(၁)မှ (၇) အထိလေ့လာပါက အမှတ်(၇၀)ကျော် ရနိုင်သည့် အနေအထားပင်ရှိနေသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သူအများ စုသည် ဂဲသြမေတြီအပိုင်းကို ယောင်လို့ ပင်မသိကြချေ။ ဤကဲ့သို့သော အခြေ အနေကို အမြန်ပြုပြင်နိုင်ပါမှ စစ်မှန် သည့်ပညာတတ်များကို မွေးဖွားပေးနိုင် ပါလိမ့်မည်။ ဘွဲ့ရအလုပ်လက်မဲ့များနေ ခြင်းကလည်း စစ်မှန်သော ပညာစနစ် မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြရပေမည်။ ယနေ့နိုင်ငံတော်တွင် အမှန်တကယ် လိုအပ်နေသည်မှာ အရည်အချင်းပြည့်ဝသော ကျွမ်းကျင် လုပ်သားများပင် ဖြစ်သည်။ တိုင်းပြည်ကို ပြန်လည်ပြုစုရာ၌ ပြည်တွင်းဖြစ် ပညာရှင်များစွာကို မွေး ထုတ်ပေးရန် လိုအပ်နေသည်။ တစ်ပိုင်း တစ်စနှင့် အခြေခံပညာကို အောင်မြင် လာပြီး တက္ကသိုလ်၌ ကိုယ်တိုင်သင်စနစ် ကို မပြုစုနိုင်သည်မှာ ၁၀စုနှစ် နှစ်စုထက် မကဖြစ်နေသည်။ ပညာရေးဝန်ကြီးဌာန မှ အဆင့်မြင့်ပညာရှင်များ ပြန်လည်သုံး သပ်နိုင်ရန်အတွက် ရည်ရွယ်၍ ရေးသား ရခြင်းဖြစ်သည်။ မည်သူ တစ်ဦးတစ် ယောက်ကိုမျှ နစ်နာစေလိုသော သဘော မပါရှိပါ။ တိုင်းပြည်၏ အနာဂတ်ရေးအ တွက်ကိုသာ ရည်မျှော်၍ ရေးသားရခြင်း ဖြစ်သည်။
လွန်ခဲ့သည့် အနှစ်(၂၀)နှစ်ကျော်မှ ယနေ့အထိ တက္ကသိုလ်များတွင်လည်း Paper တစ်ခုကို ၆ပုဒ်၊ ၇ပုဒ်ကျက်၍ဖြင့် အတန်းများတက်ကာ ဘွဲ့ရလူငယ်အများ အပြားကို မွေးထုတ်နေခဲ့သည်မှာ ကြာလှ ပြီဖြစ်သည်။ မြန်မာ့ ပညာရေးစနစ်၌ သင်ရိုးညွှန်တမ်းများက မညံ့ပါ။ ရေသာ ခိုအချောင်လိုက်သူများနှင့် အကျင့်ပျက် ဆရာ၊ ဆရာမများကြောင့် တစ်လှေလုံး ပုပ်နေရခြင်းဖြစ်ပါသည်။ ပြင်ဆင်ဖို့ အချိန်တန်ပြီ၊အချိန်လည်းရောက်နေပြီဖြစ် ပါသဖြင့် ၀ိုင်းဝန်းကြီးကြပ်ကြရန် နှိုးဆော် လိုက်ပါသည်။
မောင်ယဿ
copy from http://www.hotnewsweekly.com
No comments:
Post a Comment