၂၅-၁၁-၂၀၁၂ ရ
က်နေ့ ၂၁၀၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ၀ိုင်းမော်မီးပွိုင့်လမ်းဆုံအနီး၊ ၀ိုင်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ သက်သေများနှင့်အတူ
စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း(၃၆)နှ စ် မောင်းနှင်လာပြီး တရုတ်နိုင်ငံသား အားဂျုံး(၃၀) နှစ်နှင့် ၀မ်တဲ့ကျား(၃၆)နှစ်တို့ လိုက်ပါလာသည့် ယာ
ဉ်အမှတ် ၁ဂ/ xxxx
ပရာဒိုယာဉ်အား စစ်ဆေးခဲ့ရာ အားဂျုံးဝတ်ဆင်ထားသည့် ရှပ်အင်္ကျီလက်ရှည်
ရှေ့ခါးပိုင်းနေရာ၊ အင်္ကျီနှင့် ခန္ဓာကိုယ်ကြားတွင်
အနီရောင်ပလပ်စတစ်အပိုင်းအစဖြင့် ထုပ်ထားသည့် ဘိန်းမဲအရည်များ
သုတ်လိမ်းထားသော အညိုရောင် အမျှင်ခြောက် ၂၂ ဂရမ်ပါ ၁ ထုပ်၊ ၅ ဂရမ်ခန့်ပါ ၁
ထုပ်၊ ၇ ဂရမ်ခန့်ပါ ၁ ထုပ်၊ စုစုပေါင်း ၃ ထုပ်၊ အလေးချိန် ၃၄ ဂရမ်ခန့်၊
တန်ဘိုးငွေကျပ်(၅၁၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သဖြင့် ၀ိုင်းမော်မြို့နယ်နေ
ကျန်းဟိန်း(ခ)ရှောက်ကျန်း၊ တရုတ်နိုင်ငံသား ၂ ဦးဖြစ်သည့် အားဂျုံးနှင့်
ဝမ်တဲ့ကျားတို့ ၃ ဦးအား ၂၃၅၀ အချိန် ၀ိုင်းမော်ရဲစခန်း မယ(ပ) ၁၀၀/ ၂၀၁၂
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ
၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Ref; ရဲဇာနည်
စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း(၃၆)နှ
ဉ်အမှတ် ၁ဂ/
Ref; ရဲဇာနည်
No comments:
Post a Comment