Friday, November 30, 2012

မလေ့လာမသုံးသပ်ပဲ ရမ်းသမ်းအော်နေရင်တော့ ဖြင့်

Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီးခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ်စခန်းထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်
...
တွေ လောင်တာဖြစ်ပါတယ်.. ( မယုံရင် မိမိအ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အောက်က ဗီဒီယိုလင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆိုတာ တွေ့ရပါလိမ့်မယ်.. ခုကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးလောင်ဗုံးကို အင်္ဂလိပ်လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူချိန်ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိပါတယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန်မှာမဟုတ်ဘူး.. နောက်တစ်ခုက ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်းမထုတ်နိုင်သေးပါဘူး.. မီဒီယာတွေ ဖွတာနဲ့ပဲ ဒီလိုတွေဖြစ်နေကြတာပါ.. အဓိက မီဒီယာတွေမှာ တာဝန်ရှိပါတယ်.. အောက်က လင့်တွေကို လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်. မလေ့လာမသုံးသပ်ပဲ ရမ်းသမ်းအော်နေရင်တော့ ဖြင့် အဆင်မပြေလှပေဘူး......

Credit: Wynn Marlar


http://www.youtube.com/watch?v=Wq28kc4d6Pc&feature=youtube_gdata_player
— with Ko Shin and 11 others.

No comments:

Post a Comment