Thursday, May 22, 2014

တရားသူကြီးက လူသတ်မှုစစ်ဆေးနေစဉ် တရားရုံးဝန်ထမ်းနှစ်ဦး လိင်မှုပြုနေတာကြားမြင်ရ၍ စစ်ဆေးမှုရပ်နား

တရားခွင်ရပ်နားခဲ့သော တရားရုံး
အီတလီနိုင်ငံ Genoa က Palazzo di Giustizia တွင် လူသတ်မှုအား စစ်ဆေးကြားနာနေသော တရားသူကြီး Stunned Anna Ivaldi ဟာ တရားခွင်၌ စစ်ဆေးကြားနာနေစဉ် ဆူညံသည့်အသံဗလံများကြောင့် တဖက်အပေါ် မော့ကြည့်လိုက်ရာ မှုန်မှုန်မှိုင်းမှိုင်း မှန်များနောက် မိမွေးတိုင်း ဖမွေးတိုင်း ချစ်ရည်လူးပြီး လိင်အမှုပြုနေသော တရားရုံးဝန်ထမ်း နှစ်ဦးအား မြင်တွေ့ခဲ့သည့်အတွက် တရားခွင်စစ်ဆေးမှု ရပ်နားခဲ့ကြောင်း သိရသည်။

တရားသူကြီး မော့ကြည့်သောနေရာသို့ တရားခွင်အတွင်း ရှိနေသူများလည်း မော့ကြည့်ရာ ထိုနှစ်ဦးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး သူတို့ဘာလုပ်နေကြတယ် ဆိုတာကိုလည်း အကုန်မှန်းဆသိနိုင်တယ်လို့ ဆိုကြပါတယ်။
တရားရုံး၏ စီမံအုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သည့် ထိုနှစ်ဦးကတော့ မှန်မည်းမည်း ပြတင်းပေါက်တွေက သူတို့ရဲ့လုပ်ရပ်ကို မတွေ့မြင်နိုင်ဘူးလို့ ယုံကြည်ယူဆ၍ ယင်းသို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တရားခွင်စစ်ဆေးမှု ရပ်စဲခဲ့သလို ထိုဝန်ထမ့်း နှစ်ဦးအားလည်း ထိုအခန်းမှ ထွက်သွားစေခဲ့ကြောင်း သိရသည်။ ချစ်ရည်လူးခဲ့ကြသော ထိုဝန်ထမ်းနှစ်ဦးအနက် တစ်ဦးဟာ အိမ်ထောင်ရှိသူတစ်ဦးဖြစ်ကြောင်း ပြောဆိုနေကြသည်ဟုလည်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment