Monday, February 23, 2015

ဒါးပိန်မြို့လူသတ်မှု့ တရာခံမပေါ်သေး


ဖေဖော်ဝါရီ-၂၃
၂၀၁၄ခု ဇူလိုင်လ ၁၇ရက်နေ့ နေ့လည် ၂း၃၀နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ် ဒါးပိန်မြို့(မြောက်ပိုင်း)နေသူ ဒေါ်ခင်စန်းဝင်း အသက်(၄၉)နှစ်အား ၎င်း၏နေအိမ်အတွင်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျှက်အနေအထား သေဆုံးနေပြီး ရွှေထည်ပစ္စည်းနှင့်ငွေများပါပျောက်ဆုံးသွားသဖြင့် သားဖြစ်သူမှ မိခင်အားသတ်၍ ပစ္စည်းများယူသွားသူကိုဖမ်းဆီးအရေးယူပေးပါရန် ဒါးပိန်ရဲစခန်းသို့ အမှု့ဖွင့်တိုင်တန်းခဲ့သော်လည်း ယနေ့အထိတရားခံအားဖမ်းဆီးဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သေဆုံးသူ ဒေါ်ခင်စန်းဝင်း၏သား ကိုဝင်းဆွေဦးကပြောကြားသည်။
အလားတူ ဒါးပိန်မြို့ရှေးဟောင်းသမိုင်းဝင် မအပ်ဘုရားကြီး(ခ)ရွှေလွှမ်းမြင့်ဘုရားကြီးဝင်းအတွင်တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြေးဆင်းထုတော်ကြီးပျောက်ဆုံးခဲ့သည်မှာ (၃)နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း အမှု့မပေါ်သေးကြောင်း ဒါးပိန်မြို့ခံများကပြောကြားသည်။

ဟံသာဝတီ(သံချောင်း)

No comments:

Post a Comment