Tuesday, February 24, 2015

မြန်မာအမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြက်ခံရ


သတင်း-စောမောင်

ထိုင်းနိုင်ငံတောင်ပိုင် စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် အလုပ်လုပ် ကိုင်သော မြန်မာအမျိုးသမီးငယ် တစ်ဦးသည် ယမန်နေ့ညက အဓမ္မပြုကျင့် ခံရပြီး သက်ဖြက်ခြင်းခံခဲ့ရကြောင်း ကော့စမွေကျွန်း ရဲစခန်း၏ ပြောပြချက်အရသိရှိရသည်။
သေဆုံးသူမှာ အသက်၁၉နှစ်အရွယ် မချောငယ်ငယ်ဆိုသူဖြစ်သည် သူမသည် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ၊မုရစ်ကလေးရွာမှ အဖဦးညွန့်ဆွေ၊ အမိဒေါ်ဝင်းလှိုင် တို့၏ သမီးငယ်ဖြစ်ကြောင်း သိရှိရသည်။
အစ်မရင်းဖြစ်သူ မစုစုကျော်က“ မနေ့ညက ညီမလေး သူရည်စာနဲ့သွားတွေ့ တယ်လို့သိရတယ်။ကျမတို့လည်း မမြင်ဖူးဘူး ဒီနေ့ ကျမတို့ရိုးရာအရ သူ့လိပ်ပြာကိုခေါ်ပြီး မေးကြည့်တယ် ။ သူလိပ်ပြာ ၀င်ပူပြီး သူ့ကို သူ့ရည်စာ နဲ့ နောက်သူငယ်ချင်း၏နှစ်ယောက်က ၀ိုင်းပြီး အဓမ္မပြုကျင့်သက်ဖြက် သွားကြ တယ်။ ပါလာတဲံ ပိုက်ဆံကိုလည်းယူသွားကြတယ်” ဟုပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ကော့စမွေကျွန်းရဲများက သေဆုံးသူနှင့် ရင်းနှီးပက်သက်သူများအားလုံးကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။ 
ရွှေလုပ်သား

No comments:

Post a Comment