Tuesday, January 20, 2015

အလုပ်လုပ်နေစဉ် လက်ခလယ်၂ ဆင့် စက်နှင့်ညှပ်၍ ပြတ်ခဲ့သော ကိုမျိုး

မင်းဘခက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော အေကချိုင်း အလုပ်ရုံအတွင်း အလုပ် လုပ် နေစဉ် ထိခိုက်ဒဏ်ရာရရှိထားသည့် ကိုလှမျိုးအား နစ်နာကြေးငွေများကို 15.1.2015 နေ့ နစ်နာကြေး ဘတ်ငွေ (၈၀,၀၀၀) ကိုလက်ခံရရှိထားပြီးဖြစ်ပါ
သည်။
           ၎င်းငွေများကိုထိုင်းနိုင်ငံအလုပ်သမား နစ်နာဆုံးရှုံမှုများကိုနစ်နာကြေး ရရှိရန်အ တွက် ဆောင်ရွက်
ပေးနေသော ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ဖန်င အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)  တို့က ဆောင်ရွက် ခဲ့ခြင်းဖြစ် ပါသည်။ ပဲခူးတိုင်း နတ်တလင်းမြို့နေ ကိုလှမျိုး -(ပတ်စပို့နံပါတ်-TJ 032450) သည် မြန်မာပြည်သို့ပြန် သွားပါသဖြင့် အဆက် သွယ်မရပါသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသော ကိုလှမျိုး အား အောက်ပါအတိုင်း ဆက်သွယ်ပါရန် ၀ိုင်းဝန်းကူညီပေးကြစေလိုပါသည်။

ဆက်သွယ်ရန်ဖုန်း -
0873121179 -MAT- ကိုဘခက် -
ကိုစိုင်းအေး - 0805885548- MAT
အောင်ခန့်-0859041762--FED

ရွှေလုပ်သား

No comments:

Post a Comment