Thursday, January 29, 2015

“အသတ်ခံရသည့်မြန်မာအလုပ်သမား၃ဦးအားသင်းဂြိုဟ်ပြီးစီး”

၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂၈ ၊ စောမောင်


      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ရှိ ရာဘာခြံတစ်ခု၌ ၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည က သတ်ဖြတ်ခံခဲ့ရသော မြန်မာအလုပ်သမား ၃ဦးတို့အား အလုပ် သမားအရေးဆောင်ရွက်သူများနှင့် ဌာနေ မြန်မာအလုပ်သမား များစုပေါင်း၍ ယနေ့ညနေပိုင်းက ကောင်းမွန်စွာ သဂြိုဟ်လိုက် ပြီဖြစ်ကြောင်း သိရသည်။

         စူရတ်ဌာနီအနီးပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများနှင့် MAT အဖွဲ့၏ အကြံပေးမြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်  နှင့် ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ် တို့အဖွဲ့တို့ စုပေါင်း၍ကောင်းမွန်စွာ သဂြိုဟ်ခဲ့ကြခြင်းဖြစ် သည်။

         ထိုင်းနိုင်ငံအနှံအပြားတို့တွင် မြန်မာအလုပ်သမားများ မကြာခဏ အသတ်ခံရလေ့ရှိသော်လည်း လူသတ် တရားခံ အား ဖေါ်ထုတ်အရေးယူခြင်းမျိုးမရှိပေ။ ထိုင်းအာဏာပိုင်များသည် လည်း သေဆုံးသူ မှာ မြန်မာဖြစ် ကြောင်းသိသည်နှင့် အရေးတယူမလုပ်တော့ပေ။
အမည်မဖေါ်လိုသည့် နာမည်ကြီးထိုင် အမျိုးသားလူ့အခွင့်   ရေးလှုပ်ရှားသူတစ်ဦးက သေဆုံးသူ ၃ဦးတို့အား အနီးကပ်၍ ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ ၃ဦးသတ်ဖြတ်တာကို လက်သည် ပေါ်အောင် ထိုင်းအာဏာ ပိုင်တွေ မဖေါ်ထုတ်နိုင်ခြင်းဟာ လုံခြုံရေးအားနည်းမှုကိုဖေါ်ပြရာရကြောင်း၊ နိုင်ငံ့ဂုဏ်သိက္ခာကျဆင်း
 နိုင်ကြောင်းပြောဆိုသည်။
         စူရတ်ဌာနီတွင် နှစ်ပေါင်း ၂၀ကျော်ခန့် အလုပ်လုပ်ကိုင်   နေပြီး ပိုင်ရှင်မဲ့ အလောင်းများအား သင်းဂြိုဟ် နိုင်အောင် ကူညီပေးနေသည့် ကိုရဲနောင်က “ ဘန်ကောက်မြို့ မြန်မာသံရုံး အဆက်ဆက် က မြန်မာတွေအသတ်ခံရတဲ့နေရာတွေကို သတင်း သွားမေးတာမျိုး၊ သင်းဂြိုဟ်ပေးတာမျိုး၊ ဒေသခံ အာဏာပိုင်တွေနဲ့ လူသတ်တရားခံဖေါ်ထုတ်နိုင်အောင် ဂရုတစိုက်လုပ်ပေးတာမျိုး တစ်ခါမှမရှိခဲ့ဘူးဗျ။ ဒါကြောင့် ထိုင်းတွေက ဗမာအလုပ်သမားတွေ ကို ပစ်သတ်ချင်တိုင်း သတ်နေကြတာပေါ့။ သူတို့သေနတ် လက်တေ့စမ်းသပ်စရာ လူတွေဖြစ်နေတာပေါ” ဟု စိတ်မကောင်းစွာပြောပြသွားသည်။
        ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော သန်းချီ ရှိသည့်မြန်မာအလုပ်သမားတို့သည် ထိုင်းပုလိပ်၊ ထိုင်းအလုပ်ရှင်၊ ထိုင်းလူမျိုးတို့၏အနိုင်ကျင့်ခြင်းကို နှစ်ပေါင်း၂၀ ခန့် ခံခဲ့ကြရပြီးဖြစ်သည်။ 
           ယခုအခါMOUစနစ်ဖြင့် မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးသည့် အေဂျင်စီ လူပို့ပွဲစားများ၏ အနိုင်ကျင့် ဗိုလ်ကျမှု ကိုလည်းထပ်ဆင့်ခံစားနေကြရကြောင်းအလုပ်သမားအရေးဆောင်
ရွက်သူများကပြောသည်။ 

No comments:

Post a Comment