Monday, January 26, 2015

မန္တလေး နန်းမြို့အတွင်း စစ်အကျဉ်းထောင်တွင် အစောင့် တပ်ကြပ်ကြီးအား သတ်၍ အကျဉ်းသားများ ထွက်ပြေး


မန္တလေးမြို့၊ နန်းမြို့အတွင်း၊ အမှတ်(၂) စစ်အကျဉ်းထောင်မှ အပြစ်ပေး ခံနေရသူ(၈)ဦးသည် ဇန်န၀ါရီ ၂၅-ရက် ၊နံနက်(၄)နာရီခန့်က အစောင့်တပ်ကြပ်ကြီး အားသတ်ဖြတ်ကာ ထွက်ပြေး သွားကြောင်း သိရ၍
နန်းမြို့တွင်းမှ သက်ဆိုင်ရာကို သွားရောက် မေးမြန်းခဲ့ရာ အတည်ပြု ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်လက်စုံစမ်း မေးမြန်းရာ ယင်းဖြစ်စဉ်မှာ ဟုတ်မှန်ပြီး ထွက်ပြေးသူ များမှာ စစ်ဘက်ဆိုင်ရာ ပြစ်မှု ကျူးလွန်သူများဖြစ်၍ (၈)ဦးဖြစ်ကြောင်း၊ အစောင့်တပ်ကြပ် တစ်ဦးသေဆုံးမှု ရှိခဲ့သည်ဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့သို့ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။

" ဖြစ်တာတော့ ဖြစ်တယ်။ ဘယ်လိုဖြစ်ခဲ့တာ မျိုးကတော့ မသိဘူး။ စစ်တပ်ဘက်က ဘာမှ အကြောင်းကြားတာ မျိုးမရှိလို့ အတိအကျမသိပါဘူး။ စုံစမ်းမှုတော့ လုပ်နေပါတယ်။"ဟု ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိုရှယ်လူမှု ကွန်ယက်တွင် အစောင့်တစ်ဦးကိုသတ်ပြီး အကျဉ်းသားများ ထွက်ပြေးရာတွင် သုံးဦးမှာ ရေကူးလွတ် မြောက်သွားကာ တစ်ဦးကို ဖမ်းမိကြောင်း ပြောဆိုမှုများ ရှိသည်။

မန္တလေးဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးကပြောရာတွင် တပ်ကြပ်ကြီးတစ်ဦး ဆေးရုံသို့ ရောက်ရှိလာပြီး
သေဆုံးသည်ဟု လည်းကြားရသည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment