Tuesday, January 27, 2015

“အဖိနှိပ်ခံအလုပ်သမားများပြ ဿ နာရှင်းမကုန်”

၂၀၁၅ ခု ဇန်န၀ါရီလ
မြတ်ညို (အလွတ်သတင်းထောက်)
 ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၁၁၅/၃၆လမ်း People’Choice ကုမ္ပဏီဖြင့်လာရောက်ခဲ့သည့်အလုပ်သမားများ ၏ ပြဿ     နာများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ကူညီဖြေရှင်းပေးနေကြောင်းသိရှိရသည်။

           People’ Choice ကုမ္ပဏီ နှင့်Kendee pattana ကုမ္ပဏီ
တို့သည် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က အလုပ်သမား ၃၅၀ ဦးတို့အား ထိုင်းနိုင်ငံအတွင်းသို့ MOU စနစ်ဖြင့်တင်သွင်း လာခဲ့သည်။ အလုပ်သမား ၁၅၀ဦးအား ချင်းမိုင်မြို့ဘက်သို့ ပို့ဆောင်ပြီး ၂၀၀ ဦးကို ဘန်ကောက်မြို့ ဘန်းယိုင်အရပ်တွင်ရှိ   သော မိုးပျံကားလမ်းတည်ဆောက်ရေးသို့ပို့ဆောင်ခဲ့သည်။

         အလုပ်သမားများသည် မြန်မာနိုင်ငံတွင်People’ Choice ကုမ္ပဏီ အား ကျပ်ငွေလေးသိန်း ခွဲအထိပေးခဲ့ပြီး ထိုင်းဘက်တွင် Kendee  pattana ကုမ္ပဏီက ဘတ်ငွေ ၁၈,၅၀၀ ဖြတ်တောက် ထားကြောင်း အလုပ်သမားများကပြောသည်။ သို့ဖြစ်၍ MATအဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးသည် ဘန်းယိုင်ဆ၀ါဒီကန်ရုံးသို့လာခဲ့ကြသည်။ ထိုမှတဖန် ကျဟာငန်းသို့ လမ်းညွှန်သဖြင့် လာခဲ့ကြပြန် သည်။ ထိုမှတစ်ဆင့် နွန်ထဘူရီရဲစခန်းသို့ သွားရန်ညွန်ပြန်သည်။ ထိုမှ ဘန်းယိုင် ရဲစခန်းသို့စေလွှတ်ပြန်သည်။
           ရုံး၂ခုနှင့်ရဲစခန်း၂တို့သို့ သွားခဲ့ရသည့် MAT အတွင်းရေး မှူး ကိုခိုင်ကြီးက“အလုပ်သမားတွေ ကို၂နှစ်ပြည့်ရင်ပြန်ပို့မယ်ဆို တဲ့အချက်ဟာအလုပ်သမားတွေအတွက်အလွန်နစ်နာပါတယ်။
အလုပ်သမားတွေကလည်းလုပ်ချင်သေးတယ်။ လုပ်ငန်းရှင်က လည်းခိုင်းချင်သေးတယ်။ ဒါပေမယ့်MOUစည်းကမ်းချက်တွေက   အေဂျင်စီတွေကအလုပ်သမားတွေကို ခေါင်းပုံဖြတ်ခွင့်ပြုထား
သလိုဖြစ်နေတယ်။ ခု ကျနော်တို့ ကတော့ထိုင်းဘက်မှာအပိုဖြတ် ထားတဲ့ငွေကိုတောင်းပေးမယ်။ အလုပ်သမား၅၀ဦး ကို၁၅ရက်စာ လည်း လုပ်ခ ရှင်း မပေးသေးဘူး။ ဗမာဘက်မှာ လေးသိန်းကျော် ယူထားတာကိုတော့ အလုပ်သမားတွေ မြန်မာအလုပ်သမားဝန် ကြီးဌာနနဲ့ ရှင်းကြလိမ့်မယ်။ အဲဒါ မြန်မာအေဂျင်စီတွေက သူတို့ လူဟောင်းကိုထုတ်ပြီးလူသစ်သွင်းစားဖို့လုပ်ကြနေကြတယ်။ မြန်
မာအလုပ်သမားတွေက အေဂျင်စီနဲ့ ပွဲစားတွေအနိုင်ကျင့်တာခံနေ ကြရတယ်” ဟုပြောသည်။ 
            အလုပ်သမားများ၏ ပတ်စပို့စာအုပ်များအား Kendee  pattana သူဌေးကသိမ်းထားသည်။ ယနေ့တွင် အဆိုပါကုမ္ပဏီ တင်ပို့ထားသည့် အခြားအလုပ်သမား ၈၀ ဦးတို့အား မြ၀တီသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အလုပ်သမားများကပြောသည်။ အလုပ်သမားများ ဘတ်ငွေ ၁၈,၅၀၀ ပေးထားခဲ့ရသည့် မြန်မာ ပတ်စပို့အားဖျက်သိမ်းတံဆိပ်တုံးထုလိုက်ပြီဖြစ်ကြောင်းသိရသည်။ 
       ထိုင်းနှင့် မြန်မာအစိုးရတို့ သဘောတူညီထားသည့် တရား ၀င်အလုပ်သမားတင်သွင်းခြင်း MOU လုပ်ငန်းစဉ်တွင် အလုပ် သမားများထံမှ  မြန်မာဘက်တွင် ကျပ်ငွေတစ်သိန်းနှင့် ထိုင်းဘက် အခြမ်းတွင်ဘတ်ငွေတစ်သောင်း ဖြတ်ရမည်ဟု ပြဌာန်းထားသည်။ 
           နက်ဖြန်တွင် MAT ဘန်းယိုင်းရဲစခန်းနှင့် သက်ဆိုင်ရာ ကုမ္ပဏီ တို့သည် အလုပ်သမားများထံမှ အပိုဖြတ်တောက်ထား သည့်ငွေများအားဖြေရှင်းကြမည်ဖြစ်ကြောင်းMATအဖွဲ့ကပြောသည်။ 
        MATအဖွဲ့ ယနေ့ရှင်းရသည့် ဒုတိယ ပြဿ     နာမှာ ထိုင်းနိုင်ငံ   မြောက်ပိုင်း မယုဒယမြို့၊၀န်နွဲ့ရပ်ကွက် နယ်မြေ ၇ ၊ အမှတ် ၁၁၁/ ၅ တွင်ရှိသော သစ်သားအလုပ်ရုံမှ မြန်မာအလုပ်သမား ၁၀ ဦးတို့၏ ပတ်စပို့ နှင့် ပန်းရောင်ဘတ်တို့အား သိမ်းယူထား သဖြင့် သွားရောက်ကူညီပေးခဲ့ကြရသည်။
               MAT ဘန်ကောက်ရုံးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့ က မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ က ပါလို့ အယုဒယရဲစခန်းမှာ ပြောပြီး အကူညီတောင်းတယ်။ ပုလိပ် ၂ယောက် အလုပ်ရုံကိုလိုက်ပေးတယ်။ အလုပ်သမား၆ ယောက် က အခြားနေရာကိုရောက်သွားပြီး ၄ယောက်က ကျနော် တို့ဆီကို အကူညီတောင်းလို့ကျနော်တို့လာပြီးတော့ဖြေရှင်းပေးတာဖြစ်တယ်။ အခြားအလုပ်သမားတွေ ကိုယ်တိုင်လာမှ ပေးမယ်ပြောတယ်” ဟု   ပြောသည်။
           MATအဖွဲ့ယနေ့ဆောင်ရွက်ရသည့်တတိယထပ်ပြဿ     နာ မှာ ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီ မြို့နယ် နောင်ဆပ် အရပ် လင့်တော့စက်ရုံအနီးတွင်၂၉၊ ၉၊ ၂၀၁၄ နေ့ညနေတွင် ကားတိုက်   သေဆုံးသွားခဲ့သူတစ်ဦးနှင့် ထိခိုက်ဒဏ်ရာသူတို့အတွက် နစ်နာ   ကြေးများရရှိစေရန် FED အဖွဲ့ရှေ့နေဖြင့် MATအမှု လိုက်အရာရှိ ကိုဘခက်တို့ ဆောင်ရွက်ခဲ့ရသည်။ MATအဖွဲ့သားများ ညနေ၈နာရီခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမားသမားအခွင့်အရေးချိုးဖေါက်ခံ ၍ဖြစ်စေ
 မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MAT အဖွဲ့၏ အောက်ပါ
ဖုန်းနံပတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။
ကျနော်တို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးပါမည်။
(၁) ဦးအောင်မျိုးသန့် အကြံပေးရှေ့နေ= ၀၈၉  ၆၅၂  ၅၆၉၆
(၂) ဦးကျော်သောင်း ဒါရိုက်တာ        = ၀၈၄ ၆၇၀ ၅၇၂၇
(၃) ဦးခိုင်ကြီး        အတွင်းရေးမှူး    = ၀၈၅ ၃၄၁ ၅၆၁၁
(၄) ကိုစိုင်းအေး   ဘန်ကောက်ရုံးတာဝန်ခံ = ၀၈၀ ၅၈၈ ၅၅၄၈
(၅) ကိုအောင်ဆန်းဦး မဟာချိုင်ရုံးတာဝန်ခံ = ၀၉၀ ၆၆၇၇ ၉၁၃
(၆) ကိုဘခက်    အမှုလိုက် အရာရှိ = ၀၈၇ ၃၁၂ ၁၁၇၉ 
(၇) ကိုစောခွန်နောင်ဦး   စုံစမ်းရေ  = ၀၈၃ ၅၅၂ ၇၈၉၂
(၈) ကိုစောမောင်  သတင်းနှင့်ပြန်ကြားရေး= ၀၉၀ ၆၆၁ ၀၈၄၉
(၉) စောမြတ်ချို  စုံစမ်းရေး = ၀၉၄ ၈၆၃ ၈၂၅၇

No comments:

Post a Comment