Monday, July 21, 2014

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ Delivery Unit သို့ မေးမြန်း အကြံပြု တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်အား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာ

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၏ ၂၄-၅-၂၀၁၄ ရက်နေ့ နေပြည်တော် ကောင်စီ နယ်မြေခရီးစဉ်တွင် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်အပေါ် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆပ်ကော်မတီ ၂၄-၅-၂၀၁၄ ရက်နေ့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်း ခရီးစဉ်အတွင်း လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများ၏ "မင်းပြင် ဘူတာတွင် ခရီးသွား ပြည်သူများ နားနေရန်နှင့် ရထား အတက်အဆင်း လွယ်ကူစေရန် စင်္ကြံ ပြုလုပ်ပေးပါရန်" တင်ပြချက်နှင့် စပ်လျဉ်း၍ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ပြည်သူများ ခရီးသွားလာ လွယ်ကူ မြန်ဆန်ရေး အတွက်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ဆောင်ရွက်ချက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၏ ၄-၄-၂၀၁၄ ရက် လယ်ဝေးမြို့နယ် ခရီးစဉ်တွင် ကျေးရွာ မီးလင်းရေး အတွက် ကံလှကျေးရွာ လျှပ်စစ် မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြည်ထောင်စုဝန်ကြီးထံ တင်ပြ အကူအညီ တောင်းခံလာမှု အပေါ် နေပြည်တော် ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် ရှမ်းစုကြီးအုပ်စု ကံလှကျေးရွာ လျှပ်စစ်မီးလင်းရေး အတွက် 11 KV လိုင်း ပေ ၁၅၀၀နှင့် ၃၁၅ KVA Transformer တစ်လုံး တပ်ဆင်ခြင်းတို့ အတွက် ကုန်ကျငွေကျပ် ၄၄ ဒသမ ၃၅၁ သန်း ကုန်ကျမည် ဖြစ်ပါသည်။
11 KV လိုင်း ပေ ၁၅၀၀ နှင့် ၃၁၅ KVA Transformer တစ်လုံး တပ်ဆင်ခြင်းတို့ အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက် ပေးနိုင်ရေး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၏ ၉-၅-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁/၂၀၀ (ည)/ ၁၀၄၀/ ၁၀၀/၂ (၁၁၄၇/ ၂၀၁၄) ဖြင့် အကြောင်းကြားပြီး ဖြစ်ပါသည်။ ၄၀၀ ဗို့ ရွာတွင်းလိုင်း ပေ ၈၃၈၀ အတွက် ကုန်ကျငွေကျပ် ၄၄ ဒသမ ၃၅၁ သန်း၏ ၂၅ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၁၁ သန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ရယူခွင့်ပြုနိုင်ရေး အတွက် ကျေးရွာ မီးလင်းရေး ကော်မတီသို့ ၃-၅-၂၀၁၄ ရက်နေ့တွင် အကြောင်းကြားပြီး ဖြစ်ပါကြောင်း ပြည်သူများ သိရှိစေရန် ထုတ်ပြန် ကြေညာ အပ်ပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ အပေါ် အကြံပြု လိုသည်များရှိပါက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီသို့ ပေးပို့ အကြောင်း ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

http://www.moi.gov.mm/zg/?q=node/2613

No comments:

Post a Comment