ဇူလိုင်-၁၇
ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်းခရိုင်)လှည်းကူးမြို့နယ် ဒါးပိန်နယ်မြေရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းလိုင်းခန်းများကြံ့ခိုင်မှု့မရှိတော့သည့်အတွက်ရဲဝန်ထမ်းမိသားစုများစိတ်ပျက်နေရကြောင်းသိရသည်။
လိုင်းခန်းတွေကကြာပြီဗျ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းကတည်ဆောက်ထားတာ အခုဟာက ဟိုနားကပြိုကျ သည်နားကပျက်ကျနဲ့ဆိုတော့နေရတာအစဉ်မပြေဘူးလေ ကျွန်တော်တို့လည်းတတ်နိုင်
သလောက်တော့ပြုပြင်ပြီးနေပါတယ်ခက်တာက ရဲစခန်းက မီးရထားလမ်းနဲ့နီးနေတော့ ရထားလာရင်မြေတုန်ခါမှု့ကြောင့် ပြိုများကျမလားဆိုပြီးစိတ်တထင့်ထင့်နဲ့နေနေရပါတယ်လို့ အမည်မဖော်လိုသည့်ရဲဝန်ထမ်းတစ်ဦးကပြောပြသည်။
မောင်နေလ(ကြိုးကြာကွင်း)
No comments:
Post a Comment