Monday, July 21, 2014

တိုင်းရင်းသားဒေသမှာ တိုက်ပွဲများလျှော့ကျပြီဟု ဦးအောင်မင်းပြော

ဂျူလိုင်လ ၂၁ ရက် ၂၀၁၄
တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး တည်ဆောက်နေသော ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြ ပြောဆိုခဲ့သည် ဟု ဆိုပါသည်။
“ လိုင်ဇာမှာဆွေးနွေးပြီးရင်တော့ ဒီ ၂၀၁၄ မှာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်နိုင်မယ်။ ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် - လို့ဦးအောင်မင်းကပြောတယ်။ လက်ရှိအနေအထားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုလျော့ကျ လာ တယ်လို့လည်းပြောတယ်။ အရင်က တပတ်မှာ တိုက်ပွဲပေါင်း အကြိမ် ၄၀၀ ကျော်တယ်။ အခု ၄ လ ပတ်အစည်းအဝေးအရ ကချင်တိုက်ပွဲမှာ ၄ လ အတွင်း အကြိမ် ၂၀၀ ဘဲရှိတော့တယ်။ ဟိုတုန်းကနဲ့ ယှဉ်ရင် ၃.၅ % ဘဲ ရှိတော့တယ် လို့ - ဦးအောင်မင်းကပြော သွားတယ်” ဟု အစည်းအဝေးတက်ရောက်သည့် ပြည်သူ့လွှတ်တော်အမတ်တဦးက ပြောသည်။

သို့သော် လက်ရှိတွင် သျှမ်းပြည်တိုးတက်ရေးပါတီ အခြေချထားသည့် ဟာ့ဝမ့် အုပ်စု တပ်စခန်းမှ ဌာနချုပ်သို့ တပ်ဆုတ်ပေးရန်ဖိအားပေးသည့်အနေဖြင့် မြန်မာ့တပ်မတော်က ဟာ့ဝမ့်အုပ်စုထဲသို့ လက်နက်ကြီး များဖြင့် ယမန်နေ့ကတည်းက ပစ်ခတ်နေကြောင်း သျှမ်းပြည်တပ်မတော်က ပြောပါသည်။

သို့သော်လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာန်း အမျိုးသားလွှတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွါးနေသောကြောင့် ဒေသခံထောင်ဂဏန်း စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

သျှမ်းသံတော်ဆင့်

https://www.facebook.com/Panglong.burmese


ဓါတ်ပုံ- ဦးအောင်မင်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်တချို့တို့ တွေ့ဆုံပွဲ

No comments:

Post a Comment