Monday, July 21, 2014

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတ၀န်း ၁ ပတ်ခန့် မိုးဆက်ရွာမည်

DSC_1080 (Copy) copy
မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မူကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်မှာ မိုးအား သိသိသာ သာ ကောင်းလာတယ်။ တပြည်လုံး အနေအထားကတော့ ထူးခြားတဲ့ မိုးရွာသွန်းမှုကို မတွေ့ရသေးပါဘူး။ ဒီနှစ် မိုးရွာသွန်းမှုက စံချိန်သစ်တွေ အများအပြား ရရှိတဲ့ အခြေအနေ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်နဲ့ တတိယ ၁၀ ရက်ပတ်ဆိုတာကတော့ မုတ်သုံလေ အားအကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ပင်လယ်ပြင်မုန်တိုင်းတွေ အနောက်ဘက် ရွှေ့လျားလာတဲ့အချက်က မြန်မာ့ ကမ်းရိုးတန်းဘက်က မုတ်သုံလေကို အားကောင်းစေတယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မှာ မိုးရွာသွန်းမှု လျော့နည်းနေတာ တွေ့ရပါတယ်။”
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနသာင်္ရီဒေသကြီးမှာ မိုးကြီးနိုင်ကာ လာမယ့် ဇူလိုင် ၂၃ ရက်နေ့လောက်မှာ မုတ်သုံလေ အားလျော့နိုင်ပြီး ၂၅ ရက်နေ့နောက်ပိုင်းမှာတော့ မုတ်သုံလေ အားကောင်းလာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက်ထုတ်ထားပါတယ်။
ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမူများကြောင့် ရန်ကုန်မြို.အပါအ၀င်မြို.ကြီးတချို.
ရေနစ်မြုပ်မှုတွေ ရှိနေပြီး တာချီလိတ်မြို့နယ် ၀ါကောင်းအုပ်စု ကချင်ရွာမှာ ဇူလိုင် ၁၃ ရက်နေ့ မနက် ၁ နာရီလောက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားလို့ ကလေး ၃ ဦး အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

No comments:

Post a Comment