Wednesday, August 27, 2014

မီးပွိုင့်ထားရှိသော်လည်းပျက်စီးမှု့ကြာမြင့် ပြုပြင်ရန်လိုအပ်

လှည်းကူး၊ သြဂုတ်-၂၄

လှည်းကူးမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးပြင်ပမြို့နယ်များအနက်  စီးပွားရေးအချက်အချာကျသော လမ်းပမ်းဆက်သွယ်မှု့ကောင်းမွန်သောမြို့နယ်တစ်ခုဖြစ်သည်။ ။
မြဝတီ ကော့ကရိတ် ဘားအံ မူဆယ် လားရှိုး မန္တလေး မော်လမြိုင်ဘက်မှ ခရီးသည်တင်ယာဉ်များ ကုန်တင်ယာဉ်များ ကိုယ်ပိုင်ယာဉ်များသည် လှည်းကူးမြို့မှနိစ္စဓူဝဖြတ်သန်းသွားလာလျက်ရှိနေသည်။ ။
ထို့အပြင် ပဲခူး-ရန်ကုန်ဘက်မှဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့်အခြားယာဉ်ကြီးယာဉ်ငယ်များ မင်းကုန်း ဖောင်ကြီးဘက်မှဝင်ရောက်လာသောခရီးသည်တင်ယာဉ်နှင့်အခြားယာဉ်ကြီးယာဉ်ငယ်များ ဆားတလင်းဘက်မှဝင်ရောက်လာသောယာဉ်ကြီးယာဉ်ငယ်များသည် လမ်းလေးသွယ်ဆုံရပ်ဖြစ်သော လှည်းကူးတာဆုံတွင် ယာဉ်ကြောရှုပ်ထွေးမှု့များဖြစ်ပေါ်ကာ ယာဉ်မတော်တစမှု့များမကြာခဏဖြစ်ပေါ်လျှက်ရှိသည်။  ။
လှည်းကူးတာဆုံဘေးတစ်ဖက်တစ်ချက်တွင်မီးပွိုင့်တပ်ဆင်ထားသော်လည်း မီးပွိုင့်ပျက်စီးမှု့မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက်ယာဉ်အန္တရာယ်အချိန်မရွေးဖြစ်ပေါ်စေနိုင်သည့်အပြင် မြို့အင်္ဂါရပ်နှင့်လည်းမညီညွတ်သဖြင့် အဆိုပါမီးပွိုင့်အားပြုပြင်ရန်လိုအပ်ကြောင်းရေးသားတင်ပြလိုက်ရပေသည်။  ။

မောင်နေလ(ကြိုးကြာကွင်း)

No comments:

Post a Comment