Tuesday, August 26, 2014

ပရဟိတကာချုပ်ကြီးထံပေးစာ အရောင်းရဆုံး စာအုပ်စာရင်းဝင်

 မြန်မာပြည်က လူမှုရေးအသင်းအဖွဲ့တွေ ပရဟိတလုပ်ငန်းနဲ့ပတ်သက်လာရင် နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးကျော်သူကို ကာကွယ်ရေးဦးစီးချုပ်သဖွယ် တင်စားပြီး ပေးပို့ထားတဲ့စာအကြောင်း ဆောင်းပါးအဖြစ် ပြန်ရေးထားတဲ့ စာအုပ်ထွက်နေပါပြီ။ ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာဆိုတဲ့စာအုပ် ဘာ့ကြောင့် ရက်ပိုင်းအတွင်းမှာပဲ အရောင်းရဆုံးစာရင်းဝင်သွားတာလဲ။
ပရဟိတလုပ်ငန်းတွေကို စိတ်တူကိုယ်တူ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ မင်္ဂလာသက်တမ်း ၃၃နှစ်ပြည့်အမှတ်တရအဖြစ် ထုတ်ဝေတဲ့စာအုပ်မှာ သူတို့ဇနီးမောင်နှံရဲ့ ပရဟိတအလုပ်တွေလုပ်ရင်း ကြုံတွေ့ရတဲ့ ခံစားမှု၊ အတွေ့အကြုံတွေကို ဆောင်းပါးအဖြစ် တစ်ပေါင်းတစ်စည်းတည်း ထုတ်ထားတာမို့ လူတန်းစားအားလုံး လေးလေးနက်နက် ဖတ်စေချင်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

ပရဟိတလုပ်နေသူတွေကို မကူညီတဲ့အပြင် တိုက်ခိုက်ဟန့်တား ပိတ်ပင်နှောင့်ယှက်မှုတွေ ရင်ဆိုင်ခဲ့ရတုန်းက ပရဟိတအလုပ်တွေကို စိတ်မပါတော့ဘူးလို့ပြောခဲ့တဲ့အပေါ် တစ်နိုင်ငံလုံးက လူမှုရေးအသင်းတွေက လူမှုရေးအလုပ်တွေကနေ ကျောခိုင်းမသွားဖို့ အားပေးတဲ့ ပေးစာကို စာအုပ်ခေါင်းစဉ်အဖြစ် ပြန်သုံးထားတာလို့ ဆိုပါတယ်။
ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာဟာ ဦးကျော်သူရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်ပြီး ပြီးခဲ့နှစ်ကလည်း ကျနော်သာ သမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
ဆောင်းပါးတိုင်းကို ဓမ္မရှုထောင့်ကနေ ချဉ်းကပ်ရေးသားခဲ့တာဟာ လူတွေအနေနဲ့ ကိစ္စတိုင်းမှာ ဓမ္မရှုထောင့်နေပဲ ကြည့်မြင်စေချင်ပြီး ဘဝမှာ တန်ဖိုးအထားဆုံးအရာက အမှန်တရားနဲ့ လွတ်လပ်မှုပါလို့ ပြောလာသူက ဒေါ်ရွှေဇီးကွက်ပါ။

နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း လူငယ်တွေဟာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်လာကြာတာဟာ အခြား မကောင်းတဲ့ကိစ္စကို လူကြိုက်များဖို့လုပ်တာထက်စာရင် အများအကျိုးလုပ်တာကို လက်ခံရမှာဖြစ်ပြီး တကယ် စိတ်နှစ်ပြီး ပရဟိတကို စိတ်ပါလက်ပါလုပ်တဲ့အခါမှာတော့ ပီတိကို ရမယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုပါတယ်။

ကမာရွတ်မီဒီယာ

No comments:

Post a Comment