ဦးဝင်းချို (ဓာတ်ပုံ – ဒီဗွီဘီ)
ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကို ကျောက်တံတားမြို့နယ်
တရားရုံးကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ပုဒ် ၁၈
နဲ့ ထောင်ဒဏ် ၃ လစီချမှတ်လိုက်ပါတယ်။
ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ဟာ အခုနှစ် မတ်လ တုန်းက လျှပ်စစ်မီတာ
ခတက်တဲ့ကိစ္စနဲ့ ပတ် သက်ပြီး ဆန္ဒ ဖော် ထုတ်တဲ့နေရာမှာ တာဝန် ရှိတဲ့
ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာလို့ သူတို့ရဲ့ ရှေ့နေ
ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
သူတို့နှစ်ဦးလုံးကို အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ထောင်ဒဏ် ၃ လစီချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကိုဝေဠုကိုတော့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့
ဆန္ဒဖော်ထုတ်ပွဲမှာ ဦးဆောင်ပါဝင် တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ နောက်ထပ် ၁
လချမှတ်တဲ့အတွက် စုစုပေါင်း ၄ လ ဒီကနေ့ ချမှတ်ခံရတာဖြစ်ပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment