Wednesday, August 27, 2014

ဓမ္မစေတီ ခေါင်းလောင်း တွေ့ထားတဲ့ အဆိုအပေါ် ဝေဖန်မှုတွေ များနေ

ရန်ကုန်မြစ်အတွင်းမှာ ​ရှာဖွေနေတဲ့ ​ဓမ္မစေတီခေါင်းလောင်းကို ​တွေ့ရှိထားတယ်လို့ ​ခေါင်းလောင်း ​ရှာဖွေရေးအဖွဲ့က ​ကြေညာ ​လိုက်ပါတယ်။အကြီးဆုံးရွှေရောင် ​နဂါးမင်းကြီးနဲ့တကွ ​နဂါး ​အပေါင်းတို့က ​ဓမ္မစေတီခေါင်းလောင်းတော် ​ကြီးကို ​အကြီးကျယ်ဆုံး ​ခမ်းခမ်းနားနား ​ဆီမီးပူဇော်နေတဲ့ ​အတွက်ကြောင့် ​သတင်းထုတ်ပြန်ရန် ​နောက်ကျရတာဖြစ်တယ်လို့ ​ခေါင်းလောင်းရှာဖွေရေး ​အဖွဲ့ခေါင်းဆောင် ​ဦးစံလင်း ​မြေပုံ- ​ကော့သောင်း) ​ရဲ့ ​ထုတ်ပြန်ချက်မှာ) ​ရေးထားပါတယ်။

ခေါင်းလောင်းကို ​ဒီရက်ပိုင်းအတွင်း ​ကုန်းပေါ်ကို ​သယ်ယူမှာ ​ဖြစ်တယ်လို့လည်း ​ရေးသားထားပါတယ်။
နှစ်ပေါင်း ​၄၀၀ ​လောက်ကြာအောင် ​နစ်မြုပ်နေတဲ့ ​ဓမ္မစေတီ ​ခေါင်းလောင်း ​ရှာဖွေရေးနဲ့ ​ပတ်သက်ပြီး ​ဝေဖန်သူတွေ ​များပြားသလို ​ယုံကြည်သက်ဝင်တဲ့ ​လူတွေကိုလည်း ​တွေ့နေရပါတယ်။
တချို့ကတော့ ​အဲဒီ ​ခေါင်းလောင်းကြီးက ​တကယ်ကော ​ရှိခဲ့ရဲ့လားလို့ ​မေးထားသလို ​တချို့ကလည်း ​ခေတ်မှီနည်းစနစ်တွေ ​အသုံးပြုပြီး ​ရှာဖွေဖို့ ​ပြောဆိုတာကို ​ရှာဖွေရေးအဖွဲ့က ​ငြင်းဆိုထားပြီး ​နတ်ပူဇော်တာတွေ ​လုပ်ဆောင်နေတဲ့အပေါ် ​ဝေဖန်နေကြတာ ​ဖြစ်ပါတယ်။ ​တချို့ကလည်း ​အခြေခံ ​ဥပဒေပါ ​ပုဒ်မ ​၄၃၆ ​ဘက်ကို ​အာရုံရောက်မသွားအောင် ​ဓမ္မစေတီခေါင်းလောင်းနဲ့ ​ပြည်သူတွေရဲ့ ​အာရုံကို ​လွဲလိုက်တာလို့လည်း ​ပြောနေကြပါတယ်။
အဲဒီခေါင်းလောင်းကို ​နတ်တွေ၊ ​နဂါးတွေ၊ ​ဂဠုန်တွေက ​စောင့်ရှောက်ထားတာ ​ဖြစ်တဲ့အတွက် ​သိပ္ပံနည်းကျကျ ​ရှာဖွေမှုအစား ​အခုလို ​မြန်မာ့နည်း၊ ​မြန်မာ့ဟန်နဲ့ ​ရှာဖွေမှ ​အောင်မြင်မယ်လို့ ​ဟောကိန်းထုတ်ထားတဲ့အတွက် ​အခုလို ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့လည်း ​မြန်မာသမိုင်းပညာကော်မရှင်က ​ဦးချစ်စံဝင်းက ​အေအက်ဖ်ပီကို ​ပြောပါတယ်။
အဲဒီခေါင်းလောင်းဟာ ​အလေးချိန်အားဖြင့် ​တန်ချိန် ​၂၉၀ ​ကျော်ရှိတဲ့လို့ ​ပြောဆိုတဲ့အတွက် ​Boeing ​777 ​လေယာဉ် ​တစ်စီးစာ ​အလေးချိန်လောက် ​ရှိပါတယ်။
အခုလောလောဆယ် ​ခေါင်းလောင်းရှာဖွေနေတဲ့ ​ရန်ကုန်မြစ် ​တဝိုက်မှာတော့ ​ဆယ်ယူရေးလုပ်ငန်း ​လုပ်နေတဲ့ ​နေရာသွားဖို့ ​လှေငှားစားတဲ့လူတွေ၊ ​ဓမ္မစေတီ ​ခေါင်းလောင်းအကြောင်း ​ရေးထားတဲ့ ​စာစောင်ကို ​ရောင်းချတဲ့လူတွေနဲ့ ​ပြည့်နှက်နေပြီး ​နေ့စဉ်နေ့တိုင်း ​လူပေါင်း ​ထောင်နဲ့ချီ ​လာရောက်ကြည့်ရှုနေကြတယ်လို့လည်း ​သိရပါတယ်။
ABC Radio Australia

No comments:

Post a Comment