Sunday, August 24, 2014

ပဲခူးတွင် ရထားအချက်ပြရထားတိုက်၍သေ

မြန်မာ့မီးရထား
ပဲခူး ၊မြို့မ ရဲစခန်းအပိုင် ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်း၊ မိုင်တိုင်အမှတ် (၅၂/၇)အနီးတွင် (၂၃.၈.၂၀၁၄)နေ့ နံနက်(၄း၃၀)အချိန်ခန့်က အမျိုးသားတစ်ဦး ရထားကြိတ်၍ သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်မှာ သေဆုံးသူ ကိုထွန်းလင်းဝင်း ရထားအချက်ပြ မောင်းတန်စောင့် ၊ မီးရထားဝင်း၊ ပဲခူးမြို့နေသူဖြစ်ပြီး ရထားလာ၍ ကလိသံလမ်းကူး မောင်းတန်ပိတ်ရန် သံလမ်းအား ဖြတ်ကူးစဉ် ရထားကြိတ် သေးဆုံးသွားခဲ့ရာ ထွန်းလင်းဝင်းမှာ ၀ဲ /ယာ ဒူးခေါင်းအထက် ပြတ်လု၊ ကြေမွဒဏ်ရာဖြင့် သေဆုံးနေပြီး ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ထွန်းလင်းဝင်း သေဆုံးခြင်းမှာ ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးပါရန် ဒုရဲအုပ် သောင်းမင်းထွန်းမှ တရာလိုပြု တိုင်တန်းသဖြင့် ပဲခူးမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၃/၂၀၁၄)အရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုသန့် စင်

BY THIT HTOO LWIN


No comments:

Post a Comment