Wednesday, March 19, 2014

"ကျေးဇူးတင်ပါတယ် ဒါပေမယ့်" “နှလုံးသားမှာဆူးနစ်ဝင်တယ်”



“နှလုံးသားမှာဆူးနစ်ဝင်တယ်”                                       
       အကူညီတောင်းသူထဲက အလုပ်သမားအကြီး အမှူးဖြစ်သူ ကိုခင်ဇေါ်ဝင်း က “ဆရာ.. ကျနော်တို့  လူကုန်ကူးခံခဲ့ရကောင်းလားလို့   ပြစ်ဒဏ်ခတ်ထား တာလားဗျာ၊  ကျနော်တို့ ဒီ ကယ်ဆယ်ရေးစခန်းထဲမှာ ဘာမျှော်လင့် ချက်မှမရှိပဲ တစ်နှစ်တိတိနေခဲ့ကြရပြီ။ ကျနော် တို့ မိသားစုနဲ့   ဝေးနေရတာပဲ အဖတ်တင်တယ်။ လူကုန်ကူးမှုကိုကျူးလွန်ကြတဲ့ဂိုဏ်းခေါင်း   ဆောင်ထောင် မကျသေးဘူး။ ထောင်ချခံနေ ရပြီဖြစ်တဲ့ဂိုဏ်းသား တွေ ကျနော်တို့ ထက်ေ တာင် အယင်လွတ်မလားမသိဘူး။ ကျနော်တို့ကို လူကုန် ကူးတဲ့ပွဲ စားတွေ ဆီက အဖိုး နည်းနည်းနဲ့ဝယ်ယူပြီး မသေမချင်းခိုင်းနေတဲ့ ထိုင်းငါးဖမ်းလှေပိုင်ရှင်   တွေ တရားရုံးကိုတောင်လာစရာမလို ဘူးဗျာ။ ကျနော်တို့ ဘယ်တော့ အိမ်ပြန်ရမလဲဆရာ၊ ကျနော်တို့ကို ကူညီပါ အုံးဗျာ” လို့ပြောတဲ့စကားဟာ ကျနော့်ရင်ကို စူးဆူးသလိုခံစားရတယ်။

             “ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ”
          

   ၂၀၁၃ ခုမတ်လ ၅ ရက်နေ့မှာ UNIAPမှ မြန်မာအရာရှိ ဦးမောရစ်က MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ရဲ့ ဖုန်းနံပါတ်ကို  ငါးဖမ်းလှေပေါ်မှ မောင်တိုး ဆိုသူကိုပေးခဲ့တယ်။ မောင်တိုး ကို ဆက် သွယ်လို့ရတဲ့အခါတိုင်း သတင်း အချက်အလက်တွေကို MAT က စုဆောင်းတယ်။  ရရှိတဲ့သတင်းအချက် အလက်တွေကို ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်း   ရေးအဖွဲ့DSI,မြန်မာ အလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း, ဘန်ကောက်မြို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT, ထိုင်းတောင် ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED တို့က ညှိနှိုင်းပူးပေါင်းေ ဆာင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ၁၀ ရက်နေ့မှာ ဒီလူတွေကို ပိတ်လှောင်ထားတဲ့အခန်းထဲက ကယ်တင်ခဲ့ကြတာပါ။
   ၂၀၁၃.ခုဧပြီလ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံDSI ဗဟိုရုံးချုပ်မှာ   မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ၀င်းနိုင်ထွန်း (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့-တပ်ဖွဲ့မှူး) Anti-trafficking in persons division(ATIPD),ဦးကျော်ကျော်လွင် (အလုပ်သမားသံအရာရှိ) ဦးနိုင်ထွန်း(ညွန်ကြားရေးမှူးအလုပ်သမားဝန်ကြီးဌာန၊ မြန်မာသံရုံး) ဒေါ်ဥမ္မာအိ
အိချော (UNIAPမြန်မာ) Dr Lisa (UNIAP, Regional Mangemanet Office)ဦးမောရစ်(UNIAP, Regional Management Office) ဦးကျော်သောင်း (ထိုင်းနိုင်ငံရောက်မြန် မာနိုင်ငံသားများအဖွဲ့MATက၄ဦးနဲ့ထိုင်းအင်ဂျီအို အချို့    တို့ပါဝင်တဲ့အစည်းဝေးတစ်ရပ်ကျင်းပခဲ့ကြပါတယ်။
               အဲဒီအစည်းဝေးပွဲမှာ ဦးနိုင်ထွန်းနဲ့MATမှ ဦးကျော်သောင်း တို့က  လူကုန်ကူးခံခဲ့ရတဲ့ အလုပ်သမားများထံမှရရှိထားတဲ့ VDOကလစ်နဲ့ သတင်းအချက်များကိုတင်ပြခဲ့ကြပါတယ်။ အဓမ္မပြုကျင့် ပြီးသတ် ဖြတ်၊ အလောင်းဖျောက်ခြင်း၊ ကတန် လ၀ကရုံးကြီးတွင် အခကြေးငွေမရရှိပဲ အလုပ်သမားတွေကို ဆေးသုတ်ခိုင်းစေတာနဲ့ ရဲအရာရှိဟောင်း တစ်ဦးပိုင် ဆိုင်တဲ့ရာဘာခြံကို ပင်လယ်ပြင်က၀င်လာပြီးတိုင်း အခကြေးငွေမရပဲ ခုတ်ထွင်ရှင်းလင်းရတာကို ဖုန်းကယ်မရာနဲ့ VDOရိုက်ထားတာကို တင်ပြ ခဲ့ကြတယ်။
     ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ၁၀ ရက်နေ့က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာမှာရှိတဲ့ ကတန်မြို့ ငါးဖမ်းလှေဆိပ်မှာရှိတဲ့ အခန်းတစ်ခန်းထဲမှာ အင်းဂျီဗလာ၊ ဘောင်းဘီစုတ်စုတ် ဆံပင်ဖွာလန်ကြဲေ တွနဲ့ အသားအရောင်မွဲခြောက်ခြောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို DSI, နယ်မြေခံရဲတွေ အကူညီနဲ့ MAT ပူးပေါင်းအဖွဲ့တွေ စီးနင်းဝင်ရောက် ကယ်ထုတ်နိုင်ခဲ့တယ်။ 
  “ကိုယ့်သားသမီးရောင်းစားခံနေရသလို ကိုယ်ဖိရင်ဖိ လုပ်ခဲ့ကြရတာ”

          MAT အဖွဲ့ဟာ သံမှူးဟောင်း ဦးနိုင်ထွန်းနဲ့ ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်   ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ် တို့ ရဲ့ ထောက်ပံ့ကူညီမှုတို့နဲ့ ကြိမ်ဖန် များစွာ အဲဒီကတန်လှေဆိပ်ကို လေ ယာဉ်နဲ့ရော ကားစင်းလုံးငှါးနဲ့ပါသွား   ရောက်ခဲ့ကြရတယ်။ MATအဖွဲ့ဟာ လုံခြုံရေးအရ အုပ်စုလိုက်သွားကြ ရတာမို့ စရိုက်စက အတော့် ကုန်ကျ ခဲ့ပါတယ်။  
            MAT အဖွဲ့ဟာ ရနောင်းကယ်ဆယ်ရေးစခန်းအတွင်းမှာရှိနေတဲ့ အလုပ်သမား ၁၅ဦးတို့ရဲ့အကူ အညီနဲ့ ကတန်ငါးဖမ်းလှေဆိပ်က အမျိုးသမီး ၂ဦးကို အမာခံသတင်းပေးအဖြစ်ထားရှိခဲ့ပြီး ၃လလောက် အချိန်ယူ စုံစမ်းခဲ့ရ ပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေကို မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့(ATIPD) နဲ့ DSI တို့ကို တင်ပြနေခဲ့သလို သူတို့ရရှိတဲ့သတင်း အချက် အလက်တွေကိုလည်း ကျနော်တို့ အခြေခံခဲ့ရပါတယ်။ တပြိုင်တည်းမှာ အင်္ဂလန်နိုင်ငံ  ယူကေမြို့က လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ ENVIRONMENTAL JUSTICE FOUNDATION (EJF) ကလည်း ဒီလူကုန် ကူးဂိုဏ်းအကြောင်း အဖြစ် အပျက်တွေကို VDO ရိုက်ကူးမှတ်တမ်း တင်ပြီးေ တာ့ ၂၀၁၃ ခု မေလ ၂၉ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ဝေပြီး၊ တကမ္ဘာလုံးသို့ ထုတ်လွှင့်ပြသခဲ့ပါတယ်။
              ဒီဂိုဏ်းကြီးကိုနှိမ်နင်းနိုင်ရေးအတွက် ၂၀၁၃.ခုဇူလိုင်လ၂၈ရက်နေ့မှာ DSIက ဒုတိယအကြီးဆုံး အရာရှိ Pol.Lt.Col.Komvich Padhanarath, AHTDမှ Pol.Maj.Arit Tatsaphan တို့နဲ့ MAT အဖွဲ့က ဦးကျော်သောင်း၊ ကိုမင်းမင်းနှင့် ကိုသူရဇေါ်တို့ ကတန်မြို့ကိုသွားရောက်ခဲ့ကြပါတယ်။ ဇူလိုင်လ၂၉နှင့်၃၀ ရက်တို့တွင် အထူးစုံစမ်းမှုတွေပြုလုပ်ကြပြီး ဇူလိုင်၃၀.ရက်နေ့မှာ အဆိုပါဂိုဏ်းသားအဖြစ် အလုပ်လုပ် ကိုင်ခဲ့ဖူးသူချာလီ  ဆိုသူရဲ့အခန်းကိုရှာဖွေ့တွေ့ရှိခဲ့ပြီး ရဲစခန်းသို့   ခေါ်ယူလာခဲ့ကြပါတယ်။
   

 
ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၅နာရီခန့်မှာ  
ကရင်(ခ)စိုးမြင့် ဆိုသူကိုမော်တော်ဆိုင် ကယ်နဲ့ထွက် ပြေးတာကို ဒေသခံပုလိပ်တွေနဲ့ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကရင်နဲ့မျှောလျှက်ဂိုဏ်းခေါင်းဆောင်ကိုမျိုး ၏နေအိမ်ကိုခြေရာခံမိခဲ့ တယ်။   ခေါင်းဆောင် နေအိမ်ခန်းကို ညဉ့်နက်ပိုင်းမှာစီးနင်းဝင် ရောက်ရှာဖွေ ခဲ့ပေမယ့် မဖမ်းမိခဲ့ပါဘူး။
               အခြားဂိုဏ်းသားတွေကိုရလိုရငြား DSI နှင့် MAT အဖွဲ့တို့ ကြိုးပမ်းနေကြစဉ်မှာ ကိုမျိုး မှ ကရင် (ခ)စိုးမြင့်ထံသို့ဖုန်းဆက်ခဲ့ပါတယ်။  ကိုမျိုးက အခြေအနေအရပ်ရပ်ကိုသိရှိနေဟန်ရှိတယ်။ ဒါကြောင့် သူက “ဘာတွေဖြစ်နေတာလဲ ကရင်,မင်းဟာထမင်းနဲနဲပဲစားသေးတယ်ကရင်၊ ငါအများကြီးစားထားပြီးကရင်၊ မင်းတို့က ငါ့ကိုတော်တော်လျှော့ တွက်တာ ကိုး။ မင်းအနားကကောင်တွေနား ထောင်နေတယ်။ ကိုယ့်အမေ ကိုယ် -ိုးတွေ၊  -ီးပဲလို့၊ ငါ့ကိုထောင်ထဲမထည့်နဲ့ ငါ့ကိုတစ်ခါတည်းသတ်ပလိုက် လို့”ဆိုပြီး ဆဲဆိုတဲ့အသံကိုလည်းMATအဖွဲ့ကVDO ဖြင့်တောက်လျှောက် မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်နေ့နံနက်၃နာရီအချိန် အထိ စုံစမ်းမှုတွေ ပြု လုပ်ခဲ့ကြပါတယ်။
            ဇူလိုင်လ၃၁ ရက်နေ့ညနေပိုင်းမှာMATအဖွဲ့ကိုDSIက ခဏဘန်ကောက်ကိုပြန်ဖို့ပြောတာကြောင့်ပြန်လာခဲ့ကြပါတယ်။ သြဂုတ် လ၁. ရက်နေ့မိုးလင်း၆နာရီမှာ ဘန်ကောက်သို့MATအဖွဲ့ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမယ့်MATအဖွဲ့ဟာနားနေအိပ်စက်ခြင်းမရှိပဲ ချာလီနဲ့ အခြားသတင်းေ ပးတွေထံသို့ ဖုန်းနဲ့စဉ်ဆက်မပြတ် ဆက်သွယ်စုံစမ်းပြီး နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေကို DSI အရာရှိ Komvich ထံသို့ သတင်းပေးပို့နေခဲ့ပါတယ်။ မွန်းလွဲ၂နာရီအချိန်တွင် Komvichက ဂိုဏ်းခေါင်းဆောင်ကိုမျိုးအား စူရတ်မြို့ ပြင် ရာဘာခြံတစ်ခုမှာ ၀ိုင်းထားပြီး ပစ်ခတ်နေကြကြောင်းသတင်းပို့လာတာကြောင့်MATအဖွဲ့နဲ့ မြန်မာသံမှူး ဦးနိုင်ထွန်း တို့ လိုက်ပါသွားရန် အဆင်သင့်ပြင်ဆင်နေခဲ့ကြပါသည်။
  ညနေ၃နာရီခန့်မှာ လက်ဖြောင့်သေနတ်ပစ်ခတ် ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်းသိရှိခဲ့ရပြီးနောက် ဦးနိုင်ထွန်း နဲ့MAT  အဖွဲ့တို့ ဦးနိုင်ထွန်း စီစဉ်တဲ့ ကားတစ်စီနဲ့ညတွင်းချင်းလိုက်ပါသွားခဲ့ကြပါတယ်။  
           သြဂုတ်လ၂ရက်နှင့်၃ ရက်တို့မှာ ကျန်နေသေးတဲ့ဂိုဏ်းသားတွေနေ ထိုင်ရာကို အသေးစိတ်လေ့ လာ စုံစမ်းမှုများဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သြဂုတ်လ၄ရက်နေ့မှာရှောင်တိမ်းနေကြတဲ့ဂိုဏ်း သားတွေကို ရာဘာခြံတွေမှာ သီးခြားစီ ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းအစိုးရ ဟာ အောင်မြင်မှုအဖြစ် ထိုင်းသတင်းမီဒီယာတွေနဲ့သတင်းစာရှင်း ပွဲတွေလုပ် ခဲ့ကြတယ်။
                     “ထိုင်းလူကုန်ကူးမှုဥပေဒကပန်းနဲ့ပေါက်သလိုပဲ”
   ကျနော်တို့တွေဟာ ငါးဖမ်းလှေဆိပ်တွေ၊ ပင်လယ်အစားအစာ ထုတ်လုပ် တဲ့အလုပ်ရုံတွေ၊ အခန်းပိတ်လှောင်တဲ့အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ နဲ့ ပြည့်တန်ဆာရုံတွေကို ထိုင်းအစိုးရနဲ့အတူ ၀င်ရောက်ကယ်ထုတ်ကြ ပါတယ်။ ဒါပေမယ့် လူကုန်းကူးမှုကိုကျူးလွန်တဲ့ လူကုန်ကူးသူတွေ၊ အလုပ်သမားတွေကို အဓမ္မခိုင်းစေတဲ့လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မတွေ့ရသလောက်ပါပဲ။
   မှတ်မှတ်ရရ၂၀၁၁.ခုနှစ်က ဘန်ကောက်မြို့လယ် ဒင်းဒဲန်အရပ်မှာရှိ တဲ့   မြန်မာအမျိုးသမီးတစ်ဦးနဲ့ တရုတ်နိုင်ငံသား တစ်ဦးတို့တည်ထောင်ထားတဲ့ အထည်ချုပ်အလုပ်ရုံတစ်ရုံက အလုပ်သမား ၃၅ ဦးကိုကယ်ထုတ်ခဲ့ကြတဲ့      လူကုန်ကူးမှုမှာတော့ ဒီလင်မယား ၂ဦးတို့ ထောင်ကျသွားခဲ့တယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြတယ်။ အခြားလူတွေပြစ်ဒဏ် ချမှတ်တာခံရတယ်ဆိုတာ မကြားဖူးဘူး။
                ကိုမျိုးတို့ဆီမှာအချိန်ကြာကြာဒုက္ခခံခဲ့ရသူတစ် ဦးဖြစ်တဲ့ ပဲခူးတိုင်းက ဆန်းထိုက်ဝင်း ဆိုတဲ့ လူငယ်တစ်ယောက်ပါတယ်။  ကြက်သားအလုပ်ရုံကိုလုပ်ဖို့လာတာ ပင်လယ်ထဲကို မလိုက်နိုင်ဘူးလို့ ခံပြောလို့၊  ပွဲစားတွေအုပ်စုလိုက် ၀ိုင်းရိုက်၊ ဓါးနဲ့ခုတ်လို့ ညာဘက်လက်ကောက်ဝတ်နဲ့ လည်ပင်းမှာ ဓါးဒဏ်ရာရရှိသွားခဲ့တယ်။ အသက်သေမှာစိုးလို့ လှေလိုက်ပါမယ်ပြောမှ ထုနှက်တာတွေကိုရပ်ကြပါတယ်။ အဲဒီဒဏ်ရာတွေကြောင့် ဆန်းထိုက်ဝင်း ဟာ ပွဲစားတွေအလုပ်သမားတွေကို ၇လတိုင်တိုင် ထမင်းချက် အလုပ်နဲ့နေခဲ့ ရတတယ်။ ဒဏ်ရာတွေ ပျောက်သွားမှ ပင်လယ်ထဲကို ၅လကျော် အလုပ်လုပ်လိုက်ရတယ်။ ဒါကြောင့် သူဟာလူကုန်ကူးဂိုဏ်းသားတွေ ကြမ်းကြုတ်တာတွေကို အသိဆုံးလို့ ပြောနိုင်ပါတယ်။
                သူကဆရာ ကျနော့်ရှေ့မှာ အလုပ်သမား၇ယောက်သတ်တာ ကျနော့်မျက်မြင်ပဲ။  ထုတ်တန်းကကြိုးနဲ့ လည်ပင်းကိုကြိုးကွင်းစွတ် တယ်၊   အောက်ကခုံကို ခြေထောက်နဲ့ ကန်လိုက်တယ်။ တုတ်နဲ့မသေ မချင်းသတ်လို့သွေးတွေ အခန်းနံရံမှာ ပယ်ကျံနေတာခုထိရှိနေဆဲဖြစ်တယ်။ အလုပ်မလုပ်ချင်တော့လို့ ပြန်မယ်ပြောသူကို ခြေထောက်ကို သံကြိုးခွေေ တွချည်ပြီး  ရေထဲကို အရှင်လတ်လတ်ပစ်ချသတ်တယ်။ အဆိုးဝါးဆုံး  သတ်ဖြတ် တာတစ်ခုကတော့ မောင်ငယ် ဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ပွဲစားတွေအခန်းနောက်က သစ်ပင်မှာနောက်ပြန်ကြိုးတုတ်ပြီး ချည်တယ်။ ပြီးရင် ခါချဉ်ထုတ်ကို ချွေချတယ်။ ခါချဉ်ကိုက်လို့အော်တော့ သတင်းစာ စက္ကူကို ရေဆွတ်ပြီး ပါးစပ်မှာထည့်ထားတယ်။ တစ်နာရီလော က်ကြာတော့
ခါချဉ်ကောင်တွေ အုံခဲလို့ နာကျင်လို့အော်နေတာကို ပွဲစားတွေက အရက်သောက်ရင်း ထိုင်းကြည့်နေကြ တယ်။ ပြီးတော့မှ ဂိုဏ်းခေါင်းဆောင် ကိုမျိုး ဆိုဟာ သွေးအေးအေးနဲ့ မောင်ငယ် ၀မ်းဗိုက်ကို ခွဲပစ်တဲ့မြင် ကွင်းဟာ မကြာမကြာ အိပ်မက်မက်လို့လန့်နိုးနေတယ်လို့ ကိုဆန်းထိုက်ဝင်း က ပြောတယ်။
                 သူက“ဆရာရယ်၊ ဂိုဏ်းခေါင်းဆောင်ကိုမျိုး မှာငါးဖမ်းလှေတွေ မှာ ရောင်းစားထားတဲ့ ရာပေါင်း များစွာရောင်းစားထားတဲ့ လူတွေလုပ်အားခ ကို လတိုင်းလာပြီးသူ့မိန်းမ လာထုတ်စားနေတယ်။ သူတို့ ချမ်းသာနေတာပဲ။ အချုပ်ခန်းထဲမှာလည်း ကြိုက်တာမှာစားနေနိုင်တာပဲ။ ကျနော်တို့ကဒီလူသတ် မုဒိန်းကျင့် လူကုန်ကူးမှုကြီးကို မျက်မြင် သက်သေ အဖြစ် နေရတဲ့ လူတွေ ကတော့ ကယ်ဆယ်ရေးစခန်းထဲမှာတစ်နှစ်ပြည့်ပြီ။ ခု ကျနော်တို့ ဆေးလိပ်   တောင်မသောက်ရဘူး။ ကျနော်တို့လုပ်ခဲ့တဲ့လုပ်အား ခတွေကို တစ်ရက် ၉၀ဘတ်နုန်းနဲ့ရှင်းတယ်။ ကယ်ဆယ်ရေးစခန်းထဲမှာ ကြာနေတဲ့အချိန် အတွက် ကျနော်တို့ကို ထိုင်းနဲ့ မြန်မာအစိုးရတို့က သင့်တော်တဲ့ နစ်နာမှုမျိုးပေးစေချင်တယ်။ ဘာမျှော်လင့်ချက်မှမရှိတာကြောင့်၎ယောက်   ပြေးသွားပြီ၊ တကယ်စိတ်ဓါတ်ကျတယ်ဆရာ” ဟု ပြောချာသည်။
“ဆီပူအိုးမှ ရေနွေးပူအိုးထဲသို့”
                        
           ဒီဝေါဟာရနဲ့ ဒီအတွေ့အကြုံတွေဟာ လွန်ခဲ့တဲ့လေးနှစ်လောက် ကတည်းက ခံစားခဲ့ဖူးပြီး။ ဒါပေမယ့်ခုထိရင်ထဲမှာ တလှပ်လှပ်ကြေကွဲရ ဆဲဖြစ်တယ်။ လူကုန်ကူးခံရတဲ့လူတွေဟာ လူသားတစ်ယောက်အဖြစ် ကလုံး ၀ပျောက်သွားခဲ့ရတာပါ။ အသက်ရှုတဲ့စက်ရုပ်သဖွယ်အလုပ်လုပ်ရသူပါ။ ဘာဆိုဘာမှ မျှော်လင့်ချက်မရှိပဲ ပင်လယ်ပြင်ထဲမှာ အလုပ်လုပ်ကြရတာပါ။ ဘယ်တော့မှာများ မိမိဒေသကို ပြန်ရောက်မယ်၊ မိသားစုနဲ့ ပြန်တွေ့ရဖို့  ဆိုတာမသေချာ။ 

မိမိတို့ဆိုက်ရောက်နေရတဲ့ အနေအထားကို တွေးမိလေးတိုင်း  လူကူးကုန်းခံရသူတိုင်း ယောက်ျားတန်မဲ့ ငိုကြရတယ်လို့ ဆိုပါတယ်။ အချို့ဆို  စိတ်ခံစားမှုကို မခံစားနိုင်တော့လို့ သေခါမှသေရော ကမ်းမမြင် လမ်းမြင် ပင်လယ်ထဲကို ခုန်းဆင်းလို့ သေသွားတဲ့သူတွေအမြောက်အမြား ရှိသလို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ သြစတေလျှတို့ကို ရောက်သွားခဲ့ရတဲ့ သူတွေတောင်ရှိတယ်။
            လူတစ်ယောက်၊ ကုမ္ပဏီတစ်စု ချမ်းသာဖို့အတွက် ထိုင်းငါးဖမ်းလှေပေါ်မှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား  လူမျိုးတွေ ကျေး ကျွန်းထက်အဖြစ်ဆိုးတဲ့ လူတစ်ယောက်လို့သတ်မှတ်လို့ မရအောင် အလုပ်လုပ်နေခဲ့ကြရတာ ဆယ်စုနဲ့ချီကြာနေခဲ့ကြပြီဖြစ်တယ်။
             လပေါင်းများစွာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း နေ့ရောညပါ အလုပ်လုပ်နေခဲ့ရာကနေလူရည်လည်သူတစ်ချို့ရဲ့ဆက်သွယ်ဆောင်ရွက်မှု
တွေကြောင့်ဖြစ်ဖြစ်၊ မိသားစုတွေက အဆက်အသွယ်ကောင်းလို့ပဲဖြစ်ဖြစ် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ကြသူတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ လွတ်မြောက်လာတဲ့ တဒင်္ဂ တစ်ခဏတာမှာတော့  တစ်သက်လုံးမှာ အပျော် ဆုံးနေပါပဲ။ ကျနော်တို့ ၀ယ်ကျွေးတဲ့ စားစရာသောက်စရာအကောင်း   စားတွေကို စားပို့နင်မတတ် အားရပါရ စားသောက်ကြတာတွေကိုကြည့်ရင်း
ကျနော်တို့ ပီတိမျက်ရည်ကျရပါတယ်။ အဲဒီအချိန်မှာ လူကုန်ကူးခံခဲ့ရသူတွေ ကြည့်တဲ့မျက်လုံးတွေဟာကျနော်တို့ကို နတ်သိကြားတမျှ ထင်မှတ်မှားေ လာက်အောင် အံ့သြခြင်း ကျေးဇူးတင်ခြင်းတွေများစွာနဲ့တစ်ချို့များဆိုရင် ထိုင်းရှိခိုးကြပါတယ်။
             လူကုန်ကူးမှုတိုက်ဖျက်ရေးရဲစခန်းကိုရောက်တဲ့အခါ ကျနော်တို့က ခေါင်းလျှော်ခိုင်းပါတယ်။ အမွှေးဆပ်ပြာတွေနဲ့ရေချိုးခိုင်ပါတယ်။ ပြီးတော့အလှူရှင်တွေလှူထားတဲ့ အ၀တ်အထည်အသစ် ဖိနပ် အသစ်တွေ ကိုဝတ်စေပါတယ်။ ကျနော်တို့နိုင်သလောက် ငွေအနည်းငယ်ကိုလည်းပေးပါတယ်။ အဲဒီ အချိန်မှာ လူကုန်ကူးခံခဲ့ရသူတွေရဲ့ လန်းဆန်းနေမှုနဲ့ အိမ်ပြန်ရတော့မယ်၊ မိသားစုေ တွနဲ့ မကြာမီပြန်တွေ့ရ တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ သူတို့မျက်လုံးတွေမှာ အထင်အရှားပေါ်လွင်နေပါတယ်။ ကျနော်တို့လည်း သူတို့ကိုကြည့်ပြီး ကြည်နူးကြရပါတယ်။
ဘာကြောင့်လူကုန်ကူးမှုဖြစ်နေသလဲဆိုတာနိုင်ငံတကာ လူကုန်ကူးမှုအဖွဲ့ အစည်းတွေသိကြပါတယ်။ ဘယ်လမ်းကြောင်းတွေက လူကုန်ကူးနေကြ တယ်ဆိုတာလည်းသိကြပါတယ်။ ဘယ်သူတွေ လူမှောင်ခို ကုန်ကူးေ နကြတာလဲဆိုတာလည်းသိနေကြပါတယ်။ လူကုန်ကူးခံရသူတွေကို ဘယ်နေ ရာတွေမှာ အသုံးချ နေတယ်ဆိုတာကိုလည်းသိရှိကြပါတယ်။ ဒါဆို ဘာကြောင့်လူကုန်ကူးမှုကိုလုံးဝပျောက်ကွယ်သွားအောင်၊ ရပ်တန့်သွားေ အာင် မလုပ်နိုင်ကြတာလဲ။ မေးစရာဖြစ်နေပါတယ်။
                                                               ကျော်သောင်း
---------------------------------------------------- -----------------------
နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုကိစ္စတစ်ခုဖြင့် တစ်ပါတ်ကျော်ကြာ  ခရီးထွက်ခဲ့
ရပါသဖြင့် မတ်လ၁၀ ရက်နေ့ကတည်းက အွန်လိုင်းပေါ်ကိုတင်မည်ဟု မူလ
ကရည်ရွယ်ခဲ့သော်လည်း အတင်မဖြစ်ခဲ့သည်ကို အနုအညွတ်တောင်းပန်အပ်
ပါတယ်။                                                ရွှေလုပ်သား 
 
Copy from http://www.goldenworkers.asia/

No comments:

Post a Comment