Monday, March 17, 2014

သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ့်စက်မှု အပိုင်း(၁)



၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့ ည(၁၀)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ဈေးတန်း(၂)ရပ်ကွက်
တွင်နေထိုင်သော ကိုစိုးသူအောင်(ခ)စောင်းစောင်းနှင့် အသက်(၁၇)နှစ်အရွယ်ရှိ မောင်ကုလား(ခ)မင်းအောင်ပိုင်ဆိုသူတို့အား သစ်တောညွန်ကြား
ရေးမှူး (AD)ဦးဂျွန်ထွန်းဦး(ပါ)၁၅ ဦးအဖွဲ့မှ ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူများနှင့် မိသားစုဝင်များအား တွေ့စုံမေးမြန်းခဲ့ရာ " ကျွန်တော်သမီးလေးကို ယောက္ခမတွေရှိတဲ့
ညာတေးကျေးမှာ ဆိုင်ကယ်နဲ့သွားကြိုတာ။ ယောက္ခမက မိုးချုပ်နေပြီ မနက်ဖြန်မှ ကလေးကို ငါတို့မြို့ချောင်းကို လာပြန်ပို့ပေးမယ်ပြောလို့ ကျွန်တော်
တစ်တည်း မြို့ချောင်းကို ပြန်အလာ လမ်းမှာ ကားတစ်စီးကျွန်တော်ဆီထိုးဝင်လာလို့ လမ်းဘေးချရပ်ပြီး ရှောင်ထားပေးလိုက်ပါတယ်။ ကျွန်တော်အ
နားရောက်မှ ကားက (စူပါကာတန်)ကားဆိုတာ ကျွန်တော်သိလိုက်ရတယ်။ အဲဒီ(စူပါကာစတန်)ကားပေါ်မှလူတစ်ယောက်ဆင်လားပြီး ကျွန်တော်မျက်နှာကို
ထိုးပါတယ်။ ကျွန်တော်က ကျွန်တော်ဘာအပြစ်ရှိလို့ ထိုတာလဲလို့ မေးတော့ ငါက(AD)ကွ ထိုးတော့ဘာဖြစ်လဲဆိုပြီး ကျွန်တော်ကိုပြောပါတယ်။ ပြောပြီးတဲ့
အချိန်အတော်အတွင်းမှာ ကားပေါ်မှာကျန်ရှိနေတဲ့လူ (၈)ဦး(၉)ဦးခန့်ကလည်း ကားပေါ်မှ ဆင်လာပြီးတော့ ထိုးကြပါတယ်။ ကန်ကြပါတယ်။အဲဒီမှာ ကျွန်တော်
လဲသွားပါတယ်။ လဲသွားပြီးတော့မှ ကျွန်တော်ကိုမလုပ်ပါနဲ့လို့တောင်ပန်ရင်နဲ့ ကာရင်းနဲ့ ကျွန်တော် ငုတ်တုတ်ထထိုင်လိုက်တာကို ကားရဲ့အမိုးပေါ်မှာ မိုးဖွင့်ပြီး
ကျန်တဲ့လူတစ်ယောက်က ကျွန်တော်ကိုလေးခွနဲ့ပစ်ပါတယ်။ ကျွန်တော်ကိုဘာဖြစ်လို့ လုပ်ကြတာလဲ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်လို့ ကျွန်တော်ပြော
တဲ့အချိန်မှာ တာဝန်ရှိရဲဝန်ထမ်း(၂)ယောက် ရောက်လာပါတယ်။ ရောက်လာပြီးတော့ ဘာဖြစ်ကြတာလဲလို့မေးတော့ ဒီကောင်ကိုဖမ်းဖမ်း လက်ထိပ့်ခက်ဆိုပြီး
တောပြောပါတယ်။ ရဲတစ်ယောက်ကနေပြီးတော့ ကျွန်တော်ရဲ့ ညာဘက်လက်တစ်ဖက်ကို လက်ထိပ့်ကောက်ခက်လိုက်ပါတယ်။ အဲဒီကောင်ကိုခေါ်သွားပြီး
တော့ စစ်ဆေးရေးဂိတ်မှာခေါ်ထားလိုက်လို့ (AD)ဆိုတဲ့လူကပြောပါတယ်။ အဲဒီလိုပြောဆိုပြီးတော့ ကျွန်တော်ကို ၀ိုင်းထိုးကြိတ်တဲ့လူတစ်စုနှင့် (AD)ဂျွန်ထွန်းဦး
ဆိုသူတို့ အပေါ်ကိုဆက်တတ်သွားပါတယ်။ ရဲဝန်ထမ်း(၂)ဦးကို ကျွန်တော်က ကျွန်တော်ကိုဘာဖြစ်လို့ဖမ်းကြတာလဲလို့မေးတော့ မသိဘူးလေကွာ လူကြီးက
ငါတို့ကို ခက်ခိုင်းလို့ ငါတို့ခက်ရတာပါလို့ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဆရာတို့ ကျွန်တော်မျက်နှာကိုလည်း ကြည့်ဦး ဒဏ်ရာဒဏ်ချက်တွေ
ကြီးပဲ။ နံတွေလည်းကန်ထားတာ ဒီမှာဖိနပ်ရာတွေကြီးပဲလို့ပြတော့မှ ရဲဝန်ထမ်းလူကြီးတစ်ယောက်ကိုဖုန်းဆက်ပြီး ကျွန်တော်ကို လက်ထိပ့်ဖြုတ်
ပေးပါတယ်။ သစ်တောရုံးဂိတ်ကို ကျွန်တော်ကိုခေါ်လာပါတယ်။ သစ်တောစစ်ဆေးရေးရုံးဂိတ်တွင် ကျွန်တော်နဲ့ ရဲဝန်ထမ်း(၂)ဦးတို့နှင့်အတူတိုင်နေစဉ်
ရဲဝန်ထမ်းတပ်ကြပ်ကြီးရောက်လာပါတယ်။ ကျွန်တော်ဘာမှအပြစ်မရှိဘဲ အခုလိုဝိုင်းထိုးကြိတ်/၀ိုင်းရိုက်တာကိုကျွန်တော်မကြေနပ်ဘူး ဆရာကြီးကျွန်တော်
ကို ကူညီပေးပါဦးလို့ ကျွန်တော်ပြောပါတယ်။ အေးအဲဒါဆိုလဲ မနက်ကျမှ အမှုဖွင့်တိုင်ကြားလို့ပြောနေတဲ့အချိန်မှာပဲ ကောင်လေးတစ်ကောင်ဆိုင်ကယ်
နဲ့ဆင်လာပါတယ်။ အဲဒီကောင်ကိုတားထားတားဆိုပြီးတော့မှ ဆိုင်ကယ်သုံးလေးစီးဖြင့်နောက်ကနေလိုက်လာပြီး အဲဒီကောင်လေးကို ထိုကြ/ကြိတ်ကြ
တာကိုတွေပါတယ်။ ခဏကြာတဲ့အချိန်မှာ ကောင်လေးရဲ့မိဘများရောက်လာပြီး အဲဒါကျွန်တော်သားဆိုင်ကယ် သော့ပြန်ပေးပါပြောတော့ မပေးဘူး
ကွာ ငါက(AD)ဂျွန်ထွန်းဦးကွဆိုပြီးပြောတော့မှ ကျွန်တော်လည်း သူရဲ့အမည်အတိအကျသိရပါတယ်။ ကျွန်တော်လို့ပဲ ၀ိုင်းတားပြီး ၀ိုင်းထိုးကြိတ်ခံရ
တဲ့ကောင်းလေးက ကုလားလေး(အမည်)လို့ သိရပါတယ်။ အသက်ကခက်ငယ်ငယ်ပါပဲ။ အဲဒီအချိန်မှာ ဆရာကြီးတင်ဝင်းဆိုသူမှ မင်းပြန်တော့ဆိုပြီး
ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ဘာမှအပြစ်မရှိဘဲနဲ့ ကိုယ့်ဘာကိုသွားလာလှုပ်ရှား စားသောက်နေတဲ့လူ တစ်ဦးတစ်ယောက်ကို
အဲဒီလိုအုပ်စုလိုက်ဖွဲ့၍ အနှိင်ကျင့်နေတာကိုလည်း ကျွန်တော်လုံးဝမကျေနပ်ပါဘူး။ အဲဒီလည်းမဖြစ်အောင်လို့ တားဆီးပေးချင်ပါတယ် "ဟု ကိုစိုးသူ
အောင်(ခ)စောင်းစောင်းမှ ပြောသည်။

အမှန်တရားဖော်ထုတ်ရေးအဖွဲ့

No comments:

Post a Comment