Saturday, March 22, 2014

(NLD)ပါတီဝင်တစ်ဦး၏ တိုင်ကြားမှုကြောင့် မေတ္တာရှင်လူမှုကူညီရေးအသင်းပိုင် ယာဉ်(၂)စီး လိုင်စင်မဲ့ဖြစ် သိမ်းဆည်းခံရ


ညောင်လေးပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်တစ်ဦးဖြစ်သည့် ဦးတင်မြင့်၏ တိုင်တန်းမှုကြောင့် တော်ဝိကျေးရွာရှိ အများပြည်သူတစ်ပိုင်တစ်နိုင်
နာရေး၊ကျန်းမာရေးကိစ္စများကို(အခမဲ့)ကူညီပေးနေသော မေတ္တာရှင်လူမှုကူညီရေးအသင်း၏ နိဗ္မာန်ယာဉ်တစ်စီးနှင့် အရေးပေါ်လူနာတင်ယာဉ်တစ်စီး စုစုပေါင်းယာဉ်(၂)စီးတို့အား လိုင်စင်မဲ့ယာဉ်အဖြစ် ၂၀၁၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ညောင်လေးပင်မြို့မရဲစခန်းမှ သိမ်းဆည်းသွားပြီး
မေတ္တာရှင်လူမှုကူညီရေးအသင်း ကော်မတီဝင်များ(ပါ)လူပုဂ္ဂိုလ်(၇)ဦးအား သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ(၈)ဖြင့် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သေခံပြည်သူများ၏ ပြောပြချက်အရသိရှိရသည်။

ယင်းကိစ္စနှင့်ဆက်လျှဉ်း၍ ဖြစ်စဉ်အမှန်းကို လေ့လာစုံစမ်းခဲ့ရာ .....
ဦးတင်မြင့်သည် တော်ဝိကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သမီးယောက်ဖတော်စပ်ပြီး အများပြည်သူအတွက်မဲစနစ်ဖြင့် ရောင်းချပေးသော ဖုန်းကဒ်များကိုရောင်းစားခဲ့သဖြင့်
ကျေးရွာနေပြည်သူများမှ တိုင်းကြားခဲ့ပါတယ်။ ထိုသို့တိုင်ကြားမှုတွင် မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးပါဝင်ခဲ့ပါသည်။ ထို့နောက် တော်ဝိကျေးရွာရှိအထက်တန်းကျောင်းရံပုံ
ငွေထဲမှ ငွေ(၅)သိန်းကျပ်တိတိအား လိမ်လည်ခဲ့၍ ကျောင်းအကျိုးတော်ဆောင်းများမှ တိုင်ကြားခဲ့ပါသည်။ ယင်းကိစ္စရပ်တို့အား ပုဂ္ဂိုလ်ရေးအငြိုးထားပြီး ဦးတင်မြင့်မှ
မေတ္တာရှင် လူမှုကူညီရေးအသင်းပိုင်ကား(၂)စီးအား လိုင်စင်မဲ့ကားအဖြစ်တိုင်ကြားခဲ့ပါတယ်။ ညောင်လေးပင်မြို့မရဲစခန်းမှ (၂၁.၃.၂၀၁၄)ရက်နေ့မှာ
လူနာတင်ကားနှင့် နိဗာန်ယာဉ်ကား(၂)စီးအား လာရောက်သိမ်းဆည်းသွားခဲ့ပါသည်။ ထပ်မံ၍ လူပုဂ္ဂိုလ်(၇)ဦးအား သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ-(၈)ဖြင့် ဖမ်းဆီးရန်တိုင်ကြားခဲ့သဖြင့် ညောင်လေးပင်
်မြို့မရဲစခန်းမှ ဖမ်းရန်လာခဲ့ပါသည်။ ဖမ်းဆီးခံရမည် လူပုဂ္ဂိုလ်(၇)ဦးသည် မေတ္တာရှင်လူမှုကူညီရေးအသင်း ကော်မတီဝင်များနှင့် ကျေးရွာကျောင်းအကျိုးတော်
ဆောင်များဖြစ်ကြောင်း ဖမ်းဆီးခံရမည့်သူများမှ အဖမ်မခံရသေမှီ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ဒီကနေ့ (၂၂၊ ၃၊ ၂၀၁၄)ရက်နေ့တွင် ညောင်လေးပင်မြို့မရဲစခန်းသို့ ရန်ကုန်၊ ပြည်၊ ကြို့ပင်ကောက်၊ ပြွန်တန်ဆာနှင့်ညောင်လေးပင်မြို့များရှိ လူမှုရေးကူညီမှုအသင်းများမှ
ညောင်လေးပင်မြို့မရဲစခန်းသို့ သွားရောက်တောင်းပန်ခဲ့ရာ တိုင်ကြားသူ ဦးတင်မြင့်အား သွားရောက်တောင်းပန်ရန် ပြောကြားခဲ့ပါတယ်။ တိုင်ကြားသူဦးတင်မြင့်ထံ
သို့ လူမှုကူညီရေးအသင်းများမှ သွားရောက်တောင်းပန်ခဲ့သော်လည်း ဦးတင်မြင့်မှ လက်မခံခဲ့ကြောင်း သိရသည်။
ဦးတင်မြင့်သည် ၈၈ အရေးအခင်းတွင် ဆန်တွဲဖောက်ယူသည့်ပြဿနာနှင့် တောခိုသွားခဲ့ပါသည်။ အလင်းပြန်ဝင်ပြီး ယခု NLD အဖွဲ့တွင် မြို့နယ်စီးမှူးအဖြစ်လည်းကောင်း၊
တော်ဝိကျေးရွာအထောက်အကူပြု ဥက္ကဌ အဖြစ်လည်းကောင်း၊  မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

မှန်တရားဖော်ထုတ်ရေးအဖွဲ့


No comments:

Post a Comment