ရန်ကုန်တိုင်းဒေသကြီးဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်လေး ထောင့်ကန်ရပ်ကွက်လမ်းဆုံတွင် ရှိသောTOYA HERCULE အမည်ရှိအထည်ချုပ်စက်ရုံတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်မှစ၍ ၎င်းစက်ရုံတွင် ရှိသော အလုပ်သမား ၁၂၇ ယောက်မှစက်ရုံရှေ့တွင်ဆန်္ဒဖော် ထုတ်ခဲ့ကြောင်း သိရသည်။
HERCULE အထည်ချုပ် စက်ရုံမှအလုပ်သမန်းယုမော် ကပြောကြားရာတွင် ဖေဖော်ဝါရီ လ လစာကို မတ်လ ၇ ရက်နေ့ တွင် ထုတ်ပေးရာ လစာတစ်သိန်း ခုနှစ်သောင်းကျပ်ရသောအလုပ် သမားများကို ရှစ်သောင်းကျပ် သာထုတ်ပေးခြင်း၊ လစာတစ်သိန်း နှစ်သောင်းကျပ်ရသော အလုပ် သမားများကို ခြောက်သောင်း ကျပ်ထုတ်ပေးခြင်း၊လစာကိုးသောင်း ကျပ်ရသော အလုပ်သမားများကို ခြောက်သောင်းကျပ်ထုတ်ပေးခြင်း၊ စက်ရုံရှိအလုပ်သမား ၁၂၇ ယောက်က၎င်းင်းတို့ထုတ်ပေးသော လစာ (တစ်ဝက်)ငွေကိုမယူဘဲ မိမိတို့လုပ်အားခငွေအပြည့်ထုတ် ပေးရန်အတွက် ယခုလိုဆန္ဒဖော် ထုတ်ရကြောင်း ပြောပြပါသည်။
အလုပ်သမားမသင်းသင်းမာ ကပြောကြားရာတွင် မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက ၎င်းတို့ပေး သော လစာငွေကိုမယူပါက တိုင်ချင်ရာတိုင်နိုင်ကြောင်း၊ ဥပဒေ နဲ့ ရှင်းမယ်ဟုကြိမ်းဝါးပြောဆို ကြောင်း၊စက်ရုံပိတ်မည်ဟုမပြော သော်လည်း စက်ရုံလည်ပတ်နိုင် ရန် ယခင်က မစ္စတာဂျမ်းနှင့် ဒေါ်အေးအေးခိုင်တို့ပိုင်ဆိုင်သော အပ်ချုပ်စက်များ၊ အထည်များ၊ ချုပ်လက်စအထည်များHER CULE စက်ရုံတွင်မရှိတော့ကြောင်း ပြောပါသည်။
အရိန္ဒမာ(ဘိုကလေး)
Copy from http://hotnewsweekly.com
No comments:
Post a Comment