Monday, March 17, 2014

သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ့်စက်မှု အပိုင်း(၂)


" စာဖက်ပရိတ်သက်ကြီးရေ " ပဲခူးတိုင်းဒေသကြီး သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ်စက်မှု အပိုင်း(၁)ကို ဖက်သင့်သလောက်ဖက်ပြီး
ကြပြီပေါ့။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ဈေးတန်း(၂)ရပ်ကွက်မှာ နေထိုင်တဲ့ ကိုစိုးသူအောင်(ခ)စောင်းစောင်းရဲ့ ရင်ဖွင့်ထားတဲ့ ရုပ်/သံ
ဗွီဒီယိုဖိုင်အတိုင်း စာဖက်ပရိတ်သက်ကြီးသိရှိအောင် ရေးသားတင်ပြထားတာပါ။ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ(၁၈)ရက်နေ့မှာ ကိုစိုးသူအောင်(ခ)စောင်းစောင်းမှ ဖဒိုရဲစခန်းတွင်

သစ်တောညွန်ကြားရေးမှူး (AD)ဦးဂျွန်ထွန်းဦးအား အမှုဖွင့်ပေးရန် သွားရောက်တိုင်ကြားခဲ့ပေမယ့် ရဲစခန်းကအမှုမဖွင့်ပေးပဲ (က-ခ)ပုံစံဖြစ် ကျောက်တံခါးမြို့နယ်တရားရုံးကို သွား
ရောက်ဦးတိုက်ရှောက် အမှုဖွင့်စေခဲ့ပါတယ်။ ကျောက်တံခါးမြို့နယ်တရားရုံးက ယင်းအမှုနှင့်ပတ်သက်ပြီး ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့ ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်။
တရားရုံးက ဘယ်လိုဆုံးဖြတ်ဦးမလဲဆိုတာတော့ စာဖတ်ပရိတ်သက်ကြီးအနေနဲ့စောင့်မျှော်ကြည့်ကြဦးပေါ့။
" ကဲ " သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ့်စက်မှု အပိုင်း(၂)ကို စာဖတ်ပရိတ်သက်ကြီး ဆက်ပြီးတော့ဖတ်ကြဦးစို့ .....
မောင်ကုလား(ခ)မင်းအောင်ပိုင်(ဘ)ဦးသန်းထွန်းဦး အသက်(၁၇)နှစ်ပဲ ရှိသေးတယ်။သူက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာမှာပဲနေတယ်။ ၂၀၁၄ခုနှစ်၊
ဇန်န၀ါရီလ(၁၇)ရက်နေ့ ည(၁၀)နာရီ(၃၀)မီးနစ်ခန့်မှာ သစ်တောညွန်ကြားရေးမှူး (AD) ဂျွန်ထွန်းဦး(ပါ)၁၅ ဦးအဖွဲ့၏ ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့သူ တစ်ယောက်ပါ။ ကိုစိုးသူ
အောင်(ခ)စောင်းစောင်းနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မောင်ကုလား(ခ)မင်းအောင်ပိုင်မှာ ယနေ့အချိန်ထိ မိဘများထံပြန်လည်ရောက်
ရှိလာခြင်းမရှိသေးပါ။
ယင်းကိစ္စနှင့်ဆက်လျှင်း၍ မောင်ကုလား(ခ)မင်းအောင်ပိုင်၏ ဖခင်ဖြစ်သူ ဦးသန်းထွန်းဦးအား သတင်းအမှန်ရရှိရေး သွားရောက်မေးမြန်းခဲ့ရာ " အဲဒီနေ့ညနေက ကျွန်တော်သားက ကျွန်တော်ကို
အဖေသား လူတစ်ယောက်ကို (၈)မိုင်ဘတ်(ဆိုင်ကယ် ကယ်ရီ)သွားပို့ရမယ်လို့ပြောတယ်။ သားမှာအဖေါ်ကောပါရဲလားလို့ မေးတော့ ပါတယ်။ ဦးမျိုးကော သွားမှာလို့ပြောတယ်။ အဲဒါဆိုလည်း
ငါ့သား သွားလိုက်ပို့လိုက်ပေါ့ဟု ပြောလိုက်တယ်။ အဲဒီည(၁၀)ခွဲကျော်မှာ ကိုမျိုးရောက်လာပြီး ကိုသန်းထွန်းဦး ကိုသန်းထွန်းဦးရဲ့ သားကို စိန်ကန့်လန့်လမ်း သစ်တောဂိတ်မှာ
သစ်တောအဖွဲ့တွေ ၀ိုင်းဖမ်းပြီးရိုက်နှက်နေကြတာကို တွေ့ခဲ့ရတယ်လို့လာပြောတယ်။ ကျွန်တော်လည်းကြားကြားချင်း စိန်ကန့်လန့်လမ်း သစ်တော့စစ်ဆေးရေးဂိတ်ကို ကျွန်တော်ရယ်၊ ညီဖြစ်သူ
ဝင်ထွန်ရယ်၊ လာပြောတဲ့ကိုမျိုးနှင့် ရွာသား ဆယ်လေးငါးယောက်လောက် လိုက်သွားကြတယ်။ ဟိုရောက်တော့ ကျွန်တော်သားကိုမတွေ့တော့ဘူး သူစီသွားတဲ့ဆိုင်ကယ်ကိုပဲ တွေ့ရတယ်။
ကလေးက ကြောက်လန့်ပြီးထွက်ပြေးသွားတယ်လို့ မျက်မြင်တွေရှိရတဲ့သူတွေက ကျွန်တော်ကို ပြောတယ်။ ကျွန်တော်လည်းရောက်ရောက်ချင်း ကျွန်တော်သားဆိုင်ကယ်ကိုတွေ့တော့
ကျွန်တော်သား ဆိုင်ကယ်သော့ကိုပြန်ပေးပါ။ ကျွန်တော်သားကိုဘာဖြစ်လို့ ၀ိုင်းရိုက်ကြတာလဲလို့မေးတော့ ငါက(AD)ဂျွန်ထွန်းဦးကွ ငါသစ်တောပိုင်နက်ထဲမှာ မင်းတို့ကို ခုတ်သတ်ပစ်လို်က်လို့ရတယ်။
ငါလုပ်ချင်သလို့ရတယ်ကွ ဆိုပြီး စကားကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီး (စူပါကာစတန်)ကားပေါ်ကနေ ဓါအရှည်ကြီးကိုဆွဲပြီး ကျွန်တော်တို့ဆီလာတယ်။ကျွန်တော်တို့လည်း အခြေအနေမကောင်းလို့
သူပိုင်ဧရိယာထဲဖြစ်လို့ နောက်ကြောင်းပြန်လှည့်ပြီး ဖဒိုရဲစခန်းကိုသွားတိုင်ဖို့လုပ်ခဲ့ရတယ်။
ဖဒိုရဲစခန်းရောက်တော့ သစ်တောညွန်ကြားရေးမှူး(AD)ဂျွန်ထွန်းဦးဆိုတဲ့သူက အရင်ရောက်နှင့်နေပြီ။ သူက ကားနဲ့ဆိုတော့ ရင်ရောက်နှင့်တာပေါ့။ ရဲစခန်းကို ကျွန်တော်တို့ရောက်တော့
စခန်းမှူးက ကျန်တဲ့လူတွေအပြင်မှာနေနေလို့ပြောတယ်။ ကျွန်တော်နှင့်နှစ်ယောက်၊ သုံးယောက်ပဲဝင်ပြီး ဖဒိုရဲစခန်းမှူးကို အကြောင်းစုံပြောပြတယ်။ (AD)ဂျွန်ထွန်းဦးစီးလာတဲ့
(စူပါကာစတန်)ကာပေါ်မှာ တုတ်၊ဓါးတွေပါတယ်လို့ပြောပြီး ကျွန်တော်တို့က ရဲစခန်းမှူးကို စစ်ဆေးခိုင်းပါတယ်။ စခန်းမှူးက အထက်လူကြီးကားဖြစ်လို့ မစစ်ဆေးရဲဘူးလို့ပြန်ပြောတယ်။ အမှုဖွင့်မယ်ဆို
မနက်မှပဲလာခဲ့လို့ပြောလို့ ကျွန်တော်တို့အားလုံးပြန်လာခဲ့ရတယ်။ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၁၈)ရက်နေ့ နံနက်မှာပဲ ကျွန်တော်တို့ ဖဒိုရဲစခန်းကိုသွားပြီး အမှုသွားပြန်ဖွင့်တော့ အမှုကဖွင့်လို့မရတဲ့အပြင် ကျွန်တော် ဦးသန်း
ထွန်းဦး၊ ညီဖြစ်သူ ဦးဝင်းထွန်းနှင့် ကျွန်တော်သား မောင်ကုလား(ခ)မင်းအောင်ပိုင်တို့ကို ၀တ်တရားနှေက်ယှက်မှု၊ ဆဲဆိုမှုတို့ဖြစ် (AD)ဦးဂျွန်ထွန်းဦးမှ အမှုဖွင့်ထားကြောင်းပဲ ကျွန်တော်တို့ သိလိုက်ရတယ်။
ဘာဆက်လုပ်လို့လုပ်ရမှန်းကို ကျွန်တော်တို့ မသိတော့ပါဘူး။ ကျွန်တော်သားကို ဥပေဒေမဲ့ရိုက်နှက်တာလည်ခံရသေးတယ်။ ကျွန်တော်ရယ်၊ ကျွန်တော်သားရယ်၊ ညီဖြစ် ကိုဝင်းထွန်တို့ အခုအမှုပြန်ဖွင့်ခံရတာ
မဖြစ်သင့်ဘူး။ ဒီကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများ သိစေလို့ပါတယ်။ အခုကျွန်တော်သားလည်း ကြောက်လန့်ပြီးထွက်ပြေးသွားလို့ အသိမိတ်ဆွေတွေကို တွေလျှင်ပြန်ခေါ်ခဲ့ပေးပါလို့ အကူအညီ
တောင်းထားရပါတယ် "ဟု ပြောပြသည်။
" ကဲ " စာဖတ်ပရိတ်သက်ကြီးရေ...ဒီလောက်ဆို ပဲခူးတိုင်းဒေသကြီး၊ သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ် မတရားနှိပ့်စက်တာ။ တရားဥပဒေ၏ အကာအကွယ်ကို ပြည်သူတွေမရ
ရှိကြတာ သိရှိရပြီးပေါ့။ ကျွန်တော်တို့ အမှန်တရားဖော်ထုတ်ရေးအဖွဲ့အနေဖြင့် ကာယကံရှင်ပြည်သူများ၏ ပြောပြချက် ရုပ်/သံဖိုင်များကို နိုင်ငံတော် သမ္မတရုံးသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊
သစ်တောနှင်သတ္ထုတွင်းဝန်ကြီးဌာန၊ ၀န်ကြီးရုံးသို့လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အထက်လူကြီးမင်းများထံသို့ ပေးပို့ထားပြီးဖြစ်ပါသည်။ စာဖတ်ပရိတ်သတ်ကြီးအနေနဲ့
ဥပဒေမဲ့ရိုက်နှက်ဖမ်းဆီးခံခဲ့ကြရတဲ့ သူများနှင့် မိသားစုဝင်များ၏ ပြောပြချက် ရုပ်/သံ အပြည်အစုံကို http://drguidingstar.blogspot.com/ အဲဒီလင့်လေးမှာ ကြည့်ရှုနိုင်ပါတယ်လို့ အသိပေးတင်ပြအပ်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်.... အမှန်တရားဖော်ထုတ်ရေးအဖွဲ့

No comments:

Post a Comment