အုပ်ချုပ်ရေးအာဏာဆိုတာ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကိုပေးတဲ့
အုပ်ချုပ်ရေးယန္တရားနဲ့ သူ့ကိုကြီးကြပ်တဲ့ အစိုးရကို ဆိုလိုခြင်းဖြစ်တယ်။ ယနေ့ခေတ် အုပ်ချုပ်သူအစိုးရ
အနေဖြင့် အခွန်း ထမ်းပြည် သူဦး စားပေးရေး စနစ်မျိုးနဲ့သွားမည်ဆိုလျှင် အခွန်ထမ်းဆောင်နိုင်ရန်ခက်ခဲသော
အခြေခံလူတန်းစား လယ်သမား၊ အလုပ်သမားတွေ အတွက်ထိရောက်မှုရှိနိုင်/မရှိနိုင်ကို ကြိုတင်တွက်ချက်ဖို့လိုအပ်ပါလိပ့်မည်။
လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းလည်ပတ်ရန်မြေနေရာနှင့် လုပ်ပိုင်ခွင့်တွေဟာ အခြေခံလူတန်းစားတွေဖြစ်သည့်
အလုပ်သမား၊ လယ်သမားတို့၏ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေများသိမ်းဆည်းခံရမည့်အခြေအနေကိုတော့မဆိုက်ရောက်သင့်ပါ။
တိုင်းပြည်ဘဏ္ဍာငွေရဖို့အတွက် အခြေခံလူတန်းစားတွေရဲ့
ဘ၀ကိုဖျက်ဆီးပြီး အရင်တည်ရန် မသင့်လျှော် ကြောင်းအသိပေးတင်ပြရခြင်းဖြစ်ပါသည်။
ဒေါက်တာလမ်းပြကြယ်
No comments:
Post a Comment