Wednesday, February 20, 2013

လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင် ရွှေပြည်သာမှာ မပီပြင်


၂၈.၁၀.၂၀၁၂နေ့မှာသာဓုကန်ဘုန်းတော်ကျောင်းဓမ္မာရုံမှာစုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နှင့်လယ်သမားများတွေဆုံခဲ့ပြီစုံစမ်းစစ်ဆေးရေးကော်မရှင်မှဦးအောင်သိန်းလင်း၊ဒေါက်တာမြင့်ကြည်၊ဦးအောင်ဇင်၊ီးခိုင်မောင်ရည်တို့လယ်ယာမြေသိမ်းဆည်းခံလယ်သမားများ၏နစ်နာမှုများကိုစစ်ဆေးဆောင်ရွက်ရန်ကော်မရှင်အနေဖြင့်လာရောက်တွေ့ဆုံဖြေရှင်းရန် လာရောက်ခဲ့ပါသည်။
လယ်သမားများမှနစ်နာမှုများကိုကော်မရှင်လူကြီးများတင်ပြခဲ့ပါသည်ကော်မရှင်မှလယ်သမားများတင် ပြသောကြောင်းအရာများကို စစ်ဆေးတဲ့အခါမှာလုပ်ငန်းရှင်များဘက်ကိုလည်းမလိုက်ဘူးလယ်သမား များဖက်ကိုလည်းမလိုက်ဘူးမှန်မှန်ကန်ကန် စစ်ဆေးတွေ့ရှိချက်များကိုစုံစမ်းစစ်ဆေးရေးကော်မရှင်အ နေဖြင့်လွှတ်တော်သို့ပြန်လည်တင်ပြပေမှာဖြစ်ပါသည်။အကယ်၍လုပ်ငန်းရှင်များနှင့်လယ်သမား နှင့် ညှိနှိုင်း ဆောင်ရွက်လို့ပြေလည်မှုရမည်ဆိုရင်လည်းညှိနှိုင်းပေမည်ဟုပြောဆိုခဲ့ပါသည် စက်မှုဇုန်သိမ်း လယ် သမားများမှလယ်တစ်ဧလျှင်သိန်း(၄၀)ဖြင့်ရလိုကြောင်တင်ပြခဲ့ပါသည်ယခုလိုတင် ပြခဲ့မှုအပေါ် ကော်မရှင်အဖွဲဝင်တစ်ဦးဖြစ်သူဦးခိုင်မောင်ရည်မှလယ်သမားများတောင်ဆိုသောငွေကြေး မှာအလွန်နဲ သောကြောင့်လယ်သမားများကိုစိတ်ဆိုးကြောင်းပြောဆိုခဲ့ပါသည်။

ဒုတိယအကြိမ်တွေဆုံပွဲတွင် အိုးအိမ်ပါတယ်၊လယ်သမားခေါင်ဆောင်တွေပါတယ်၊စုံစမ်းစစ်ဆေးရေး ကော်မ ရှင်မှ ဦးအောင်သိန်းလင်း၊ဒေါက်တာမြင့်ကြည်၊ဦးခိုင်မောင်ရည်၊တို့ပါဝင်ခဲ့ပါသည်ဆွေးနွေးပွဲ ပြီသွားတဲ့အချိန်မှာဦးခိုင်မောင်ရည်မှအသိမ်းခံလယ်ယာမြေများကို ငွေကြေးမတောင်ခံပဲလယ်မြေများ သာပြန်လည်တောင်းခံဖို့ပြောဆိုခဲ့ပါသည်၊
၂၆.၁၂.၂၀၁၂နေ့မှာအင်ဂျင်နီယာ အသင်းချုပ်ရုံး တွင်လယ်သမားများနှင့် စက်မှုဇုန်လုပ်ငန်းရှင်းများ စုံစမ်းစစ်ဆေးရေးကော်မရှင် မှဥက္ကဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်ပြီးညှိနှိုင်းပွဲပြု လုပ်ခဲ့ပါသည်၎င်း ပွဲတွင် လယ်သမားများ ဘက်မှတစ်ဧကသိန်း(၈၀)ပေးရန်တင်ပြခဲ့ပါသည် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ ဥက္ကဌမှ လုပ်ငန်းရှင် များနှင့်လယ်သမားများပြေလည်မှုရှိစေရန်ညှိနှိုင်းပါဟုပြေဆိုခဲ့ပါသည် နောက်ပိုင်း တွင် လယ်သမားမှ(၂၅)သိန်းတောင်ဆိုခဲ့ပါသည်လုပ်ငန်းရှင်ဘက်မှ(၂၂)သိန်းပေခဲ့ပါသည် (၂၂)သိန်း ယူခဲ့ရ သည့်အကြာင်းမှာဦးခိုင်မောင်ရည်မှယခုပေသော(၂၂)သိန်းကိုယူခဲ့ရင်မြန်မြန်ပြီမည် ဖြစ်ပြီး(၂၅) သိန်း ကို တောင်းခံနေမည်ဆိုလျှင်လွှတ်တော်သို့ဆက်လက်တင်ပြရမည် ယခုလိုလွတ်တော်သို့တင်ပြရ မည်ဆိုလျှင်ခင်ဗျားတို့ကိစ္စတွေမှိုတတ်သွားမည်ဟုပြောဆိုခဲ့ပါသည်။
လည်းကောင်းပြောဆိုမှုကြောင့်လယ်သမား များမှကြံကြာမည် ကိုစိုးရိမ်သဖြင့် လုပ်ငန်းရှင်မှပေးသော (၂၂)သိန်းကိုလက်ခဲ့ပါသည်လက်ခံခဲ့(၂၂)သိန်းကိုဦးခိုင်မောင်ရည်မှတပါတ်အတွင်းပေးရန်ဆုံးဖြတ်ညွန် ကြားခဲပါသည်။ လုပ်ငန်းရှင်ဦးစိုးမြင့်မှလည်းတပါတ်အတွင်ပေးပါမည်ဟုကတိပေးပြောဆိုခဲ့ပါသည်၊

တကယ်တမ်းပေးလျော်မှုကိုတော့၁၅.၂.၂၀၁၃နေ့မှပေလျော်ခဲ့ပါသည် ပေလျော်ရမည်(၂၂) သိန်းကို လည်း တလုံးတခဲထဲမပေးပဲ ပထမအရစ်အဖြစ်(၁၇) သိန်းကိုသာပေလျှောပြီးကျန်တဲ့(၅)သိန်းကို ၁.၆၂၀၁၃ နေ့တွင် ပေမည်ဟု ပြောဆိုပြီယခုပေး လျော်ရာတွင်လည်းတစ်နေ့ကို လယ်သမား သုံးဦးလေးဦသာပေးလျော် နေခြင်း ဖြစ်ပါ သည်၊လယ်သမားတွေ ကတော့ နေ့ စဉ်မိမိရရှိရမည် လျော်ကြေး ငွေ ကိုရရှိရန်ဒုက္ခခံ နေစဉ် စောင့် ဆိုင်း နေရပါသည်။
ရွှေပြည်သာ တစ်မြို့လုံး ဧက ၁၀၀၀၀ ကို စုံစမ်းတာမဟုတ်ဘဲ ယခုအခါ သာဓုကန် စက်မှုဇုန် ဧက ၅၂၆ . ၇၉ ဧက ကိုဘဲ လာပြီး စုံစမ်းရင်း မပီပြင်ဖြစ်နေတာပါ ။
ကျန် ဧက ၉၀၀၀ ကျော်အတွက် လားလားမှ မစုံစမ်းသေးပါဘူး ။ ဒါကိုဘဲ ကျနော်တို့က ရွှေပြည်သာ တစ်မြို့လုံး ပြီးစီးတယ်ထင်မှတ်မှားနေတာဖြစ်ပါတယ် ။

ထွက်ဆိုသူများ - ဦးကြည်လှိုင် - ဦးကျော်ငြိမ်း - ဦးတင်လှ - ဒေါ်မြမြလွင်

မေးမြန်းရေးသားသူ - ဦးအောင်မျိုးဦး - အတွင်းရေးမှူး - မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

ရက်စွဲ - ၂၁ - ၂ ၂၀၁၃ ( ကြာသပတေးနေ့ )

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

No comments:

Post a Comment