Wednesday, February 20, 2013

ဥပဒေပြုရေးအာဏာ

ဥပဒေပြုရေးအာဏာဆိုတာ အုပ်ချုပ်ရေးအာဏာကျင့်သုံးတဲ့အစိုးရနဲ့ အုပ်ချုပ်ခံတွေလိုက်နာရမည့် ဥပဒေတွေပြ ဌာန်းပေးတဲ့ လွှတ်တော်ဖြစ်ပါတယ်။ ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ လွှတ်တော် (၂)ရပ်ပေါင်းထား သည့် ပြည်ထောင်စုလွှတ်တော်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စား လှယ်ကြီး တွေ အမှန်တကယ်ထမ်းဆောင်ရမည့်တာဝန်တွေက
(၁) ဥပဒေပြုခြင်း၊ ဥပဒေပြုရန်အကြံပြုခြင်း၊ ဥပဒေကြမ်းများကို ဆွေးနွေးဝေဖန်ခြင်း၊
(၂) အုပ်ချုပ်ရေးအာဏာကျင့်သုံးမှုကို ရေးရာကော်မတီများ ဖွဲ့စည်းစောင့်ကြည့်စစ်ဆေးခြင်း၊
(၃) ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ပေးခြင်း စတာတွေပါတယ်။
Law Maker ခေါ် ကိုယ်စားလှယ်များ မည်မျှအရည်အချင်းရှိကြသနည်း၊ မည်သည့်နည်းနှင့် လွှတ်တော်ပေါ်သို့ ရောက်ရှိလာသနည်း၊ Congressional Law ခေါ် လွှတ်တော်လုပ်ထုံးလုပ်နည်းဥပဒေ မည်သို့ရှိသနည်း စသည်တို့ပေါ်တွင် မူတည်ပါလိမ့်မည်။

ဥပဒေအရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ဟုတ်မဟုတ် စောင့်ကြည့်ရန်လွတ်တော်နှစ်ရပ်တွင် ကော်မတီ များရှိပါလိမ့်မည်။ ဥပဒေမရှိသောကြောင့်၊ ဥပဒေခေတ်မမီသောကြောင့် “မူ”အစား“လူ”က ဆုံးဖြတ်ရပါသည်ဟု ရေးရာကော်မတီများကတွေ့ရှိလျှင်လွှတ်တော်နှစ်ရပ်ကဥပဒေအဖြစ်ပြုပေးရပါလိမ့်မည်။
 ခေတ်မမီလျှင် ခေတ်မီအောင် Amendment ပြုလုပ်ရပါလိမ့်မည်။

No comments:

Post a Comment