Tuesday, February 19, 2013

တပ်မြေကိစ္စ နှင့် ပတ်သက်လျှင် နားပိတ်ပြီးသာအိပ်နေတော့

 
တပ်မတော်က သိမ်းထား သောလယ်မြေကိစ္စနှင့်ပတ်သက်၍ “ခင်ဗျားတို့နားပိတ်ပြီးသာ အိပ် နေပါ။ နောက်တစ်လအတွင်း ထူး ခြားပါမည်”ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်နှင့်အဖွဲ့ဝင် များက ၇-၂-၂၀၁၃ ရက်တွင် တောင်ဥက်္ကလာပရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးရုံး၌ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်မှ လယ်သိမ်းခံရသော လယ်သမားများအား ပြောကြား သွားကြောင်း အဆိုပါအစည်း အဝေးကို တက်ရောက်သူများက ပြောကြားလျက်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်း ဘေးစမ်းကြီးဝကွင်း ကွင်းအမှတ် (၄၀၇)အေ၊ (၄၀၇)ဘီ၊ (၄၀၇)စီ၊ (၄၀၈)အေ ကွင်းများကို ၁၉၉၂ တွင် တပ်မတော်က သိမ်းယူသွား ကြောင်း ထိုသို့သိမ်းယူခြင်းကြောင့် လယ်သမား ၈၀ခန့်မှာ အဆိုပါ လယ်တွေမှာပဲ သီးစားငှားပြီး ပြန် လည်စိုက်ပျိုးနေပေမဲ့ တစ်ဧက စပါး ၁၆ တင်းပေးနေရာမှ နောက်ပိုင်းတွင် တင်း၂၀အထိ
တိုးတောင်းလာခြင်းကြောင့် တချို့မှာလက်လွှတ်လိုက် ရပြီး တချို့ဆိုလျှင် နေရာစရာမရှိလို့ လယ်တွေက စွန့်လွှတ်ပြီး ရထားလမ်း အောက်ခြေရှိ ရေ၀ပ်နေရာတွင် ကန်စွန်းခင်းများစိုက်ပြီး တစ်လ ၁၀၀၀၀ နှုန်းဖြင့် ငှားရမ်းစိုက်ပျိုး ခဲ့ပြီး နေထိုင်ခဲ့ကြောင်း စိုက်ပျိုး ခြင်းကို အဓိကမဟုတ်ပေမဲ့ နေ ထိုင်ဖို့ကို အဓိကထားပြီး ယခု အချိန်ထိ အဆိုပါနေရာမှာပဲ နေ ထိုင်နေလျက်ရှိပြီး ““တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိမ်း ထားတဲ့မြေတွေကို ပြန်ပေးမယ် ပြောတော့ အဒေါ်တို့တော့ မျှော် လင့်ပါတယ်။ ကိုယ့်မြေကိုယ်ပြန် ရမယ်ဆိုလို့ အတိုင်းမသိဝမ်းသာ တယ်။ ဘယ်လိုပြောရမှန်းကို မသိဘူး။ တပ်မတော်ကစစ်ဆေး ပြီးပြန်ပေးမယ့်ရက်ကိုပဲ စောင့်နေ တယ်””ဟု လယ်သူမတစ်ဦးက ပြောကြားပါသည်။ ယခုအခါ တပ်မတော်က လယ်များပြန်ပေး မယ်ဟု သိရှိသောစီးပွားရေးလုပ် ငန်းရှင် ခရိုနီနှင့် ပါတီကြီးတစ်ခု တို့က လယ်မြေပြေစာများကို လိုက်လံဝယ်ယူနေလျက်ရှိခြင်း ကြောင့် အရှုပ်အရှင်းပြဿနာ များမဖြစ်ရလေအောင် လယ်သ မားများပိုင်ဆိုင်သော ဧကအလိုက် ကိုယ့်နေရာကို အမှတ်အသား တိုင်များ စိုက်ထူနေလျက်ရှိ ကြောင်း အဆိုပါလယ်သမားများ ထံမှသိရှိရပါသည်။

မောင်ငွေ

copy from http://www.hotnewsweekly.com

No comments:

Post a Comment