Thursday, November 8, 2012

ပဲခူးမြို့ shinsung အထည်ချုပ်စက်ရုံက အလုပ်သမားများ လုပ်အားခလစာတိုးမြင့်ပေးရေးဆန္ဒထုတ်ဖော်



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပဲခူးသက္ကသိုလ်အနီး ယန်စီကျန် အထည်ချုပ်စက်ရုံဝန်းအတွင်း  shinsung စက်ရုံမှ လုပ်သမား ၂၀၀၀ ဦးသည်  အခြေခံလုပ်အားခလစာတိုးမြင့်ပေးရေးကို နိုဝင်ဘာ ၅   ရက်နေ့မှ ၈ရက်နေ့အထိ  ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရှိရ သည်။
 
အဆိုပါ လုပ်အားခတိုးမြင့်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက်ပြီး စက်ရုံအလုပ်သမတစ်ဦးကို တွေ့ဆုံမေးမြန်းရာ မှာတော့ “ ကျမတို့ ရသင့်ရထိုက်တဲ့ လုပ်အားခတွေအပြည့်အ၀မရရှိဘူး။ သုံးလတစ်ခါ လုပ်အားခတိုးမြင့်ပေး မယ် ဆိုပြီး မတိုးမြင့်ပေးဘူး။ အလုပ်ကိုလည်း ပုံမှန်ထက် ပိုပြီး ဆမတန် အထည်တွေချုပ်ခိုင်းတယ်၊ မဖြစ်နိုတာတွေခိုင်းတာပေါ့။ ခိုင်းတော့လည်း နွားနဲ့နှိုင်းပြီးခိုင်းပါတယ်လို့ ”ပြောကြားသွားပါသည်။
နိုဝင်ဘာလ ၈ရက် နေ့လည်(၁၂း၄၅)နာရီမှာ ပဲခူးမြို့နယ်မှ အလုပ်သမားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များရောက်ရှိလာပြီး အလုပ်သမားကိုယ်စားလှယ်(၁၀)ဦးကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လုပ်သမားတို့၏ တောင်ဆိုချက်များကို အလုပ်ရှင်နှင့်အလုပ်သမား (၂)ဦး နှစ်ဖက် အပြန်အလှန်ဆွေးနွေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ သို့သော် စက်ရုံအလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ် ရှင် များက ယနေ့အချိန်ထိလိုက်လျှော်ပေးခြင်းမရှိသေးပါ။ စတင်ဘာလတွင် ဖြတ်တောက်ထားသော လစာ ငွေကြေး များကိုသာ ပြန်လည်ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။
အလုပ်သမားများ၏ တောင်ဆိုချက်များမှာ helper အခြေခံလစာ ၄၅၀၀၀ကျပ်၊ ရက်မှန်ကြေး ၆၀၀၀ကျပ်၊ ထောက်ပံ့ကြေး ၁၁၀၀၀ကျပ်၊ Qc (အထည်စစ်) အခြေခံလစာ ၆၀၀၀၀ကျပ်၊ ရက်မှန်ကြေး ၆၀၀၀ကျပ်၊ ထောက်ပံ့ကြေး ၁၁၀၀၀ကျပ် တိုးမြင့်ပေးရန်နှင့် နိုင်ငံတော်ပိတ်ရက်အလုပ်ဆင်းရလျှင် နေ့စားလုပ်ခ(၂)ဆ၊ ရုံးပိတ်လျှင်(၁)ဆ တို့ဖြစ်ပါသည်။ ၄င်းတို့၏ တောင်းဆိုချက်များကို အလုပ်ရှင်မှ လိုက်လျှော်မှုမရှိပါက စက်ရုံအတွင်း အလုပ်မလုပ်ပဲ ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဖေ့သား(ပဲခူး)

No comments:

Post a Comment