Saturday, November 3, 2012

စုငွေလေးတော့ ပြန်ပေးပါ

 
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိကျေး ရွာ/ရပ်ကွက်များတွင် မရှိနွမ်းပါး သူများကို တစ်ဦးလျှင်သုံးသောင်း ကျပ်ထုတ်ချေးပေး၍ အတိုးမှာ တစ်ရာကျပ်လျှင် ၂ ကျပ် ၅၀ပြား အတိုးဖြင့် ထုတ်ချေးပေးကြောင်း ငွေချေးသူတစ်ဦးက ပြောပြ၍ သိရှိရပါသည်။

ငွေချေးယူသူသည် ပြည်ခိုင် ဖြိုးပါတီဝင်ဖြစ်မှ ၎င်းင်းငွေကို ချေး ယူ၍ရကြောင်းနှင့် ငွေချေးယူသည့် နေ့မှစ၍ တစ်လပြည့်သည့်နေ့ တွင် ချေးယူငွေ(အရင်း) သုံး သောင်းချေးယူသည့်အတွက် ကြောင့် တစ်သောင်းပြန်လည် သွင်းရပြီး အတိုးငွေ ၇၅၀ ကျပ်ပါ ပေးရသည်။ စုဆောင်းငွေ တစ် ထောင်ကျပ်ကိုပါ တစ်ခါတည်း ပေးသွင်းခဲ့ရကြောင်း ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက ပြောပြ၍ သိရသည်။
ထိုသို့ချေးယူလာသည်မှာ ၃ လတစ်ကြိမ် အတိုးအရင်းပေး ဆပ်ပြီး စုဆောင်းငွေ ပြုလုပ်လာ သည်မှာတစ်နှစ်ကျော်ခန့်ရှိပြီး နောက်ထပ် ချေးယူခြင်းလည်း မပြုလုပ်တော့သည့်အတွက် တစ် မြို့နယ်လုံးရှိ မရှိနွမ်းပါးသူများကို ၎င်းတို့စုဆောင်းထားသည့် ငွေ ကြေးများ ပြန်လည်ထုတ်မပေး ကြောင်း အဆိုပါ ပါတီဝင်တစ်ဦး က ထပ်မံပြောပြသည်။
ယခုအခါ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များမှ မရှိနွမ်းပါးသူများ ဖြစ်နေ၍ ““ကျွန်တော်တို့က မြို့ နယ်ပြည်ခိုင်ဖြိုးပါတီက ငွေကို တောင်းတာမဟုတ်ပါဘူး။ မြို့ နယ် ပြည်ခိုင်ဖြိုးပါတီထံမှ ကျွန်  တော်တို့ စုထားတဲ့ ငွေကိုတောင်း တာ””ဟုပြောသောအခါ““တစ်မြို့ နယ်လုံးမည်သူတစ်ဦးတစ်ယောက် မှ ထုတ်မပေးသေးကြောင်း””ပြည် ခိုင်ဖြိုးပါတီဝင်က ပြောပြ၍ သိရှိ ခဲ့ရသည်။

အရိန္ဒမာ (ဘိုကလေး)

No comments:

Post a Comment