Saturday, November 10, 2012

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှတ်တော်ကိုယ်စားလှယ်များအား တရားဝင်ပယ်ဖျက်စစ်ဆေးပေးရန် မူလမဲဆန္နရှင် ၁ %ကျော်မှတိုင်ကြားခြင်း


ရခိုင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခေါ်) ဦးအဒူရာဇတ်၊ ဦးအဘူဘာဟဲရ် ၊ဲံဦးအောင်လှ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အူအာလိန်ဟူဆိန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘော်ရှီးအာမတ်၊ ဦးအောင်မြင့်(ခေါ်) ဇာဟီးဒူလာ၊ ဒေါက်တာဘော်ရှီးအာမတ်၊တို့သည် ဥပဒေနှင့်မညီညွတ်ပဲဝင်ရောက် အရွေးချယ်ခံသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တ်ာဖွဲ့စည်းပုံအခြေခံပုဒ်မ  ၁၂၀ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င) ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င) မွေးဖွားခဲ့စဉ်က မိဘများနိုင်ငံသားမဟုတ်ပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခြင်း၊ မွေးဖွားစဉ်က မိဘများနိုင်ငံသားမဟုတ်ပဲ အမျိုးသားလွှတ်တော်အဖြစ်အရွေးချယ်ခံခြင်း၊ မွေးဖွားစဉ်က မိဘများနိုင်ငံသားမဟုတ်ပဲတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခြင်း၊ အစရှိသော စွဲဆိုချက် ငြိစွန်းသည့်ဥပဒေ စွဲဆိုရသည့်အကြောင်းပြချက်များဖြင့်  ကိုယ်စားလှယ်များနှင့် မိဘများသည် ဘင်္ဂလီလူမျိုးအစ္စလာဒ်ဘာသာဝင်များဖြစ်ကြသည် ဟုဆိုကာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မူလမဲဆန္နရှင် ၁%ကျော်မှ လက်မှတ်ရေးထိုး  တိုင်ကြားထားကြောင်းသတင်းရရှိသည်။
                                                            

  စွန်ရဲနက်(ရွှေမှော်ဝန်း)

copy from http://www.hotnewsweekly.com

No comments:

Post a Comment