Saturday, November 10, 2012

303 အိုဘားမား

 
အမေရိကန်ပြည်ထောင်စုရဲ့   (၅၇)ကြိမ်မြောက် သမ္မတရွေး ကောက်ပွဲကို ၂၀၁၂ခုနှစ် နိုဝင် ဘာလရဲ့ပထမဆုံး တနင်္လာနေ့နဲ့   ကပ်လျက်ရှိတဲ့ အင်္ဂါနေ့(၆.၁၁. ၂၀၁၂)ရက်မှာ အမေရိကန်ပြည် ထောင်စု တစ်ဝန်းအောင်မြင်စွာ  ကျင်းပခဲ့ကြပြီးဖြစ်ရာ၊လက်ရှိသမ္မ တ အိုဘားများဟာ  ဒုတိယသက် တမ်းအဖြစ်ရွေးချယ်ခံခဲ့ရပြီဖြစ်ပါ တယ်။ ဒါကြောင့် သူဟာ ဒုတိယ  သက်တမ်းအဖြစ် ၂၀၁၂မှ၂၀၁၅ ထိ ဆက်လက်တာဝန်ထမ်းဆောင်  ရမယ်ဖြစ်ပါတယ်။

ဒီနှစ် အမေရိကန်ပြည်ထောင် သမ္မတလောင်းနှစ်ဦးအကြား ပြိုင် ဆိုင်မှုပြင်းထန်ခဲ့သလို နောက်ဆုံး ချိန်ထိ လူထုစစ်တမ်းကောက်ခံ ချက်အရ သမ္မတလောင်းနှစ်ဦး   အကြား ပွက်ကာသီကာရှိခဲ့တာပဲ    ဖြစ်ပါတယ်။သို့သော် ရွေးကောက်  ပွဲအပြီး မဲများရေတွက်ရာမှာတော့ Popular Board လို့ခေါ်တဲ့ လူထု    ထောက်ခံမဲ ဖော်ပြချက်အရ သမ္မတ အိုဘားမားဟာ မဲပေးနိုင်ခွင့်ဦးရေ  စုစုပေါင်းရဲ့  မဲအရေအတွက် ၆၀,၁၁၃,၈၅၆ ရရှိလို့ ရာခိုင်နှုန်း အားဖြင့် (၅၀.၃) ရာခိုင်နှုန်းရှိပြီး ရီပတ်ဘလစ်ကင်သမ္မတလောင်း မစ်ရွမ်းနီကတော့ လူထုထောက်ခံ မဲ စုစုပေါင်း ၅၇,၄၂၄,၁၉၁ မဲရရှိ ကာ ရာခိုင်နှုန်းအားဖြင့် ၄၈.၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု  ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊သမ္မ တရွေးကောက်ပွဲစနစ်မှာ နိုင်ငံ   တော်သမ္မတကို အီလက်တိုရယ်  ကောလိပ် (Electoral College) လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူလူ ထုက တိုက်ရိုက်ရွေးချယ်ရတာဖြစ်  ပါတယ်။အမေရိကန်ပြည်ထောင် စုမှာ အထက်လွှတ်တော်နဲ့အောက်  လွှတ်တော်နှစ်ရပ်ရှိပြီး လွှတ်တော်  နှစ်ရပ်ပေါင်းဖြစ်တဲ့ ကွန်ဂရက်မှာ ပြည်သူ့ကိုယ်စားလှယ်ပေါင်း ၅၃၈  ဦးရှိတာကြောင့် အနည်းဆုံး ကိုယ်စားလှယ်မဲ ၂၇၀ရရှိသူဟာ  သမ္မတအဖြစ်ရွေးချယ်ခံရပါတယ်။
ဆိုလိုတာက   Popular Board မှာလူထုထောက်ခံမှုမဲ အ များစုရသော်လည်း  Electoral College မှာ မဲအရေအတွက် ၂၇၀ အဖြစ် မရဘူးဆိုရင် သမ္မတမဖြစ် ပါဘူး။ ဒီဖြစ်စဉ်မျိုးဟာ ၂၀၀၁ခု နှစ် သမ္မတရွေးကောက်ပွဲမှာ ကြုံ  ခဲ့ရပါတယ်။ အဲဒီတုံးက သမ္မတ  ဘုရှ်နှင့်ဒုသမ္မတအယ်လ်ဂိုးတို့ ရွေးကောက်ပွဲဝင်ရာမှာ သမ္မတ လောင်းအယ်လ်ဂိုးဟာ သမ္မတ   ဘုရှ်ထက် Popular Board အရ   လူထုထောက်ခံမဲများစွာ အသာ ရခဲ့ပေမဲ့၊အီလက်ကိုရယ်ကောလိပ်  မှာ အယ်လ်ဂိုးက ၂၆၅မဲသာရရှိ  ခဲ့ပြီ သတ်မှတ်မဲအရေအတွက်  ၂၇၀ မရခဲ့တာကြောင့် သမ္မတ ရာထူးနဲ့လွဲခဲ့ရပါတယ်။
ဒီနှစ်ရွေးကောက်ပွဲမှာတော့  သမ္မတအိုဘားမားဟာ လူထု ထောက်ခံမဲမှာလည်း သမ္မတ လောင်းရွမ်းနီထက်(၂.၇)သန်း  ပိုရရှိခဲ့တဲ့အပြင် Electoral College သမ္မတရွေးချယ်ရေးကိုယ်စား လှယ်အဖွဲ့မှာလည်း စုစုပေါင်း ၃၀၃မဲ ရရှိပြီး၊မစ်ရွမ်းနီက ၂၀၆မဲ   သာရရှိခဲ့တာကြောင့် သမ္မတ အိုဘားမားက မစ်ရွမ်းနီကို ပြတ် ပြတ်သားသားအနိုင်ရရှိခဲ့ပါတယ်။  သမ္မတအိုဘားမားအနေနဲ့ သူ့ရဲ့   မဲဆွယ်စည်းရုံးပွဲ ဆောင်ပုဒ်ဖြစ် တဲ့ ”Forward”   (ရှေ့သို့)ဆိုတဲ့ စကားနဲ့အညီ အမေရိကန် ပြည် သူတွေရဲ့ အနာဂတ်အတွက် ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာ  ကတော့ စောင့်ကြည့်ရဦးမှာပေါ့ ခင်ဗျား။

ကျော်စိန်

copy from http://www.hotnewsweekly.com

No comments:

Post a Comment