Friday, November 9, 2012

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ မစ်ဒ် ရွမ်နီ၏ရွေးကောက်ပွဲအဖြေကို လက်ခံ အသိအမှတ်ပြု မိန့်ခွန်း

ကျွန်တော်အခုပဲ သမ္မတ အိုဘားမားကို ဖုံးခေါ်ပြီး သူရဲ့ အောင်မြင်မှုအတ
ွက် ဂုဏ်ပြုလိုက်ပါတယ်။ သူ့ကိုထောက်ခံကြသူတွေနဲ့သူ့ရဲ့ မဲဆွယ်အဖွဲ့တွေကိုလည်း ဂုဏ်ပြုထိုက်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် နှုတ်ဆက်ပါတယ်။ အထူးသဖြင့်ကတော့ သမ္မတ၊ ဇနီးနဲ့ သမီးတွေကိုပါ။

ဒီအချိန်ဟာ အမေရိကန်နိုင်ငံအတွက် စိန်ခေါ်မှု ကြီးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ဦးဆောင်ရာမှာ သမ္မတ အောင်မြင်မှုရပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ကျွန်တော်တို့ရဲ့ မဲဆွယ်ပွဲနဲ့ နိုင်ငံအတွက် လုပ်ဆောင်ပေးခဲ့တဲ့ ပေါရိုင်ယန်ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော်ဇနီး အန်းကလွဲရင်ပေါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ သူ့ရဲ့ အသိပညာ၊ သူ့ရဲ့ ကြိုးပန်းအားထုတ်မှုနဲ့ သူယုံကြည်ရာကို ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်သူ တဦး အနေနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ဆက်ပြီး အကျိုးပြုသွားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။


ကျွန်တော်ရဲ့ ဘ၀အဖော်မွန် ဇနီးသည် အန်းကိုလည်း
ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူဟာ နိုင်ငံရဲ့ အံ့မခန်းဘွယ် First lady ဖြစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုကိုသာမက သူနဲ့ သိရှိခဲ့သူတိုင်းကို အကြင်နာတရားနဲ့ အလေးဂရုစိုက်မှုတွေ အများကြီးရှိခဲ့သူပါ။

မဲဆွယ်ရေးအတွက် အားသွန်ခွန်စိုက် ကူညီပေးခဲ့ကြတဲ့အတွက် ကျွန်တော့်သားတွေကို ကျေးဇူးတင်သလို သူတို့ရဲ့ ဇနီးသည်တွေနဲ့ ကလေးတွေကိုလည်း ဒီအပေါ်မှာ သည်းညီးခံပေးကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
မဲဆွယ်စည်းရုံးရေးမှာ ဦးဆောင်ခဲ့တဲ့ သူတွေ၊ အဖွဲ့ဝင်တွေ လုပ်အားပေးကူညီသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံဟာ အရေးကြီးတဲ့ တချိုးတကွေ့ကို ရောက်နေပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဟာ
နိုင်ငံရေးပါတီတွေ တဘက်နဲ့ တဘက် အားပြိုင်နေလို့ တင်းမာနေကြလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေဟာ လူထုအတွက် အလုပ်လုပ်ဖို့ တဘက်ကိုတဘက် လက်ကမ်းကြရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကလည်း ဒီအခြေအနေတွေကို ဖန်တီးရပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ကျောင်းဆရာတွေ ပါမောက္ခတွေအနေနဲ့ သင်ကြားပေးရုံ မကပဲ ကလေးတွေကို သင်ယူမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေမှာ စိတ်ပါဝင်စား လာအောင် လမ်းပြပေးကြပါ။ ကျွန်တော်တို့ရဲ့ ဘာသာပေါင်းစုံက တရားဆရာတွေ၊ ဘုန်းတော်ကြီးတွေ ကလည်းကျွန်တော်တို့ လူမှုအဖွဲ့အစည်းတည်ဆောက်ရာမှာ အခြေခံ အုပ်မြစ်တွေ ဖြစ်တဲ့ ရိုးသားမှု၊ ပေးဝေ လှူဒါန်းမှု၊ ဂုဏ်သိက္ခာစောင့်ထိမ်းမှု၊ နဲ့ မိသားစုတွေ ခိုင်မာလာအောင် ပြောဟောပေးကြပါ။ ...ရီပါပလီကင်နဲ့ ဒီမိုကရက်အားလုံး လူတွေအရေးကို နိုင်ငံ့အရေးရှေ့မှာထား ဦးစားပေးလုပ်ဆောင်ကြပါ။

ကျွန်တော် အမေရိကန်နိုင်ငံကို ယုံကြည်တယ်။ အမေရိကန်နိုင်ငံသားတွေကို ယုံကြည်တယ်။ ကျွန်တော် ၀င်ရောက် အရွေးခံတာဟာ အမေရိကန်နိုင်ငံ အရေးကို စိတ်ပါဝင်စားလို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကတော့
ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်တွေ အဓွန့်ရှည်နေအုန်းမှာပါ။ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို တည်ထောင်ခဲ့တဲ့ အဓိက ခံယူချက်တွေကပဲ ကျွန်တော်တို့ နိုင်ငံစီးပွားရေး
ပြန်လည်ဖွံ့ဖြိုးစေဖို့ ကောင်းမြတ်မှုကို ပြန်လည် ထူထောင်ဖို့ တခုတည်းသော လမ်းပြလမ်းညွှန်ရာ ဖြစ်နေမယ်ဆိုတာပါပဲ။

ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွက် တိုင်းပြည်ကို မတူကွဲပြားခြားတဲ့လမ်းကနေ ဦးဆောင်နိုင်ခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံက တခြားခေါင်းဆောင်တဦးကို ရွေးလိုက်ပါပြီ။

ဒီတော့ ကျွန်တော်နဲ့ အန်းတို့ဟာ ခင်ဗျားတို့နဲ့အတူ သမ္မတနဲ့ နိုင်ငံတော် အတွက် လှိုက်လှိုက်လှဲလှဲပဲ ၀ိုင်းဝန်း ဆုတောင်းပေးလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ်။ အမေရိကန်နိုင်ငံကို ဘုရားသခင်ကောင်းချီးပေးပါစေ။

Burma-Newselite ရဲ့ ဘာသာပြန်ဆိုမှု

No comments:

Post a Comment