Friday, November 9, 2012

ရောင်းအားကျသွားသည့် ပဲခူးမြို့က ဆိုင်ကယ်ဈေးကွက်

Photo: ရောင်းအားကျသွားသည့် ပဲခူးမြို့က ဆိုင်ကယ်ဈေးကွက်

ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော ဆိုင်ကယ်များကို နိုင်ငံတော်က အခွန်ကောက်ခံ၍ တရားဝင်လိုင်စင်ပြုလုပ်ပေးသည့်ကာလသည် နိုဝင်ဘာလ(၄)ရက်နေ့တွင် ရပ်ဆိုင်းသွားသည့်အတွက် ယခင်  ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားလျှက်ရှိသော ပဲခူးမြို့၊ သနပ်ပင်လမ်းမပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင် ခန်းများ၏ အခြေအနေမှာ ရောင်းအားသိသိသာသာကျဆင်းသွားကြောင်း သိရှိရသည်။

လိုင်စင်ပြုလုပ်ပေးသည့်ရက်ကုန်ဆုံးသွားသည့်နောက်ပိုင်းတွင် ဆိုင်ကယ်ဈေးများကျဆင်းသွားပြီး အရောင်းအ ၀ယ်မှာ မဖြစ်သလောက်အခြေအနေသို့ရောက်ရှိကာ ဈေးနှုန်းများမှာလည်း ယခင်ကထက်ကျဆင်းသွားသည့်အ တွက် ဆိုင်ကယ်ဝယ်ရောင်းပြုလုပ်နေသူများမှာ ဈေးကွက်ပျောက်ပြီး အရှုံးနှင့်သာရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၀ယ်လက်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဘက်မှ လာရောက် ၀ယ်ယူလေ့ရှိသော်လည်း ယခုအခါ လိုင်စင်မဲ့ဘီးများကို ဖမ်းဆီးတော့မည်ဟူသော စိုးရိမ်စိတ်ဖြင့် ၀ယ်ယူသူနည်းပါးကာ ဆိုင်မဖွင့်သူအချို့လည်းရှိနေကြကြောင်း သိရသည်။

“ ဒီအချိန်ဆို ဆိုင်ကယ်တွေ အရောင်းအ၀ယ်ကောင်းတဲ့အချိန်ပေါ့။ မိုးစပါးပေါ်တဲ့အချိန်၊ ပဲပေါ်တဲ့ချိန်တွေဆို တောင်သူလယ်သမားတွေငွေရွင်တော့ အရောင်းအ၀ယ်တော်တော်ဖြစ်တယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းတော့မည်ဟု အသံတွေထွက်ပေါ်နေတာကြောင့် အရောင်းအ၀ယ်ထိုင်းသွားတယ်။ ယခင်ကလောက် မရောင်းရတော့ဘူး။ ဆိုင်ကယ်ဝယ်ရောင်းတချို့လည်း ဆိုင်တွေပိတ်ထားရသည်”ဟု ၀ါရင့်ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးမှ ပြောကြားပါသည်။

ထို့သို့ ဆိုင်ကယ်ဈေးကွက် အရောင်းကျသွားသော်လည်း တရုတ်ပြည်ဘက်မှ ကားအစီးလိုက်သေတ္တာရိုက်၍ တင်သွင်းလာသူ အချို့ကမူ အခြေအနေကိုစောင့်ကြည့်ရင်း ဆိုင်းခင်းရောင်းချလျှက်ရှိနေကြောင်း သိရှိရသည်။

ကိုရှင်
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော ဆိုင်ကယ်များကို နိုင်ငံတော်က အခွန်ကောက်ခံ၍ တရားဝင်လိုင်စင်ပြုလုပ်ပေးသည့်ကာလသည် နိုဝင်ဘာလ(၄)ရက်နေ့တွင် ရပ်ဆိုင်းသွားသည့်အတွက် ယခင် ရောင်းဝယ်ဖောက်ကား
မှုများဖြင့် စည်ကားလျှက်ရှိသော ပဲခူးမြို့၊ သနပ်ပင်လမ်းမပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင် ခန်းများ၏ အခြေအနေမှာ ရောင်းအားသိသိသာသာကျဆင်းသွားကြောင်း သိရှိရသည်။


လိုင်စင်ပြုလုပ်ပေးသည့်ရက်ကုန်ဆုံးသွားသည့်နောက်ပိုင်းတွင် ဆိုင်ကယ်ဈေးများကျဆင်းသွားပြီး အရောင်းအ ၀ယ်မှာ မဖြစ်သလောက်အခြေအနေသို့ရောက်ရှိကာ ဈေးနှုန်းများမှာလည်း ယခင်ကထက်ကျဆင်းသွားသည့်အ တွက် ဆိုင်ကယ်ဝယ်ရောင်းပြုလုပ်နေသူများမှာ ဈေးကွက်ပျောက်ပြီး အရှုံးနှင့်သာရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၀ယ်လက်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဘက်မှ လာရောက် ၀ယ်ယူလေ့ရှိသော်လည်း ယခုအခါ လိုင်စင်မဲ့ဘီးများကို ဖမ်းဆီးတော့မည်ဟူသော စိုးရိမ်စိတ်ဖြင့် ၀ယ်ယူသူနည်းပါးကာ ဆိုင်မဖွင့်သူအချို့လည်းရှိနေကြကြောင်း သိရသည်။

“ ဒီအချိန်ဆို ဆိုင်ကယ်တွေ အရောင်းအ၀ယ်ကောင်းတဲ့အချိန်ပေါ့။ မိုးစပါးပေါ်တဲ့အချိန်၊ ပဲပေါ်တဲ့ချိန်တွေဆို တောင်သူလယ်သမားတွေငွေရွင်တော့ အရောင်းအ၀ယ်တော်တော်ဖြစ်တယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းတော့မည်ဟု အသံတွေထွက်ပေါ်နေတာကြောင့် အရောင်းအ၀ယ်ထိုင်းသွားတယ်။ ယခင်ကလောက် မရောင်းရတော့ဘူး။ ဆိုင်ကယ်ဝယ်ရောင်းတချို့လည်း ဆိုင်တွေပိတ်ထားရသည်”ဟု ၀ါရင့်ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးမှ ပြောကြားပါသည်။

ထို့သို့ ဆိုင်ကယ်ဈေးကွက် အရောင်းကျသွားသော်လည်း တရုတ်ပြည်ဘက်မှ ကားအစီးလိုက်သေတ္တာရိုက်၍ တင်သွင်းလာသူ အချို့ကမူ အခြေအနေကိုစောင့်ကြည့်ရင်း ဆိုင်းခင်းရောင်းချလျှက်ရှိနေကြောင်း သိရှိရသည်။

ကိုရှင်

No comments:

Post a Comment