Friday, December 28, 2012

ကလေးငယ်ကို လူကုန်ကူးသူများအား အမှုဖွင့်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

၂၇-၁၁-၂၀၁၂ရက်နေ့ ၀၉၀၀အချိန် မူဆယ်လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ဦးသိန်းအောင်နှင့်ဇနီးဒေါ်နုနုအောင်တို့ရောက်ရှိလာပြီး ၎င်းင်းတို့၏သား ဖြစ်သူ မောင်ရဲရင့်အောင်(၃)နှစ်(၄)လအား တစ်ရပ်ကွက်တည်းနေ ဦးဖိုးလုံး(ခ)အညာသား(၅၄)နှစ်နှင့် ဇနီးဖြစ်သူ မမေရီကျော်(၃၀)နှစ်တို့မှ ခေတ္တငှါးရမ်းလိုကြောင်း၊ တရုတ်ပြည်တွင် အိမ်ထောင်ကျ နေသည့် ဦးဖိုးလုံး၏သမီးဖြစ်သူ မဇာနည်အေး(၂၄)နှစ်တွင် သားသမီးမရှိသဖြင့် တရုတ်ယောက္ခမများ ထံမှ အမွေရရှိရန် သားသမီးတစ်ဦးအားပြရန်နှင့် ပြနိုင်ပါကအမွေသန်းနှင့်ချီ ရမည်ဟုပြောပြီး မောင်ရဲရင့်အောင်အား တရုတ်ပြည်ရှိ မဇာနည်အေး၏တရုတ်ယောက်ျားထံ ၁၀ ရက်ခန့် ခေတ္တထား ပေးရန်နှင့် အမွေရရှိပါက ကလေးငှါးရမ်းခအဖြစ် ငွေကျပ်(၅၀၀၀၀၀ိ/-)ပေးမည်ဖြစ်ကြောင်း ၁၅-၁၁-၂၀၁၂ ရက်နေ့တွင် လာရောက်ပြောဆိုခဲ့သည်။

၁၆-၁၁-၂၀၁၂ရက်နေ့တွင် မောင်ရဲရင့်အောင်အား မဇာနည်အေးနှင့် မမေရီကျော်တို့က နေအိမ်တွင် လာရောက်ခေါ်ဆောင်ခဲ့ပြီး မဇာနည်အေး၏ တရုတ်ယောက်ျားထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်ခဲ့ရာမှ ယနေ့ထိ ပြန်လည် ခေါ်ဆောင်ပေးခြင်းမရှိတော့သဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့ရာ ဦးဖိုးလုံး(ခ)အညာသား(ဖမ်းမိ)၊ မမေရီကျော်(ဖမ်းမိ)နှင့် မဇာနည်အေး(တိမ်းရှောင်)တို့ ၃ ဦးအား မူဆယ် ရဲစခန်း(ပ)၃၇၆/၂၀၁၂၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment