Monday, December 17, 2012

တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည် ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများပြောဆို


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား/ကျောင်းသူများသည် ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စာစစ်ဌာနပြောင်းလဲဖြေ ဆိုရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ကျောင်းသားမိဘများ၏ ပြော ကြားချက်အရ သိရှိရသည်။
ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သက္ကသိုလ်ဝင်စားမေးပွဲကို သက္ကလစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်မာရေး၊ နေထိုင်ရေး၊ လုံခြုံရေးပြည့်စုံမှုကြောင့် စိတ်လက်ချမ်းသာစွာဖြင့် ဖြေဆိုခဲ့ကြ၍ မြို့နယ်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့် များရရှိခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့် မားသည့် ကျောင်းလည်းဖြစ်ပါသည်။

ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် က၀မြို့နယ်၊ သရက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း သစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရမည်ဟု မြို့နယ်ပညာရေးမှူးမှ ညွန်ကြားလာခဲ့ပါသည်။ ၄င်းကျောင်း  သည် စာမေးပွဲဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် တည်ခိုနားနေရန်နေရာ၊ ကျန်းမာရေး၊ ရေမီး၊ လုံခြုံ ရေးများမပြည့်စုံသော ဒေသတစ်ခုဖြစ်ပါသည်။ တစ်ရွာနှင်တစ်ရွာ နေ့ချင်းပြန်သွားရောက်ဖြေဆိုရန် မလွယ်ကူ သောနေရာဒေသလည်းဖြစ်သည့်အတွက် ယခင်ဖြေဆိုနေကျ နေသားကျပြီးသော သက္ကလစံပြကျေးရွာ အ  ထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုလိုပါကြောင်း၊ ကျောင်း၏ အောင်ချက်ကောင်းခြင်း ညံ့ခြင်းသည် ကလေးသူငယ် ကျောင်းသားကျောင်းသူများ၏ စိတ်ချမ်းသာမှုနှင့်ပါ သက်ဆိုင်ကြောင်း ကျောင်းသားမိဘ ဆရာအသင်း ဥက္ကဌ ဦးကျော်လွင်မှ ပြောကြားပါသည်။
ကျောင်းသား/သူများ၏ စိတ်ချမ်းသာမှုဆန္ဒ၊ မိဘများ၏ ပံ့ပိုးနိုင်မှု၊ ဆရာ/ဆရာမများ၏ သွားလာနေထိုင်ရေး တို့နှင့်သင့်လျှော်သော က၀မြို့နယ်၊ သက္ကလစံပြကျေးရွာ စာစစ်ဌာနတွင် ဆက်လက်ဖြေဆိုလိုပါကြောင်း၊ မြို့နယ်ပညာရေးမှူးက ဖြေစေလိုသော သရက်ကုန်းကျေးရွာစာစစ်ဌာနအသစ်တွင် ဖြေဆိုရန် ဆန္ဒမရှိပါ ကြောင်း၊ ရွှေညောင်ပင်ကျေးရွာရှိ ကျောင်းသားမိဘများမှ ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဌာနချုပ်၊ အောက်မြန်မာပြည်၊ နေပြည်တော်သို့ လိပ့်မူပြီး နိုဝင်ဘာ(၁၀)ရက်နေ့တွင် ပေးပို့ခဲ့ကြောင်းနှင့် တက္ကသိုလ် ၀င်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည် ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသား မိဘများမှပြောဆိုပါသည်။ 

အဖေ့သား(ပဲခူး)
http://www.hotnewsweekly.com/archives/category/home/%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8

No comments:

Post a Comment