Friday, December 14, 2012

မိဒီယာကပဲနိုင်မလား ဇေကမ္ဘာကပဲနိုင်မလား


          ဇေကမ္ဘာ ကုမ္မဏီ၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဒေါက်တာခင်ရွှေမှ The Hot News Weekly Journal 25-31 oet 2012 ထုတ်စာမျက်နှာ(၇)တွင် “ဘုရားဝတ္တကမြေပါဝင် လို့ ဇေကမ္ဘာ ကုမ္မဏီအား တရားစွဲဆို” ခေါင်းစီးသတင်းကိုရေးသားသူ သတင်းထောက်စိုးဝင်းနိုင်အား ရန်ကုန် တိုင်းဒေ သကြီးတရားလွှတ် တော်ရုံး၌ တရားရုံးများမထေမဲ့မြင်ပြုမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

          ယင်းအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ တင်သွင်းလာသော လျှောက် ထားလွှာကို လက်ခံသင့်လက်မခံသင့် ကြားနာပြီးနောက် ပြစ်ထွေလွှာကို လက်ခံခဲ့ခြင်းဖြစ်ပါသည်။ Hot News သတင်းထောက်အပေါ် ဇေကမ္ဘာကုမ္မဏီမှ၏ စွဲဆိုထားသောအမှုနှင့်ပတ်သက်ပြီး စာနယ်ကျင့်ဝတ်နှင့်အညီ သတင်းထောက်ဘက်မှရပ်တည်၍ ဥပဒေနှင့်အညီ အယ်ဒီတာအဖွဲ့မှ ရင်ဆိုင်တုံ့ပြန်မှာဖြစ်ပြီး သတင်း ထောက်၏  အကျိုးတော်ဆောင်ရှေ့နေအဖြစ် တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွန့်မှ ၂၀၁၂ ခုနှစ် ဒီ ဇင်ဘာ(၁၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ကိုယ်စားလှယ်ပါဝါလက်မှတ် ရေးထိုး တင်ခဲ့ ကြောင်းသိရှိရသည်။
          အဆိုပါအမှုနှင့်ပတ်သက်၍ စတုတ္ထမဏ္ဍိုင် မိဒီယာလောကသားများနှင့် အမှန်းတရားကိုလိုလားသော ပုဂ္ဂိုလ်များက မီဒီယာကပဲနိုင်မလား ဇေကမ္ဘာကပဲနိုင်မလား ဆိုတာကို အထူးစိတ်ဝင်တစား လေ့လာ စောင့်ကြည့်နေကြကြောင်း စုံးစမ်းသိရှိရသည်။


အဖေ့သား(ပဲခူး)

No comments:

Post a Comment