Friday, December 14, 2012

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည်


Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေ
များ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက်ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်
-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက်ဥပဒေကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက် ကလေးသူငယ်၊ လူငယ်များအားကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့်တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အားအသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါကအသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်းသင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်
" အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည် "
Legal Aid Project အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအားရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝမပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။
ဦးငိုင်ဆာခ့်
(စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅
"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ
ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေအချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။
ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅
မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃
ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁
ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃
ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅
တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈
မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉
ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁
ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅
လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅
မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂
မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅
မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈
ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆
သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈
ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃
တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့။
၀၉-၄၉၆၆၈၁၃၉
မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀
ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

No comments:

Post a Comment