Soursop ဒူးရင်း၊ သြဇာဟာ ကင်ဆာရောဂါသည်တွေအားကိုးရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ
ဘာမဟုတ် တဲ့ဆေးမီးတိုကလေးက ရောဂါကြီးကြီး မားမားကြီးတွေကို ပျောက်စေတာက
တော့ အံ့သြစရာပါပဲ။ဒါကြောင့်တစ်ဦး တစ်ယောက်ရဲ့ လက်တွေ့ပျောက်ကင်း
သွားတဲ့ဆေးနည်းကလေးကို လစ်လျူမရှု သင့်ပါဘူး။ဒီဆေးနည်းကလေးကတော့
ငွေရေးကြေးရေးလည်း သိပ်ကုန်ကျမယ် မထင်ပါဘူး။
ဆေးနည်းကေလးကိုတွေ့ရှိပုံက ဒီ လိုပါ။ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်း အဝေးအတွက် နိုင်ငံအသီးသီးက တက် ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ တစ်ယောက်ကို ကျွန်မတွေ့လိုက်တော့ အံ့အားသင့်သွားရပါတယ်။ ဒီနှစ်အစ မှာပဲ ဆေးစစ်တဲ့အခါမှာ ကင်ဆာလို့အဖြေ ထွက်ခဲ့ပါတယ်။ ကျွန်မတို့တတွေလည်း အတော်စိတ်မကောင်းခြင်းဖြစ်ခဲ့ရပါတယ်။
အခုပြန်တွေ့တော့ လန်းဆန်းကျန်း မာတက်ကြွနေတာတွေ့ရပါတယ်။သူ့ ရောဂါအကြောင်းစကားစမြည်ပြောရင်း နဲ့ဆေးနည်းကလေးတစ်ခုရလာတာကို ဝေမျှချင်ပါတယ်။
အခုတလော ကင်ဆာဆိုတာနဲ့ လူ တွေက လန့်နေကြပါတယ်။ ကင်ဆာဆို တဲ့ ရောဂါကလည်း အမြစ်တွေလျှောက် တွယ်ပြီးကြောက်စရာကောင်းတဲ့ ရောဂါ တစ်မျိုးလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ် လည်းအလွန်များတယ်လို့ဆိုပါတယ်။
ခီမိုသွင်းရတာနဲ့မိသားစုဝင်တွေစိတ် ပင်ပန်းကြတာနဲ့ရုတ်တရက်သေဆုံးသွား တာနဲ့ဒါကြောင့် ကျွန်မတို့ရုံးက အန်တီ ဆိုရင် သူကင်ဆာဖြစ်တာ သူများကို မ သိစေချင်ဘူး။သူများတွေ သူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပြီး ပြောပြရှာပါတယ်။
ကျွန်မရဲ့အချစ်ဆုံးကြီးကြီးလည်း ကင်ဆာနဲ့ဆုံးသွားသလို၊အစ်မလို ခင်မင် ပြီးချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် လည်း ကင်ဆာနဲ့ဘ၀ဆုံးသွားရရှာပါ တယ်။အထူးသဖြင့် ကျွန်မတို့မိသားစု နဲ့နှစ်အိမ့်တစ်အိမ်ဖြစ်နေတဲ့ မိုးကောင်း က အန်တီနဲ့အန်ကယ်လည်း ကင်ဆာနဲ့ ပဲဆုံးပါးသွားကြပါတယ်။ အရင်ကတော့ ပန်းခါးဆိုတော့ အရမ်းကိုနာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကို ရေနွေး ကြမ်းလိုလုပ်သောက်ရပါတယ်။အရမ်းကို ခါးတော့ ကျွန်မတောင် စမ်းသောက် ကြည့်ပြီးတွန့်သွားတာနဲ့မသောက်ဖြစ် တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေ ဆိုခံတွင်းထဲ ဘာထည့်ထည့်အရသာမရှိ တော့ဘူး။အရမ်းလည်းသနားဖို့ကောင်း ပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက် သတင်းကောင်းပါးလိုက်ပါရစေ။အရသာ လညး မဆိုးတဲ့သဘာဝအသီးပင်ရဲ့အရွက် ကိုပြုတ်သောက်ရုံတင်နဲ့ကင်ဆာရောဂါ ကိုပျောက်ကင်းသက်သာစေတာ ကျွန်မ မျက်စိရှေ့မှာတင် ၄ယောက်လောက်တွေ့ ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံအလင် နားမလည်ပေမယ့် ခီမိုသွင်းတာ Cell အကောင်းရော အဆိုးပါသတ်ပစ်တာဖြစ်ပြီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရေရဲ့အာနိသင် ကတော့ ကင်ဆာဆဲလ်ချည်းသတ်သတ် ကိုသာ သတ်သတ်ပစ်တယ်လို့ရှင်းပြပါ တယ်။
ကျွန်မညီမလေးကျောင်းက ပရော် ဖက်ဆာကတော့ လူတိုင်းတော့ပျောက် နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။တစ် ယောက်နဲ့တစ်ယောက်ကင်ဆာဖြစ်ပုံ အမျိုးအစားချင်းမတူသလို ခန္ဓာကိုယ်က တုံ့ပြန်ပုံချင်းလည်းမတူနိုင်ဘူးလို့ဆိုပါ တယ်။ ဒါပေမယ့် ကျွန်မအကြံပေးချင် တာကတော့ အနည်းနဲ့အများပျောက် သွားသည်ဖြစ်စေ၊သက်သာသွားသည် ဖြစ်စေ အန်္တရာယ်မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့တိုက်တွန်းပါရစေ။ကိုယ်နဲ့သိ တဲ့မိတ်ဆွေ၊သူငယ်ချင်း၊ဆွေမျိုးသားချင်း များမှာလည်း ကင်ဆာရောဂါရှိတဲ့သူများ ရှိရင် ထပ်ဆင့်ဝေငှပေးကြပါ။
မအေးဆေး
copy from http://www.hotnewsweekly.com
No comments:
Post a Comment