Sunday, February 15, 2015

မိုင်းပေါသည့်နယ်ဘက်တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများ မြန်ဆုံးညှိနိုင်းဆောင်ရွက်သင့်


ကယား (ကရင်နီ) ပြည်နယ် မိုင်းပေါများသည့် ရှားတောမြို့နယ် သံလွင်တလျှောက်နှင့် ပွန်ချောင်းနောက် များတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်းရှင်းလင်းရေးကို အမြန်ဆုံးညှိနှိုင်းဆောင်ရွက် ပေးသင့်သည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာပလုရယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသွားသည်။ရှားတောမြို့နယ်သို့ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ ပြန်လည်နေထိုင်ရာ စတင်အကောင်အထည်ဖော် လျက်ရှိရာ မိုင်းများ မရှင်းလင်းနိုင်သေးပါက ပြည်သူများအတွက် အသက်အန္တာရယ် စိုးရိမ်နေကြရခြင်းဖြစ်သည်။

မြေမြုပ်မိုင်းများရှိရာဒေသများ နှင့် လျှပ်စစ်တာဝါတိုင်အောက်တွင် ထောင်ထားသောမိုင်းများကို အမြန်ဆုံး ဖြေရှင်းပေးရန် လွှတ်တော်တွင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးသို့ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်မှ အမျိုးသားကိုယ်စားလှယ် ဦးဘိုးရယ်က ပြောသည်။

“အဓိက ကတော့ ရွှေ့ပြောင်း နေထိုင်သွားလာသူတွေအတွက် သူတို့ရပ်သူတို့ရွာကို ပြန်သွားနေထိုင်ကြတဲ့ အခါ အန္တာရာယ်မရှိစေဖို့ တင်ပြသွားတာပါ။ အဲဒါကို နယ်လုံဝန်ကြီးက အဲဒါပြန်မဖြေပေးခဲ့ဘူး။” ဟု ဦးဘိုးရယ်က ပြောသည်။

ရှားတောမြို့နယ်သည် အစိုးရနှင့် KNPP တို့အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမှီတွင် တိုက်ပွဲများ အများဆုံးဖြစ်ပွားခဲ့ကြသည့် နေရာဖြစ်ရာ ဖြစ်သည်။

ကယား (ကရင်နီ) ပြည်နယ်အနှံ့တွင် မြေမြုပ်မိုင်းများ မရှင်းလင်းနိုင်သေးသ၍ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်အန္တာရာယ်ကာကွယ်ရေးကို ပြည်သူများနှင့် ကျောင်းသူ/သားများ ကျောင်းပြင်ပချိန်များတွင် အသိပညာပေးသည့်အစီအစဉ်များကို ဖိဖိစီးစီး ဆောင်ရွက်ပေးသင့်သည်ဟု ဆရာပလုရယ်က အကြံပြုပြောဆိုသွားသည်။

“ဒေါတမကြီးအုပ်စုမှာဆိုရင် မကွဲဘဲကျန်တဲ့ ကျဉ်ဆံအဟောင်းတွေကိုစုပုံတာတို့ တချို့တွေက ပေါ့ပေါ့တန်တန်ပဲ တွေးပြီးတော့မှ မ ကြည့်တာတို့ ၊ ထိကြည့်တာတို့ ကျောက်ခဲနဲ့ ထုကြည့်တာ တို့လုပ်ကြတယ်။ ဒါက အရမ်းအန္တာရာယ်များတယ်။” ဟု ဆရာပလုရယ်ကပြောသည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မိုင်းရှင်းလင်းရေးကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူညီထားကြသည့်အတိုင်း လက်တွေ့အပြန်အလှန် ကမ်းလှမ်းမှုရှိမှသာလျှင် နိုင်ငံတကာအဖွဲ့များ ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများက ဝင်ရောက်ကူညီနိုင်လိမ့်မည်ဟု ဆရာပလုရယ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လောပိတကျေးရွာအုပ်စု ရှမ်းကွက်သစ်ကျေးရွာအနီးရှိ လျှပ်စစ်တာဝါတိုင်အောက်တွင် လျှပ်စစ်ဝန်ထမ်းများနှင့် စစ်တပ်တချို့ ခြုံများကို ရှင်းလင်းရာတွင် မိုင်းပေါက်ကွဲရာတွင် စစ်တပ်တချို့ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

Written by ဖြိုးဝေအောင် ၊ သီတာအောင်
http://www.ktimes.org/index.php/news/1148-2015-02-13-04-48-13

No comments:

Post a Comment