Friday, February 20, 2015

လူကုန်ကူးအကြမ်းဖက်သမား၅ဦးကို ဖမ်းဆီး


၂၀၁၅ ဖေဖေါ်ဝါရီလ ၁၈၊ကိုတီး

             မြန်မာသံရုံးအလုပ်သမားကူညီစောင်
့ရှောက်ရေးကော်မတီအဖွဲ့နှင့်မဟာချိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ညနေ ပိုင်းက မဟာချိုင်မှမြန်မာလူမျိုးလူကုန်ကူးအကြမ်းဖမ်းအုပ်စု၅ဦးအား ဖမ်းဆီးလိုက်ကြောင်း MATအဖွဲ့ကပြောသည်။            ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရကျေးရွာမှ အသက် ၂၄နှစ်အရွယ် ကိုနိုင်ကြီး ဆိုသူသည် ငါဖမ်းလှေပေါ်တွင်၃လကြာလုပ်ကိုင်ခဲ့ပြီး လုပ်အားခ ကျန်ငွေတောင်းခံသဖြင့်ပြင်းထန်စွာရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။  ဖေဖေါ်ဝါရီလ ၁၆ ရက်နေက လူကုန်ကူးပွဲစား ဂိုဏ်းသား ဆယ်ဦးခန့် ၀ိုင်းဝန်းရိုက်နှက် ကြသဖြင့်ကိုနိုင်ကြီးတွင် ဦးခေါင်း၊ မျက်နှာ၊ ခြေထောက် လက် နှင့်ကြောပြင်တို့တွင် ဒဏ်ရာအမြောက် အများ ရရှိ သွားခဲ့သည်။


          ရခိုင်အလုပ်သမားတစ်ဦး၏ ဆက်သွယ်ပေးမှုကြောင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့MAT မဟာချိုင်ရုံးသို့ လာရောက်ခိုလှု၍ အကူညီတောင်းခံလာခဲ့သည်။ MAT အဖွဲ့သည်မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူထံသို့ သတင်းပို့ခြင်း၊ မဟာချိုင်ရဲတပ်ဖွဲ့သို့
အမှုဖွင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ကိုနိုင်ကြီးက “ကျနော့်ကို ပိုက်ဆံပေးမယ်ဆိုပြီး ၀ိုင်းရိုက်ကြတာ၊ကျနော့်မှာ ဘတ်ရော ဖုန်းပါ သူတို့ဝိုင်း ရိုက်လို့ဘယ်ရောက်လို့ရောက်မှန်းမသိတော့ဘူး။ ဘတ်ငွေလည်း ၉၀၀ ပျောက်ဆုံးသွားခဲ့တယ်။


              MAT အဖွဲ့အတွင်းရေးမှူး ကိုခိုင်ကြီးက “ ကျနော်တို့တစ်နေကုန် စောင့်ကြည့်နေတဲ့ကြားက ပွဲစား လွတ်သွားတယ်။ ပွဲစားမိန်းမနဲ့ သူတို့အဖွဲ့သား၎ယောက်ကိုဖမ်းမိလာတယ်။ အမှုဖွင့်တဲ့
ကိုနိုင်ကြီးရော ဖမ်းမိတဲ့သူတွေအကုန်လုံးကို မဟာချိုင်ရဲစခန်းမှာထားခဲ့ပါတယ်။ အယင်တုန်းကနဲ့စာရင် မဟာချိုင်ကအမှုတွေ နဲနဲတော့လျှော့လာပါတယ်” ဟုပြောသည်။

           ဖမ်းမိခဲ့သူများမှာ ရခိုင်ပွဲစားများဖြစ်ပြီးပွဲစားခေါင်းဆောင် ၏ ဇနီး ဘုမ ရိုက်သတ်သူများအထဲမှ ၄ဦး(၀င်းသန့်၊၂၉နှစ်၊ ကိုကိုနိုင် ၁၈နှစ်၊ မောင်ဌေးလှိုင်  ၂၀နှစ်၊ အောင်ဖြူလင်း ၂၂နှစ်) တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။ ခေါင်းဆောင်လုပ်သူအောင်အောင်ကိုမဖမ်းမိခဲ့ပါ။ 
 
ရွှေလုပ်သား

No comments:

Post a Comment