Sunday, February 10, 2013

တွေ့လျှင်ပြောပေးကြပါ



၂၀၁၂ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ပြည်သာယာလမ်းနေ ဒေါ်တဆုပ်၏ သမီးဖြစ်သူ အသက်(၁၄)နှစ်
အရွယ်ရှိ မမိုးမိုးစံ(ခ)မမိုးမိုး ဆိုသူအား တရွာတည်းနေ ကိုဝင်းကျော်နှင့်မသန်းအေး တို့ဇနီးမောင်နှံမှ ရန်ကုန်မြို့တွင်နေထိုင်သော ၄င်းတို့၏

သမီးဖြစ်သူနှင့်သားမတ်ဖြစ်သူတို့၏ နေအိမ်တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်ရန် လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။ အလားတူပင် အသက်(၁၇)နှစ်အရွယ်ရှိ

မခိုင်ချိုသင်းကိုလည်း(၁၂၊ ၉၊ ၂၀၁၂)ရက်နေ့တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်ရန် မသန်းအေးဆိုသူမှ ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားခဲ့ပါသည်။


(၁၃၊ ၉၊ ၂၀၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် ကိုဝင်းကျော်ဆိုသူမှ အမျိုးသမီးငယ်များ၏ မိဘများထံရောက်ရှိလာပြီး အိမ်ဖော်အဖြစ်ငှားရမ်းသွားသည့်

မမိုးမိုးစံ(ခ)မမိုးမိုးနှင့် မခိုင်ချိုသင်းတို့ ပျောက်ဆုံးသွားကြောင်း၊ ကလေးကျောင်းပို့ခိုင်းရာမှ ပြန်လာခြင်းမရှိတော့ကြောင်း လာရောက်ပြောဆိုခဲ့ပါသည်။

ပျောက်ဆုံးသွားသည့် မိန်းခလေးများ၏ မိဘများမှာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ခါးရှည် ရဲစခန်းနှင့် ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့

လူပျောက်တိုင်ကြားခဲ့ပါသည်။ (၂၇၊ ၉၊ ၂၀၁၂)ရက်နေ့တွင်လည်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လိပ့်မူပြီး တရွာတည်းနေ ကိုဝင်းကျော်နှင့်

မသန်းအေးတို့ဇနီးမောင်နှံအား အရေးယူပေးရန် တိုင်ကြားခဲ့ပါသည်။ အမျိုးသမီးငယ်များကို အိမ်ဖော်အဖြစ်လုပ်ကိုင်ရန် ခေါ်ဆောင်သွားသော တရွာတည်းနေ

ကိုဝင်းကျော်နှင့် မသန်းအေးဆိုသူတို့အား အပြစ်ပေးအရေးယူခြင်းမရှိပါ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ထပ်မံတိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိထူးခြားမှုမရှိခဲ့ပါ။ ထို့ကြောင့် ပျောက်ဆုံးသွားသော အသက်(၁၄)နှစ်အရွယ် မမိုးမိုးစံ

(ခ)မမိုးမိုးနှင့်အသက်(၁၇)နှစ်အရွယ် မခိုင်ချိုသင်းတို့အား သတင်းရရှိသူ မိဘပြည်သူအပေါင်းတို့မှ တွေ့လျှင်ပြောပေးကြပါလို့ အနူးညွတ်မေတ္တာရပ်ခံအပ်ပါသည်။

ဦးတင်ရီ (မခိုင်ချိုသင်း၏ ဖခင်)
၇/၀မန(နိုင်)၀၃၀၃၂၉
အောင်မင်္ဂလာလမ်း၊ ညောင်ခါးရှည်ကျေးရွာ၊ ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၀၉ ၄၂၈၂၀၅၀၆၁ သို့လည်းဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

No comments:

Post a Comment