Wednesday, February 13, 2013

ပဲခူးတက္ကသိုလ်ကျောင်းသားတချို့၏ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အစီစဉ်


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားကို  ပဲခူးတက္ကသိုလ်ကျောင်းသား/ကျောင်းသူများမှ

တက္ကသိုလ်ကျောင်းဝင်းအတွင်း ပြုလုပ်ကျင်းပခွင့်မရရှိသည့်အတွက် ပဲခူးမြို့၊ မြို့မကျောင်းတိုက်ရှိ သံဃာတော်အပါး(၃၀)အား

အာရုံဆွမ်းနှင့်ဆွမ်းဟင်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ရွှေမော်တော်ဘုရားနှင့် ကြေးသွန်းဘုရားတွင် ရွှေသင်္ကန်ကပ်ဆပ်လှူဒါန်းခြင်း၊ ဘုရားပန်း၊

ဆီမီးနှင့်အမွေးတိုင်းများ ဆပ်ကပ်လှူဒါန်း ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ထိုသို့ပြုလုပ်ရသည့် အဓီကရည်ရွယ်ချက်မှာ မြန်ပြည်လွတ်လပ်ရေးရရှိအောင် တိုက်ယူပေးခဲ့သော ဗိုလ်အောင်ဆန်း၏ သမိုင်းကွယ်ပျောက်တော့မည့် အန္တရာယ်ကို

နောင်လာနောက်သား ကျောင်းသား/ကျောင်းသူများ သတိထားမိစေရန် ၊ ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းအား ကျောင်းသား/ကျောင်းသူများ

အားကျအတုယူစေရန်နှင့်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မိမိတိုင်းပြည်နှင့်မိမိလူမျိုး အပေါ်စွန့်လွှတ် အနစ်နာခံမည့် ကိုယ်ကျိုးမဖက်သည့် နိုင်ငံခေါင်းဆောင်ကောင်းများ

ပေါ်ပေါက်လာစေရန်တို့ကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။


No comments:

Post a Comment