Thursday, February 14, 2013
တိုင်ကြားသော်လည်း ရပ်ဆိုင်းခြင်းမရှိသည့် တရားမ၀င်အုတ်ဖုတ်ခြင်းလုပ်ငန်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လသာကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၀၉-က)/(၁၁၁၀-က)ကွင်း အတွင်း တရာမ၀င်အုတ်စက်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် လယ်ယာမြေနှင့် လယ်ယာလုပ်ငန်းခွင် သွင်းကုန်/ထုတ်ကုန်လမ်းဖြစ်သော လှည်းလမ်းများ ပျက်ဆီးဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါဒေသတွင် အုတ်စက်လုပ်ငန်းရှင်(၇)ဦးမှ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ရန်ပုံငွေဟု မထေမဲ့မြင်ပြောဆိုကာ ဒေသခံလယ်သမားများ၏ လယ်ယာမြေအတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေခြင်းသာဖြစ်ပါသည်။ ဒေသခံလယ်သမားများမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တိုင်ကြားသော်လည်း ယနေ့အချိန်အထိ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။ အုတ်စက်လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်ရန်စခြင်းကိုသာ ခံနေကြောင်း သိရသည်။
“ ဒီအုတ်စက်လုပ်ငန်းတွေက ယခင်က ချောင်းစောင်းမှာလုပ်တာ။ အဲဒီကနေတဖြည်းဖြည်းတိုးချဲ့လာပြီး လယ်ယာမြေတွေဘက်ကို တိုးပြီးလုပ်ကိုင်လာတယ်။ အခုဆို အချို့လယ်သမားတွေရဲ့လယ်ယာမြေထဲကို ရောက်နေပြီ။ အုတ်ဖုတ်ခြင်းလုပ်ငန်းဆိုတာက မြေတွေကိုတူဖော်ပြီး အုတ်ဖုတ်ရသည့်လုပ်ငန်းဆိုတော့ လယ်ယာမြေတွေ၊ လှည်းလမ်းတွေ၊ ကျွဲ/နွားသွားလမ်းတွေ၊ လူသွားလမ်းတွေ ပျက်စီးဆုံးရှုံးရတာပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားသော်လည်း အရေးမယူပေးဘူး။ သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတိုင်တော့လည်း အတူတူပဲ။ ဘာမှမထူးလာဘူး။ အုတ်စက်လုပ်ငန်းရှင်တွေရဲ့ ခြိမ်းခြောက်ရန်စတာကိုခံရတယ်။ တိုင်တဲ့သူသာလျှင် အရူးဖြစ်ခဲ့ရပါတယ်”ဟု ဒေသခံလယ်သမားတစ်ဦးမှ ပြောကြားပါသည်။
ဒေသခံလယ်သမားတွေအနေဖြစ် ပြည်ထောင်စုအစိုရအဖွဲ့ထံသို့ တရားမ၀င်အုတ်ဖုတ်ခြင်းလုပ်ငန်းကိုရပ်ဆိုင်းပေးရန် ထပ်မံတိုင်ကြားချင်သော်လည်း ယခင်ကဲ့သို့
အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက တိုင်ကြာသူသာ ထပ်မံပြီးအရူးဖြစ်ရမည့်ကိန်း ဆိုက်ရောက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
သံလက်သီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment