Thursday, February 7, 2013
အပြစ်မဲ့ပြည်သူတစ်ဦးအား ဗီုလ်ကြီးဆိုသူတစ်ဦးမှ လိုက်လံဖမ်းဆီး
ကျွန်တော်ဦးမောင်မောင်တာသည် ၁၉၈၆ ခုနှစ်တွင်တပ်မတော်တပ်ရင်း ခမရ(၂၀၃)မြိုင်ကလေးထီးလုံးတပ်တွင် ၀င်ရောက်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် တပ်မတော်တွင်း မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးအရ ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမပြုလိုပါသဖြင့် ပြစ်ဒဏ်
(၁)နှစ်ထောင်ကျခံ၍ တပ်မှထွက်ခဲ့ပါသည်။ ကျွန်တော်၏နေရပ်တွင် မိရိုးဖလာ တောခုတ်၊ ငါးရှာ၊ ကြုံရာကျဘမ်းလုပ်ကိုင်စားသောက်ခဲ့ပါသည်။ ၂၀၀၀-ခုနှစ်တွင် အုတ်ဖိုရွာတွင်အိမ်ထောင်ကျပြီးနေထိုင်ခဲ့ပါသည်။ လွန်ခဲ့သည်နှစ် ၂၀၁၂- (၈)လပိုင်းခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အမှတ်(၉၅၃)ပင်မခဲယမ်း
မီးကျောက်တပ်ရင်းရှိ ဗိုလ်ကြီးဝေဖြိုးအောင်ဆိုသူသည် ယခင်ဘားမားရှူး(စစ်ဖိနပ်စက်ရုံ)မှ သိမ်းဆည်းထားသောမြေအား သူကိုတာဝန်ပေးထားတယ်၊ သူတာဝန်ခံဟုပြော၍လာရောက်ခါ ကျွန်တော်တို့ရွာသားများအားလုံးကို ကားပေါ်သို့တင်၍ မောင်းထုတ်ခဲ့ပါသည်။ ၄င်းကိစ္စအား သက်
ဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ်ထံသို့ ရွာသား(၆၇)ဦးခန့်လက်မှတ်ထိုး၍ တိုင်တန်းခဲ့ပါသည်။ ၄င်းကိစ္စအား မကျေနပ်၍ ဗိုလ်ကြီးဝေဖြိုးအောင်မှ တပည့်လက်သားများဖြင့် မူးရစ်လာပြီး ကျွန်တော့်အားလာရောက်ဖမ်းဆီးပါသည်။ ကျွန်တော်မှကြောက်လန့်ထွက်ပြေးခဲ့ရသည်မှာ ယနေ့တိုင်
ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့်မှန်းမသိပြေးနေရပါသည်။ ကျွန်တော့အား မတွေ့သောအခါ ကျွန်တော်၏အမျိုးသမီးမှာ ကရင်တိုင်းရင်းသူဖြစ်၍ စာပေမတတ် မသိနားမလည်သူကိုဗိုလ်ကြီးဝေဖြိုးအောင်နှင့်စစ်သားများရောက်လာပြီး နင့်လင်မရှိရင် နင့်ကိုဖမ်းမယ်ဟုပြောပြီး မကြား
ဝံ့မနာသာ ဆဲဆိုခဲ့ပါသည်။ အဆိုပါကိစ္စအား ကျွန်တော့အမျိုးသမီးမှ ၄င်းတပ်ရင်းမှူးများအား ထပ်မံတိုင်ကြားခဲ့ပါသည်။ ၄င်းကိစ္စကို စစ်ခုံရုံးဖွဲ့ပြီး ၄င်းတပ်ရင်းထဲမှာပင် ခေါ်ယူစစ်ဆေးသော်လည်း ယနေ့အချိန်ထိ အရေးယူခြင်းတစ်စုံတစ်ရာမရှိပါ။ ယခုကျွန်တော်မောင်မောင်တာအား ရဲစခန်း
နှင့် ဗိုလ်ကြီးဝေဖြိုးအောင်အဖွဲ့မှ လိုက်လံဖမ်းဆီးနေပါသည်။ ရဲစခန်းသို့ နီးစပ်သူများနှင့်မေးမြန်းကြည့်ရာ လှည်းကူးရဲစခန်းမှ (၁)တပ်ပြေးမှုဖြစ်ကြောင်းနှင့် (၂)ဗိုလ်ကြီးဝေဖြိုးအောင်မှ သူ့အား လီဆယ်တိုင်တန်းသဖြင့် တရားရုံးသို့တိုင်ကြားပြီး တရားရုံးမှ ကျင့်(၂၀၂)ဖြင့် ခေါ်ယူမေး
မြန်းစစ်ဆေးချက်ယူရန်ဖြစ်ကြောင်း (၂.၂.၂၀၁၃)ရက်နေ့တွင်မှ ကျွန်တော်သိရ၍ ရဲစခန်းသို့ ကျွန်တော်၏ တပ်ထွက်အပြစ်ကျခံပြီးထွက်လက်မှတ်ပို့ခဲ့ရပါသည်။
    ကျွန်တော်ကဲ့သို့ မသိနားမလည် အပြစ်တစ်စုံတစ်ရာမရှိပဲနဲ့ သားသမီးနှင့်မိသားစုများအား ပစ်ထားပြီး ဗိုလ်ကြီးဆိုသောရာထူးအာဏာဖြင့် ရဲများပါ လိုက်လံဖမ်းဆီးခြင်းခံရသောကြောင့် ထွက်ပြေးနေရသဖြင့် မိသားစုမှာငတ်မွတ်ပြီး ဒုက္ခတွေပင်လယ်ဝေနေရပါပြီ ကျောင်းသား
ကျောင်းထုတ်ရပါသည်။
ဖမ်းဆီးခြင်း၊ ကြိမ်းမောင်းခြင်း၊ ရွာသို့လုံးဝပြန်မလာရဲဘဲ မိသားစုငတ်ပြတ်မှုများကြုံတွေ့နေပါသဖြင့် အရေးယူပေးနိုင်ရန် သတင်းမီဒီယာမှတစ်ဆင့်တင်ပြတိုင်ကြားအပ်ပါသည်ခင်ဗျာ.....။
                                                                                    ဦးမောင်မောင်တာ
                                                                                       မှတ်ပုံတင်အမှတ်PGU -172511
                                                                                    စာပူးတောင်၊ အုတ်ဖိုရွာ၊ လှည်းကူးမြို့
No comments:
Post a Comment