Sunday, January 27, 2013

စစ်သည်မိသားစုဝင်တစ်ဦး၏ ရင်ဖွင့်သံ

ကျွန်မသည် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)အတွင်းရှိ ခ.လ.ရ တပ်ရင်းတစ်ရင်းမှ စစ်သည်မိသားစုဝင်တစ်ဦး  ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ တိုင်းဒေသကြီးအသီးသီးရှိ တပ်ရင်းများမှ စစ်သည်တော်များကို နယ်စပ်ဒေသရှိတပ်ရင်းများသို့ ပြောင်းရွေ့တာဝန်ဆောင်းစေခဲ့သည့်အတွက် စစ်သည်မိသားစုဝင်များမှာ များစွာမှ အတိဒုက္ခရောက်နေရသည်ကို  အောက်ပါအတိုင်းတင်ပြအပ်ပါသည်။

တပ်မတော်မှ စစ်သည်တော်များကို ယခုပေးထားသော ရာထူးများသည် အချောင်ရခဲ့ခြင်းမဟုတ် ငရွယ်စဉ် လုပ်နိုင်ကိုင်နိုင်သော အချိန်က “စစ်တိုက်ရန်မရှိ လေ့ကျင့်ရန်၊ လေ့ကျင့်ရန်မရှိက၊ ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ရန်” ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုပြီး ယခုအသက်(၄၀)ကျော်(၅၀)  နားရောက်၊ မိးစာကုန်ဆီခမ်းတဲ့အရွယ်ရောက်မှ ဖွဲစည်းပုံကျော်လိုဆိုပြီး မိသားစုများ၏ ဘ၀အားနယ်ရုပ်တစ်ရုပ် ကဲ့သို့ သဘောထားပြီး တပ်တွေပြောင်းရွေ့ခိုင်းခြင်ဟာ မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအ  ညွန့်များအား ချိုးနှိမ်ပြီး ပျက်စီးရာ၊ ပျက်စီးကြောင်းကြံရွယ်သည့် သဘောသက်ရောက်နေပါသည်။ တပ်မတော် သားတစ်ဦးတည်းကိုသာ လစာနှင့်ရိက္ခာပေး ကျန်မိသားစုများကို ထောက်ပံ့ပေးခဲ့ခြင်းမရှိပါ။

ယခုလို မိသားစုအားတကွဲတပြားစီဖြိုခွဲပြီး ပြောင်းရွေ့မဲအစား ဖွဲ့စည်းပုံပိုနေမယ်ဆိုရင် ခံစားခွင့်မဲ့ဖြင့် ထွက်ခွင့် ပေးပါရန်၊ တပ်မပြောင်းဘဲနှင့် မိသားစုများသည် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေ  သောဘ၀အခြေအနေတွင် ယခုလိုလုပ်ပါက စစ်သည်မိသားစုအားလုံး၏ဘ၀များကို စက်ထဲထဲ့ကြီတ်သလိုဖြစ် နေပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်ထံမှ ကြေးနန်း ရသည့်အချိန်မှစပြီး စစ်သည်မိသားစုများအားလုံးငိုယိုခဲ့ကြရပါသည်။ သား/သမီးများမှာလည်း စာမေးပွဲနီးနေ သည့်အချိန်တွင် စိတ်ဓာတ်ကျပြီး စာမလုပ်ကြတော့ပဲ စီတ်လေလွင့်ပြီး အိမ်မှတချို့ထွက်သွားကြ၍ လူမမယ်ခ လေးများ၏ ကံကြမ္မာအနာဂတ်ကို ပူပင်မိပါသည်။
စစ်သည်မိသားစုဝင်းများ၏ အဓီကတင်ပြလိုသည့်အချက်များ
(၁) နှစ်ပေါင်းများစွာကြိုးစားပြီး မိသားစုဘ၀ရပ်တည်နိုင်အောင် ခက်ခက်ခဲခဲရှာဖွေထားရသည့် စီးပွားရေုးလုပ် ငန်းများအားလုံးပျက်စီးဆုံးရှုံးစေခြင်း။
(၂) အသက်(၄၀)ကျော်(၅၀)နားရောက်ပြီး မီးစာကုန်ဆီခမ်းတဲ့အရွယ် ကိုယ်ပိုင်အိုးအိမ်မရှိအခြေမဲ့အနေမဲ့တဲ့ ဘ၀နဲ့မို့ သုညကနေပြန်စရမယ်ဆိုလျှင် သေသွားတာကမှကောင်းမည်ထင်ပါသည်။
(၃) စာမေးပွဲဖြေရန် အချိန်နီးနေသည့်အချိန် သား/သမီးများ စိတ်လေပြီး လမ်းဘေးရောက်ရသည့် ဒုက္ခနှင့် ကျောင်းပြောင်းတာလွယ်ပေမယ့် ကျောင်းကိုဝေးလို့ တောထဲကနေ မြို့ထဲကို ကားနှင့်သွားရမည့် အန္တရာယ်။
(၄) တပ်မပြောင်းပဲနှင့် လက်ရှိတပ်ရင်းတွင် တာဝန်ပြန်လည်ထမ်းဆောင်ရန်။
(၅) တပ်မြောင်းမည်ဆိုလျှင် မပြောင်းဘဲနှင့် ထွက်ခွင့်ရရှိရန်။
(၆) လက်ရှိအလုပ်လုပ်နေသော သားသမီးများ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအဆင်မပြေဖြစ်ရပါသည်။
တိုင်ဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်နေရသော စစ်သည်မိသားစုများ၏ ဒုက္ခများဆင်းရဲများကို ဘယ်လိုရှေ့ဆက်လုပ်ကိုင်ရမည်ကို ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတကြီးနှင့်တကွ လွတ်တော်မှ လူကြီးမင်းများအား အသိပေးတင်ပြအပ်ပါသည်။
                                                                             
 ပဲခူးတိုင်းဒေသကြီးမှ စစ်သည်မိသားစုဝင်တစ်ဦး

No comments:

Post a Comment